iMyanmarHouse.com - Best Property Website for Myanmar
×
Unicode Version
ရယ်မောခြင်းဆိုတာ ပိုက်ဆံကုန်ကျစရာမလိုတဲ့ အသက်ရှည်ဆေးတစ် လက်ပါပဲ။ ရယ်မောခြင်းကြောင့် ကျန်းမာပျော်ရွှင်ရလို့ အသက်ရှည်စွာ နေထိုင်နိုင်ပါတယ်။ စိတ်လိုလက်ရ ရယ်မောလိုက်ခြင်းကနေ ဘဝအ မောတွေတစ်ခဏတာ ပြေပျောက်သွားပြီး မိမိခန္ဓာကိုယ်ကျန်းမာဖို့ အတွက်လည်း ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေကို ပေးစွမ်း နိုင်ပါတယ်။ ဒါ့ကြောင့်မို့ ဘာမှရင်းနှီးအားထုတ်စရာမလိုပဲ အပြုံးအရယ် လေးတစ်ချက်နဲ့ မိမိကိုယ်တိုင်အတွက် ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းကောင်း အကျိုးကျေးဇူးလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
 ၁။ အသက်ရှည်ရှည်နေထိုင်နိုင်ပါတယ်။
 ရယ်မောခြင်းနဲ့ပတ်သက်ပြီး တော့ရရှိလာမယ့်အကျိုးကျေးဇူးတွေအကြောင်း လေ့လာရှာဖွေ
 တွေ့ရှိမှုတွေအရ အသက် ၆၅ နှစ်ကနေ ၈၅ နှစ်အတွင်း အသက် ကြီး လူတွေမှာဆိုရင် ရယ်မောပျော်ရွှင်ခြင်းနဲ့ပြုံးပျော်ခြင်းတွေအမြဲလိုလိုရှိနေတဲ့လူတွေကသာမန်အရယ်အပြုံးမရှိသူတွေထက် ၅၅ ရာခိုင် နှုန်းပိုပြီး အသက်ရှည်နေထိုင်နိုင်ကြပါတယ်။
၂။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ အသံကျယ်ကြီးနဲ့စိတ်လှုပ်ရှားပျော်ရွှင်စွာရယ်မောလိုက်ခြင်းကခန္ဓာကိုယ်လှုပ်ရှားမှုကို မြန်ဆန်စေပြီးတော့
ကိုယ်တွင်းကလှုပ်ရှားမှုအချို့ကိုလည်းလှုံ့ ဆော်ပေးနိုင်ပါတယ်။လှုပ်ရှားမှုတွေအမြဲလိုဖြစ်ပေါ်နေခြင်းက
ကိုယ်ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေ၊ ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်းတွေ ကောင်းမွန်စေနိုင်ပါတယ်။
၃။ နာကျင်မှုတွေကို ပြေပျောက်စေနိုင်ပါတယ်။
ရယ်မောပျော်ရွှင်ခြင်းကစိတ်ပိုင်းဆိုင်ရာနာကျင်ခံစားရခြင်းအပြင်ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နာကျင်ခြင်းတွေ
ကို ခံစားရသက်သာစေနိုင်ပါတယ်။ ဦး နှောက်မှတ်ဉာဏ်ကနေ ရယ်မောခြင်းစနစ်ကိုအာရုံလွှဲပြောင်း
သွားတတ်တာကြောင့်နာကျင်မှုတွေကို မေ့ပျောက်သွားစေနိုင်ပါတယ်။
၄။ စိတ်ခံစားမှုတွေကိုလျှော့ချစေနိုင်ပါတယ်။
စိတ်ဓာတ်ကျတာ တွေ၊စိတ်မပျော်ရွှင်တာတွေကို၊စိတ်ဖိစီး၊စိတ်ရှုပ်ထွေးမှုတွေကို ပြေပျောက်ပေးနိုင်
ပါတယ်။ အူလှိုက်သည်းလှိုက် ရယ်မောရတဲ့အချိန် ၁၀ မိနစ်စာလောက် ဖြစ်ပေါ်စေခဲ့မယ်ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှု၊ စိတ်မသက်သာမှုတွေကို လျှော့ချသွားစေနိုင်ပါတယ်။
၅။ ရယ်မောခြင်းက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေဖို့ အကျိုးထိ ရောက်ဆုံး အရာဖြစ်ပါတယ်။ ရယ်ပြုံးနေတတ်တဲ့သူဆိုရင် ပတ်ဝန်း ကျင်မှာပိုပြီးတော့ လူချစ်ခင်ခံရတတ်ပါတယ်။ အမြဲတမ်းအပြုံးကို ရှေ့ထားပြီး နေထိုင်ဆက်ဆံခြင်းက လူတစ်ဖက်သားတွေကိုလည်း စိတ်ချမ်းသာရစေနိုင်ပါတယ်။ မျက်နှာတည်နဲ့ မျက်နှာတင်းနေတဲ့ သူတွေထက်စာရင် အရယ်အပြုံးလေးနဲ့ နေထိုင်တဲ့သူကို ပိုပြီးတော့ ခင်မင်ရင်းနှီးဖော်ရွေချင်တတ်ကြပါတယ်။ ဒါ့ကြောင့်မို့လို့ ပေါင်း သင်းဆက်ဆံရေးမှာ ရယ်မောခြင်းက ကောင်းကျိုးတွေကို ဖြစ်ပေါ် စေနိုင်ပါတယ်။
၆။ ရယ်မောပျော်ရွှင်ခြင်းကနေ လုပ်ငန်းဆိုင်ရာ၊ အလုပ်ခွင်အလုပ်အ ကိုင်တွေကိုလည်း ပိုမိုပြီး မြောက်အောင်မြင်စေနိုင်ပါတယ်။အခက်အခဲတွေနဲ့စိန်ခေါ်မှုတွေကို ကြောက်ရွံ့ပြီး ငေးငိုင်နေမယ့်
အစား အရီအပြုံးလေးနဲ့ သတ္တိရှိရှိ ရင်ဆိုင်ကြိုးစားလိုက်မယ်ဆိုရင် အောင် မြင်မှုမရရှိခဲ့ဘူးဆိုရင်တောင် စိတ်ကြည်လင်ပြီး စိတ်သက်သာရစေ နိုင်ပါတယ်။
၇။ ကိုယ်အလေးချိန်ကို လျှော့ချစေနိုင်ပါတယ်။
 ရယ်မောပြုံးပျော်ခြင်း က ရုပ်ပိုင်းဆိုင်ရာအတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါ တယ်။ ရယ်မောခြင်းက အသံကိုပျော်ရွှင်စေရုံသာမက ခန္ဓာကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှုတွေကို
 ဖြစ်ပေါ်စေပါတယ်။ နှလုံးလုပ် ဆောင်မှုကို မြန်ဆန်စေပြီးတော့ သွေးလည်ပတ်မှုကိုအားကောင်း
 စေပါတယ်။ မိနစ်၂၀ လောက် ရယ်မောလိုက်ခြင်းကနေ သင့်ခန္ဓာကိုယ် တွင်းက အဆီတွေနဲ့ ကယ်လိုရီတွေကို ကောင်းကောင်းလောင် ကျွမ်းစေနိုင်ပြီးတော့ ကိုယ်အလေးချိန်ကို
 လျှော့ချစေနိုင်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top