iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ဖုိ႔နဲ႔ ဝိတ္ထိန္းဖုိ႔အတြက္ဆုိရင္ အစားအ ေသာက္ ဆင္ျခင္စားသံုးဖုိ႔
နည္းလမ္းေတြနဲ႔ ကုိယ္လက္လႈပ္ရွားမႈ၊ အားကစားေလ့က်င့္ခန္းေတြ ဂရုစုိက္ၿပီးေတာ့ လႈပ္ရွားလုပ္ေဆာင္ သင့္ၾကရတယ္လုိ႔ အားလံုးက သိထားၾကပါတယ္။ ကြန္ျပဴတာေရွ႕ နဲ႔ စားပြဲမွာအထုိင္မ်ားတဲ့လူေတြ၊ ရံုးတြင္းမွာပဲ အလုပ္အမ်ားဆံုး လုပ္ေနရတဲ့လူေတြအတြက္ ရံုးတြင္းအလုပ္လုပ္ကုိင္ရင္းနဲ႔ ဝိတ္က် ေစမယ့္ လြယ္ကူသက္သာတဲ့ နည္းလမ္းကေလးေတြ ေဖာ္ျပေပး ခ်င္ပါတယ္။

၁။ ထုိင္ခံုမွာ ထုိင္ေနရင္းနဲ႔ ေျခေထာက္ေတြကုိ မၾကာခဏဆန္႔တန္း ေပးပါ။ ခါးကုိဆန္႔တန္းပါ။ ပုခံုးကိုေျဖာင့္ေျဖာင့္ထားၿပီးထုိင္ပါ။အထုိင္မ်ားျခင္းေၾကာင့္ ေျခေထာက္လႈပ္ရွားမႈ ေသြးလည္ပတ္မႈနည္း
 ျခင္းေတြကုိဒီလုိဆန္႔တန္းမႈမ်ိဳးမၾကာခဏျပဳလုပ္ေပးျခင္းအားျဖင့္ ေျခ ေထာက္နဲ႔ ေျခေခ်ာင္းၾကြက္
သားေတြကုိ အေညာင္းအညာ ေျပၿပီးေတာ့ ေသြးလည္ပတ္မႈကုိလည္း ေကာင္းမြန္စြာအလုပ္လုပ္ ကုိင္ေစႏုိင္မွာ ျဖစ္ပါတယ္။

၂။ ေကာ္ဖီ လက္ဘက္ရည္ေသာက္သံုးခ်ိန္ေပးပါ။ ေကာ္ဖီေဖ်ာ္စက္ ရွိရာသုိ႔ သြားေရာက္ကာ ေကာ္ဖီေဖ်ာ္ျခင္းက သင့္အတြက္ ဘာမွမ ထူးျခားတဲ့ ကိစၥဆုိေပမယ့္ အေညာင္းအညာေျပ အေလ့အက်င့္နဲ႔ ကိုယ္လက္လႈပ္ရွားမႈ တစ္ခုျဖစ္ေစပါတယ္။ အထုိင္မ်ားတဲ့ အလုပ္ မွာဆုိရင္ ဒီလုိလမ္းေလွ်ာက္ျခင္းကုိ သတိရတုိင္းေလွ်ာက္ေပးပါ။ ေရ ထေသာက္တာတုိ႔၊ မုန္႔ထြက္စားတာတုိ႔၊ ဒါမွမဟုတ္ အေညာင္းအ ညာေျပ လမ္းေလွ်ာက္တာတုိ႔ေတြက သင့္အေညာင္းထုိင္ၿပီးေတာ့ ကုိယ္အေလးခ်ိန္တက္ျခင္းေတြကုိ မသိမသာ ေလွ်ာ့ခ်ေပးႏုိင္ပါ တယ္။

