iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္ၾကီးထဲမွာ ဘယ္ေနရာပဲ ၾကည့္ၾကည့္ တစ္ဦးခ်င္း လုပ္ေဆာင္ရတာထက္ အေပါင္း အစုအဖြဲ႔နဲ႔ လုပ္ေဆာင္ရတာမ်ိဳးဟာ အင္မတန္ အေရးပါျပီး တကယ္လည္း အလုပ္ျဖစ္ေနတဲ့ နည္းလမ္း ျဖစ္ပါတယ္။

ဒါေပမယ့္ တစ္ဘုိ႔ထဲ ၾကည့္တတ္သူမ်ားလည္း ပတ္ဝန္းက်င္မွာ ရွိေနဆဲပါပဲ။ သူတို႔ဟာ ဘယ္လိုလူေတြလဲ….။

င့ါ အဆင္ေျပရင္ ျပီးေရာ၊ င့ါလက္က လြတ္ ျဗြတ္ ဆုိတဲ့ သူမ်ိဳးေတြ ျဖစ္ပါတယ္။ မိမိဟာ ဘဝမွာ ေအာင္ျမင္ခ်င္တယ္၊ ထိပ္ဆံုးေနရာကို ေရာက္ခ်င္တယ္ဆုိရင္ အစအဆံုး သိရ၊ ၾကည့္ရ၊ နားလည္တတ္ရပါမယ္။ ကားထုတ္တဲ့ စက္ရုပ္တစ္ခုမွာ မိမိကုိ ကား ေအာ္ဒီယို (အသံစနစ္) ကို စစ္ေဆးရတဲ့ အပိုင္းပဲ တာဝန္ေပးထားလို႔ ေရာက္လာသမွ်ကားကို ေအာ္ဒီယိုပဲ စစ္ေပးတယ္။ ဘီးေပါက္ေနလဲ ငါနဲ႔မဆိုင္ ဆုိျပီးေတာ့ ပစ္ထားလည္း ရပါတယ္။ ဒါေပမယ့္ သင္ပစ္ထားမွာလား။ ေနာက္ဆံုး ရလဒ္ကေတာ့ ကားဟာ ေစ်းကြက္ ေရာက္တဲ့အခါ ဘီးမေကာင္းတာေၾကာင့္ ျပန္လည္ သိမ္းဆည္းရတဲ့ အျဖစ္မ်ိဳး ျဖစ္တတ္ပါတယ္။ တကယ္လည္း ကားထုတ္လုပ္ေရးေတြမွာ အျဖစ္မ်ားပါတယ္။ ဘာေၾကာင့္လဲဆုိ ကားထုတ္လုပ္တဲ့ Process ဟာ အေတာ္ေလး ရွည္လို႔ ျဖစ္ပါတယ္။ ကားအတြက္ ေဘာ္ဒီ ဖရိန္ သံအရည္ၾကိဳတာကေနစလို႔ ကားမီးလံုးထဲ ဝါယာၾကိဳးေခြထည့္တာအထိ အေတာ္ေလး အေသးစိတ္ပါတယ္။ ဒါေၾကာင့္ပဲ ကားကုမၸဏီေတြဟာ ကားေတြကို ျပန္ျပီးေတာ့ Recall ေတြ ေခၚေနရတာကို ျမင္ရပါလိမ့္မယ္။ ဒီလိုပဲ စမတ္ဖုန္း အခ်ိဳ႕ဟာလည္း ဘယ္အပိုင္း အားနည္းလို႔ ဘာအပိုင္းအားနည္းလို႔ ဆုိျပီးေတာ့ ျပန္လည္သိမ္းရ ပါတယ္။ ဒါေတြဟာ ဥပမာ အနည္းငယ္ပဲ ရွိပါ ေသးတယ္။

