iMyanmarHouse.com - Best Property Website for Myanmar
×

လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ ေဆးေသာက္ပါဟု ေဆးအညႊန္းမ်ားမွာ ပါတတ္သည္။ ထိုအညႊန္းကို လူေတြ မည္သို႔အဓိပၸာယ္ဖြင့္ေၾကာင္း သိႏုိင္ေအာင္ ေကာ္နဲတကၠသိုလ္ သုေတသီမ်ားက ေလ့လာခဲ့သည္။ စစ္တမ္းပါ၀င္သူ (၁၉၅) ေယာက္ကို လက္ဖက္ရည္ဇြန္း တစ္ဇြန္း ေဆးေသာက္ပါဟု ခိုင္းကာ ေစာင့္ၾကည့္သည္။

          ထိုအခါ မီးဖိုခန္းထဲရွိ လက္ဖက္ရည္ဇြန္းနဲ႔ ထည့္ေသာက္ၾကရာ အခ်ဳိ႕ဇြန္းေတြက ေသးလြန္းသျဖင့္ ညႊန္းသည့္ ပမာဏထက္ ရွစ္ရာခိုင္ႏႈန္းေလာက္ ေဆးရည္နည္းသြားသည္ကိုေတြ႕ရၿပီး၊ အခ်ဳိ႕ဇြန္းမ်ားမူကား ႀကီးလြန္းသျဖင့္ ညႊန္းသည့္ ပမာဏထက္ (၁၂) ရာခိုင္ႏႈန္းေလာက္ ေဆးရည္ ပိုမ်ားသြားတတ္ျပန္ေၾကာင္း ေတြ႕ရွိခဲ႔ရသည္။

         ထိုသို႔ ေဆးေသာက္တိုင္း ပမာဏ မွားယြင္းေသာက္မိတာမ်ဳိး ျဖစ္ပြားေနပါက ၾကာလာေလ ေဆးယဥ္ျခင္း၊ ေဆးလြန္ျခင္းမ်ား ျဖစ္ပြားႏိုင္ေျခ မ်ားလာေလဟု သုေတသီတို႔က သတိေပးသည္။ ေဆးရည္ဗူးတြင္ပါေသာ စံသတ္မွတ္ေပးထားသည့္ ဇြန္းမ်ဳိးကို သံုးသင့္ေၾကာင္း သုေတသီတို႔က အႀကံျပဳသည္။ ဇြန္းမပါေသာ ေဆးရည္မ်ဳိးျဖစ္ပါက ကၽြမ္းက်င္ဆရာ၀န္ထံ ျပသကာ မည္သည့္ ဇြန္းပမာဏျဖင့္ ေသာက္သင့္ေၾကာင္း အႀကံၪာဏ္ ေတာင္းခံရမည္။


Credit:Messenger

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ဆေးသောက်ပါဟု ဆေးအညွှန်းများမှာ ပါတတ်သည်။ ထိုအညွှန်းကို လူတွေ မည်သို့အဓိပ္ပာယ်ဖွင့်ကြောင်း သိနိုင်အောင် ကော်နဲတက္ကသိုလ် သုတေသီများက လေ့လာခဲ့သည်။ စစ်တမ်းပါဝင်သူ (၁၉၅) ယောက်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆေးသောက်ပါဟု ခိုင်းကာ စောင့်ကြည့်သည်။

          ထိုအခါ မီးဖိုခန်းထဲရှိ လက်ဖက်ရည်ဇွန်းနဲ့ ထည့်သောက်ကြရာ အချို့ဇွန်းတွေက သေးလွန်းသဖြင့် ညွှန်းသည့် ပမာဏထက် ရှစ်ရာခိုင်နှုန်းလောက် ဆေးရည်နည်းသွားသည်ကိုတွေ့ရပြီး၊ အချို့ဇွန်းများမူကား ကြီးလွန်းသဖြင့် ညွှန်းသည့် ပမာဏထက် (၁၂) ရာခိုင်နှုန်းလောက် ဆေးရည် ပိုများသွားတတ်ပြန်ကြောင်း တွေ့ရှိခဲ့ရသည်။

         ထိုသို့ ဆေးသောက်တိုင်း ပမာဏ မှားယွင်းသောက်မိတာမျိုး ဖြစ်ပွားနေပါက ကြာလာလေ ဆေးယဉ်ခြင်း၊ ဆေးလွန်ခြင်းများ ဖြစ်ပွားနိုင်ခြေ များလာလေဟု သုတေသီတို့က သတိပေးသည်။ ဆေးရည်ဗူးတွင်ပါသော စံသတ်မှတ်ပေးထားသည့် ဇွန်းမျိုးကို သုံးသင့်ကြောင်း သုတေသီတို့က အကြံပြုသည်။ ဇွန်းမပါသော ဆေးရည်မျိုးဖြစ်ပါက ကျွမ်းကျင်ဆရာဝန်ထံ ပြသကာ မည်သည့် ဇွန်းပမာဏဖြင့် သောက်သင့်ကြောင်း အကြံဉာဏ် တောင်းခံရမည်။


Credit:Messenger


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top