iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတုအေျပာင္းအလဲနဲ႔ ဘတ္တီးရီးယားပိုးေတြ ၊ ကူးစက္တတ္တဲ့ ဗိုင္းရပ္ပိုးေတြေၾကာင့္ လူေတြဟာ မၾကာခဏ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္းမ်ား ျဖစ္တတ္ၾကပါတယ္။

လည္ေခ်ာင္းနာျခင္းျဖစ္လာၿပီဆိုရင္ေတာ့ အိမ္မွာရွိေနတဲ့ မီးဖိုေခ်ာင္သံုးပစၥည္းေလးေတြနဲ႔ သဘာဝအတိုင္းေပ်ာက္ကင္းေအာင္ ျပဳလုပ္ႏုိင္ပါတယ္။

၁။ ေရွာက္သီး သို့မဟုတ္ သံပရာသီးကို ပါးပါးလွီးၿပီး ေရေႏြးၾကမ္း (လက္ဖက္ရည္)ခြက္ထဲ စိမ္ထားျပီး ေသာက္ေပးပါ။ ပ်ားရည္အနည္းငယ္ ထည့္ေသာက္ရင္ေတာ့ ကုိယ္ခံစြမ္းအားကိုေတာင္ ပိုတိုးတက္ေစႏုိင္တယ္လို႔ သိရပါတယ္။

၂။ လက္ဖက္ရည္(ေရေႏြးၾကမ္း) ခြက္ထဲကို ဂ်င္း လက္မ၀က္ခန့္ ထည့္စိမ္ထားျပီး ေသာက္ေပးႏိုင္ပါတယ္။

၃။ ေရေႏြးခြက္ထဲကို ဆားအနည္းငယ္ သို့မဟုတ္ နႏြးအနည္းငယ္ထည့္၍ ပလုတ္က်င္းေပးရင္လည္း လည္ေခ်ာင္းနာ သက္သာေစမွာပါ။

၄။ ပင္စိမ္းရြက္ကို က်ိတ္ျပီး ျပဳတ္ေသာက္တာ ၊ ပလုတ္က်င္းေပးတာေတြကလည္း လည္ေခ်ာင္းနာတာကို သက္သာေစပါတယ္။

၅။ ၾကက္စြပ္ျပဳတ္ ပူပူေလးကို ေသာက္ေပးပါ။ ၾကက္စြပ္ျပဳတ္ဟာ အာဟာရဓါတ္ျပည့္ဝတဲ့အတြက္ လည္ေခ်ာင္းနာျခင္းကို ေပ်ာက္ကင္းေစရံု
မက ခုခံအားေကာင္းေစ၍ အျခားေရာဂါမ်ားကိုပါ ကာကြယ္ေပးႏုိင္တယ္လို႔ သိရပါတယ္။

Credit : thithtoolwin

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရာသီဥတုအပြောင်းအလဲနဲ့ ဘတ်တီးရီးယားပိုးတွေ ၊ ကူးစက်တတ်တဲ့ ဗိုင်းရပ်ပိုးတွေကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။

လည်ချောင်းနာခြင်းဖြစ်လာပြီဆိုရင်တော့ အိမ်မှာရှိနေတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ သဘာဝအတိုင်းပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။

၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီးပြီး ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ရင်တော့ ကိုယ်ခံစွမ်းအားကိုတောင် ပိုတိုးတက်စေနိုင်တယ်လို့ သိရပါတယ်။

၂။ လက်ဖက်ရည်(ရေနွေးကြမ်း) ခွက်ထဲကို ဂျင်း လက်မဝက်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။

၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးရင်လည်း လည်ချောင်းနာ သက်သာစေမှာပါ။

၄။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်တာ ၊ ပလုတ်ကျင်းပေးတာတွေကလည်း လည်ချောင်းနာတာကို သက်သာစေပါတယ်။

၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။ ကြက်စွပ်ပြုတ်ဟာ အာဟာရဓါတ်ပြည့်ဝတဲ့အတွက် လည်ချောင်းနာခြင်းကို ပျောက်ကင်းစေရုံ
မက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

Credit : thithtoolwin



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top