မိမိဟာ ကုမၸဏီတစ္ခုမွာ ဌာန တစ္ခုမွာ လုပ္တယ္ပဲ ထားပါေတာ့တယ္။ HR ပဲ ျဖစ္ျဖစ္၊ Accounting ပဲ ျဖစ္ျဖစ္၊ Marketing ပဲ ျဖစ္ျဖစ္၊ Sale ပဲ ျဖစ္ျဖစ္ေပါ့။ ကဲ ဒီလ ေရာင္းအားတက္ဖို႔အတြက္ Marketing ေတြ အရမ္းလုပ္မယ္ေဟ့ဆုိျပီးေတာ့ လုပ္လိုက္မယ္။ ေရာင္းခ်င္တဲ့ ပစၥည္းက ဆိုင္တိုင္းရဖို႔အတြက္ ျဖန္႔ျဖဴးေရာင္းခ်ေရးအပိုင္း ကို ေကာင္းေအာင္ မလုပ္ႏိုင္ဘူး။ ဘယ္ဆိုင္ေမးေမး မရွိဘူးဆုိရင္ ဘာထူးလဲ။ Sale လည္း ေကာင္းျပီး Marketing လည္း ေကာင္းျပီ။ ကုန္ပစၥည္းထုတ္ကတည္းက ထုတ္လုပ္ေရး (production)  မွာ အမွားအယြင္း (Error)  ျဖစ္တယ္ဆုိရင္ ဘယ္လိုလုပ္မလဲ။

ဘယ္အလုပ္ကို မဆို ငါ့လက္ကလြတ္ ျဗြတ္ လုပ္လိုက္ရင္ ဆုိးက်ိဳးပဲ ျဖစ္ပါလိမ့္မယ္။ အစုအဖြဲ႕နဲ႕ လုပ္ေဆာင္တတ္တဲ့ စိတ္ ၊ Team Working ဆိုတဲ့ စိတ္ဟာ င့ါ Marketing အဖြဲ႔၊ ငါ့ HR အဖြဲ႔၊ ငါ့ Finance အဖြဲ႔ဆုိျပီးေတာ ့အဖြဲ႔ေလးေတြဖြဲ႔ဖို႔မဟုတ္ပါဘူး။ ဒါငါတို႔ ကုမၸဏီ၊ ဒါငါတို႔ စုေပါင္းလုပ္ေဆာင္ခ်က္ အစရွိသျဖင့္ ျမင္္တတ္ရပါမယ္။ ကုမၸဏီေအာင္ျမင္မွုဟာ မိမိ ေအာင္ျမင္မွု၊ ကုမၸဏီက်ရွံုးမွုဟာ မိမိက်ရွံုးမွုပဲ ျဖစ္ပါတယ္။ ဒီေတာ့ ေထာင္ဂဏန္းရွိေနတဲ့ ကုမၸဏီျဖစ္ေနရင္ေကာ Team work ဘယ္လိုလုပ္မလဲလို႔ ေမးၾကတယ္။ အေကာင္းဆံုးကေတာ့ ကိုယ့္တာဝန္ ကိုယ္ေက်ျပီး မိမိနဲ႔ ဆက္စပ္ျပီး လုပ္ေနရတဲ့ လူတိုင္းအတြက္လည္း အေကာင္းဆံုး ဝန္ေဆာင္ေပး လုပ္ေဆာင္ေပးတတ္ဖို႔ ျဖစ္ပါတယ္။ မိမိရဲ႕ တာဝန္လည္း ေက်မယ္။ မိမိနဲ႔ ဆက္စပ္လုပ္ရတဲ့ သူေတြကိုလည္း စိတ္ခ်မ္းသာ အဆင္ေျပေအာင္ လုပ္ေပးႏို္င္တယ္ဆုိရင္ Team work ေကာင္းတယ္လို႔ အေျခခံအားျဖင့္ ဆုိရပါမယ္။ ငါ့တာဝန္ငါျပီးျပီ နင္ဘယ္ ဌာနသြားျပီး ဘာလုပ္ရမယ္ဆုိတာ ကိုယ့္ကိုယ္ကို စံုစမ္းလို႔ ေျပာသင့္တယ္လို႔ ထင္ပါသလား။ မသိဘူးမရွိဘူးလို႔ ေျပာလိုက္တာထက္၊ ကြ်န္ေတာ္၊ ကြ်န္မ မသိဘူး။ ဒါေပမယ့္ ဒီလူ၊ ဒီလူေတြေတာ့ သိႏိုင္ပါတယ္။ သူတို႔ကို ေမးၾကည့္ပါေနာ္ စသည္ျဖင့္ေပါ့။

မွန္တာေျပာ ရြာျပင္ထုတ္ခံရဆုိတဲ့ ျမန္မာ့ဆုိရိုးလည္း ရွိပါတယ္။ ဟုတ္ပါတယ္။ အဂၤလိပ္စကားမွာ Could you please help us doing this or those ဆုိတာမ်ိဳးေတြ ေျပာရင္ အဆင္ေျပတယ္။ May be you should contact him for this လည္း ရတယ္။ အဂၤလိပ္စကားကို ယဥ္ေက်းဖုိ႔အတြက္ please, may be, should ေတြကို သံုးရေပမယ့္ ျမန္မာစကားမွာေတာ့ အဲ့လို ႏြဲ႔ႏြဲ႔လ်လ်သိပ္မရွိပါဘူး။ ေက်းဇူးျပဳျပီး ဒါေလးတစ္ခ်က္ လုပ္ေပးပါလား ဆုိတာမ်ိဳးေျပာရင္ေတာင္ မင္းငါ့ကို မခင္ဘူးလားဆုိျပီးေတာ့ ျဖစ္တတ္ ပါတယ္။ ဒီေတာ့ ျမန္မာစကားနဲ႔ မိမိရဲ႕ ေျပာဆုိမႈဟာ တစ္ဖက္သား စိတ္ခ်မ္းသာ အဆင္ေျပဖို႔အတြက္ဆိုရင္ မ်က္ႏွာက အျပံဳးေဆာင္၊ အသံကို မာေနေအာင္မထားပဲ ေပ်ာ့ေျပာင္းဖို႔ လိုအပ္ပါတယ္။

ဒါေတြေျပာလို႔ ပုိတယ္မထင္ပါနဲ႔။ အသံခပ္မာမာနဲ႔ အဆက္ဆံခံရျပီး မ်က္ႏွာၾကီး စူပုတ္ေနတဲ့ လူေတြနဲ႔ စကားေျပာရတဲ့အခါ မိမိ ဘယ္လိုခံစား ရတယ္ဆုိတာ မိမိ အသိဆံုးပါ။ ဒီေတာ့ ျမန္မာလူမ်ိဳးအခ်င္းခ်င္း Team Work ေကာင္းဖို႔အတြက္ ဆက္ဆံေရးေကာင္းဖို႔ အရင္စပါတယ္။ ဘာေၾကာင့္လဲဆုိ ဒီ ဆက္ဆံေရးအေပၚမွာပဲ မူတည္လို႔ လူတစ္ဦးနဲ႔တစ္ဦး အထင္မွားမွုေတြ ျဖစ္ျပီး သူတစ္ဖြဲ႔ ကိုယ္တစ္ဖြဲ႔ေတြ ကြဲတာဟာ အမ်ားစု ျဖစ္ရပ္ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ျမန္မာလူမ်ိဳးမ်ား Team work ေကာင္းေကာင္း လုပ္ေဆာင္ျပီး လုပ္ငန္းျဖစ္စဥ္ႀကီး တစ္ခုလံုးအတြက္ ၾကည့္ရႈ လုပ္ေဆာင္တတ္ဖို႔ ေစတနာျဖင့္ ေရးသား မွ်ေဝေပးလိုက္ရ ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Yoyarlay

#Unicode Version
ယနေ့ခေတ်ကြီးထဲမှာ ဘယ်နေရာပဲ ကြည့်ကြည့် တစ်ဦးချင်း လုပ်ဆောင်ရတာထက် အပေါင်း အစုအဖွဲ့နဲ့ လုပ်ဆောင်ရတာမျိုးဟာ အင်မတန် အရေးပါပြီး တကယ်လည်း အလုပ်ဖြစ်နေတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဘို့ထဲ ကြည့်တတ်သူများလည်း ပတ်ဝန်းကျင်မှာ ရှိနေဆဲပါပဲ။ သူတို့ဟာ ဘယ်လိုလူတွေလဲ….။

င့ါ အဆင်ပြေရင် ပြီးရော၊ င့ါလက်က လွတ် ဗြွတ် ဆိုတဲ့ သူမျိုးတွေ ဖြစ်ပါတယ်။ မိမိဟာ ဘဝမှာ အောင်မြင်ချင်တယ်၊ ထိပ်ဆုံးနေရာကို ရောက်ချင်တယ်ဆိုရင် အစအဆုံး သိရ၊ ကြည့်ရ၊ နားလည်တတ်ရပါမယ်။ ကားထုတ်တဲ့ စက်ရုပ်တစ်ခုမှာ မိမိကို ကား အော်ဒီယို (အသံစနစ်) ကို စစ်ဆေးရတဲ့ အပိုင်းပဲ တာဝန်ပေးထားလို့ ရောက်လာသမျှကားကို အော်ဒီယိုပဲ စစ်ပေးတယ်။ ဘီးပေါက်နေလဲ ငါနဲ့မဆိုင် ဆိုပြီးတော့ ပစ်ထားလည်း ရပါတယ်။ ဒါပေမယ့် သင်ပစ်ထားမှာလား။ နောက်ဆုံး ရလဒ်ကတော့ ကားဟာ ဈေးကွက် ရောက်တဲ့အခါ ဘီးမကောင်းတာကြောင့် ပြန်လည် သိမ်းဆည်းရတဲ့ အဖြစ်မျိုး ဖြစ်တတ်ပါတယ်။ တကယ်လည်း ကားထုတ်လုပ်ရေးတွေမှာ အဖြစ်များပါတယ်။ ဘာကြောင့်လဲဆို ကားထုတ်လုပ်တဲ့ Process ဟာ အတော်လေး ရှည်လို့ ဖြစ်ပါတယ်။ ကားအတွက် ဘော်ဒီ ဖရိန် သံအရည်ကြိုတာကနေစလို့ ကားမီးလုံးထဲ ဝါယာကြိုးခွေထည့်တာအထိ အတော်လေး အသေးစိတ်ပါတယ်။ ဒါကြောင့်ပဲ ကားကုမ္ပဏီတွေဟာ ကားတွေကို ပြန်ပြီးတော့ Recall တွေ ခေါ်နေရတာကို မြင်ရပါလိမ့်မယ်။ ဒီလိုပဲ စမတ်ဖုန်း အချို့ဟာလည်း ဘယ်အပိုင်း အားနည်းလို့ ဘာအပိုင်းအားနည်းလို့ ဆိုပြီးတော့ ပြန်လည်သိမ်းရ ပါတယ်။ ဒါတွေဟာ ဥပမာ အနည်းငယ်ပဲ ရှိပါ သေးတယ်။

မိမိဟာ ကုမ္ပဏီတစ်ခုမှာ ဌာန တစ်ခုမှာ လုပ်တယ်ပဲ ထားပါတော့တယ်။ HR ပဲ ဖြစ်ဖြစ်၊ Accounting ပဲ ဖြစ်ဖြစ်၊ Marketing ပဲ ဖြစ်ဖြစ်၊ Sale ပဲ ဖြစ်ဖြစ်ပေါ့။ ကဲ ဒီလ ရောင်းအားတက်ဖို့အတွက် Marketing တွေ အရမ်းလုပ်မယ်ဟေ့ဆိုပြီးတော့ လုပ်လိုက်မယ်။ ရောင်းချင်တဲ့ ပစ္စည်းက ဆိုင်တိုင်းရဖို့အတွက် ဖြန့်ဖြူးရောင်းချရေးအပိုင်း ကို ကောင်းအောင် မလုပ်နိုင်ဘူး။ ဘယ်ဆိုင်မေးမေး မရှိဘူးဆိုရင် ဘာထူးလဲ။ Sale လည်း ကောင်းပြီး Marketing လည်း ကောင်းပြီ။ ကုန်ပစ္စည်းထုတ်ကတည်းက ထုတ်လုပ်ရေး (production)  မှာ အမှားအယွင်း (Error)  ဖြစ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

ဘယ်အလုပ်ကို မဆို ငါ့လက်ကလွတ် ဗြွတ် လုပ်လိုက်ရင် ဆိုးကျိုးပဲ ဖြစ်ပါလိမ့်မယ်။ အစုအဖွဲ့နဲ့ လုပ်ဆောင်တတ်တဲ့ စိတ် ၊ Team Working ဆိုတဲ့ စိတ်ဟာ င့ါ Marketing အဖွဲ့၊ ငါ့ HR အဖွဲ့၊ ငါ့ Finance အဖွဲ့ဆိုပြီးတော့အဖွဲ့လေးတွေဖွဲ့ဖို့မဟုတ်ပါဘူး။ ဒါငါတို့ ကုမ္ပဏီ၊ ဒါငါတို့ စုပေါင်းလုပ်ဆောင်ချက် အစရှိသဖြင့် မြင်တတ်ရပါမယ်။ ကုမ္ပဏီအောင်မြင်မှုဟာ မိမိ အောင်မြင်မှု၊ ကုမ္ပဏီကျရှုံးမှုဟာ မိမိကျရှုံးမှုပဲ ဖြစ်ပါတယ်။ ဒီတော့ ထောင်ဂဏန်းရှိနေတဲ့ ကုမ္ပဏီဖြစ်နေရင်ကော Team work ဘယ်လိုလုပ်မလဲလို့ မေးကြတယ်။ အကောင်းဆုံးကတော့ ကိုယ့်တာဝန် ကိုယ်ကျေပြီး မိမိနဲ့ ဆက်စပ်ပြီး လုပ်နေရတဲ့ လူတိုင်းအတွက်လည်း အကောင်းဆုံး ဝန်ဆောင်ပေး လုပ်ဆောင်ပေးတတ်ဖို့ ဖြစ်ပါတယ်။ မိမိရဲ့ တာဝန်လည်း ကျေမယ်။ မိမိနဲ့ ဆက်စပ်လုပ်ရတဲ့ သူတွေကိုလည်း စိတ်ချမ်းသာ အဆင်ပြေအောင် လုပ်ပေးနိုင်တယ်ဆိုရင် Team work ကောင်းတယ်လို့ အခြေခံအားဖြင့် ဆိုရပါမယ်။ ငါ့တာဝန်ငါပြီးပြီ နင်ဘယ် ဌာနသွားပြီး ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို စုံစမ်းလို့ ပြောသင့်တယ်လို့ ထင်ပါသလား။ မသိဘူးမရှိဘူးလို့ ပြောလိုက်တာထက်၊ ကျွန်တော်၊ ကျွန်မ မသိဘူး။ ဒါပေမယ့် ဒီလူ၊ ဒီလူတွေတော့ သိနိုင်ပါတယ်။ သူတို့ကို မေးကြည့်ပါနော် စသည်ဖြင့်ပေါ့။

မှန်တာပြော ရွာပြင်ထုတ်ခံရဆိုတဲ့ မြန်မာ့ဆိုရိုးလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ အင်္ဂလိပ်စကားမှာ Could you please help us doing this or those ဆိုတာမျိုးတွေ ပြောရင် အဆင်ပြေတယ်။ May be you should contact him for this လည်း ရတယ်။ အင်္ဂလိပ်စကားကို ယဉ်ကျေးဖို့အတွက် please, may be, should တွေကို သုံးရပေမယ့် မြန်မာစကားမှာတော့ အဲ့လို နွဲ့နွဲ့လျလျသိပ်မရှိပါဘူး။ ကျေးဇူးပြုပြီး ဒါလေးတစ်ချက် လုပ်ပေးပါလား ဆိုတာမျိုးပြောရင်တောင် မင်းငါ့ကို မခင်ဘူးလားဆိုပြီးတော့ ဖြစ်တတ် ပါတယ်။ ဒီတော့ မြန်မာစကားနဲ့ မိမိရဲ့ ပြောဆိုမှုဟာ တစ်ဖက်သား စိတ်ချမ်းသာ အဆင်ပြေဖို့အတွက်ဆိုရင် မျက်နှာက အပြုံးဆောင်၊ အသံကို မာနေအောင်မထားပဲ ပျော့ပြောင်းဖို့ လိုအပ်ပါတယ်။

ဒါတွေပြောလို့ ပိုတယ်မထင်ပါနဲ့။ အသံခပ်မာမာနဲ့ အဆက်ဆံခံရပြီး မျက်နှာကြီး စူပုတ်နေတဲ့ လူတွေနဲ့ စကားပြောရတဲ့အခါ မိမိ ဘယ်လိုခံစား ရတယ်ဆိုတာ မိမိ အသိဆုံးပါ။ ဒီတော့ မြန်မာလူမျိုးအချင်းချင်း Team Work ကောင်းဖို့အတွက် ဆက်ဆံရေးကောင်းဖို့ အရင်စပါတယ်။ ဘာကြောင့်လဲဆို ဒီ ဆက်ဆံရေးအပေါ်မှာပဲ မူတည်လို့ လူတစ်ဦးနဲ့တစ်ဦး အထင်မှားမှုတွေ ဖြစ်ပြီး သူတစ်ဖွဲ့ ကိုယ်တစ်ဖွဲ့တွေ ကွဲတာဟာ အများစု ဖြစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာလူမျိုးများ Team work ကောင်းကောင်း လုပ်ဆောင်ပြီး လုပ်ငန်းဖြစ်စဉ်ကြီး တစ်ခုလုံးအတွက် ကြည့်ရှု လုပ်ဆောင်တတ်ဖို့ စေတနာဖြင့် ရေးသား မျှဝေပေးလိုက်ရ ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Yoyarlay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top