၃။ အလုပ္လုပ္ေနစဥ္၊ အထုိင္မ်ားေနစဥ္အတြင္း ဝိတ္တက္ေစမယ့္ သေရစာမုန္႔ေတြ စားသံုးျခင္းကုိ တတ္ႏုိင္သမွ်ေရွာင္ရွားပါ။ ကုိယ္ လက္လႈပ္ရွားမႈ လံုးဝမရွိတာေၾကာင့္ ခႏၶာကိုယ္ရဲ႕ ကယ္လုိရီ အ ေလးခ်ိန္ကုိ ေလာင္ကၽြမ္းေစဖုိ႔ အဆီမတတ္ေအာင္ ထိန္းဖုိ႔ႏုိင္ဖုိ႔ မျဖစ္ႏုိင္တာေၾကာင့္ အဆီတက္ေစမယ့္ အစားအေသာက္ေတြ၊ ကယ္လုိရီမ်ားတဲ့ အစားအေသာက္ မုန္႔ေတြကုိ
 ေရွာင္ၾကဥ္ပါ။

၄။ ထုိင္ခံုမွာ ထုိင္ေနရင္းနဲ႔လည္း လႈပ္လႈပ္ရွားရွားေနပါ။ အလုပ္နား တဲ့ အခ်ိန္ပဲ ျဖစ္ျဖစ္ တခဏ တေလအေညာင္းေျပ လမ္းထေလွ်ာက္ တာျဖစ္ျဖစ္၊ ကုိယ္လက္လႈပ္ရွားမႈေလးေတြပဲ
 ျဖစ္ျဖစ္ ျပဳလုပ္ေနပါ။ ဒီနည္းလမ္းကလည္း သင့္ကုိ မသိမသာ ဝိတ္ထိန္းေပးႏုိင္ပါတယ္။ ကုိယ္လက္လႈပ္ရွားမႈ ရွိေနလုိ႔ သင့္ရဲ႕ခႏၶာကုိယ္ကုိ ၿငိမ္ေနတာမ်ိဳးမ ဟုတ္ပဲ လႈပ္ရွားမႈေလးေတြ ျပဳလုပ္ေပးသင့္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ဝိတ်ထိန်းဖို့အတွက်ဆိုရင် အစားအ သောက် ဆင်ခြင်စားသုံးဖို့
နည်းလမ်းတွေနဲ့ ကိုယ်လက်လှုပ်ရှားမှု၊ အားကစားလေ့ကျင့်ခန်းတွေ ဂရုစိုက်ပြီးတော့ လှုပ်ရှားလုပ်ဆောင် သင့်ကြရတယ်လို့ အားလုံးက သိထားကြပါတယ်။ ကွန်ပြူတာရှေ့ နဲ့ စားပွဲမှာအထိုင်များတဲ့လူတွေ၊ ရုံးတွင်းမှာပဲ အလုပ်အများဆုံး လုပ်နေရတဲ့လူတွေအတွက် ရုံးတွင်းအလုပ်လုပ်ကိုင်ရင်းနဲ့ ဝိတ်ကျ စေမယ့် လွယ်ကူသက်သာတဲ့ နည်းလမ်းကလေးတွေ ဖော်ပြပေး ချင်ပါတယ်။

၁။ ထိုင်ခုံမှာ ထိုင်နေရင်းနဲ့ ခြေထောက်တွေကို မကြာခဏဆန့်တန်း ပေးပါ။ ခါးကိုဆန့်တန်းပါ။ ပုခုံးကိုဖြောင့်ဖြောင့်ထားပြီးထိုင်ပါ။အထိုင်များခြင်းကြောင့် ခြေထောက်လှုပ်ရှားမှု သွေးလည်ပတ်မှုနည်း
 ခြင်းတွေကိုဒီလိုဆန့်တန်းမှုမျိုးမကြာခဏပြုလုပ်ပေးခြင်းအားဖြင့် ခြေ ထောက်နဲ့ ခြေချောင်းကြွက်
သားတွေကို အညောင်းအညာ ပြေပြီးတော့ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စွာအလုပ်လုပ် ကိုင်စေနိုင်မှာ ဖြစ်ပါတယ်။

၂။ ကော်ဖီ လက်ဘက်ရည်သောက်သုံးချိန်ပေးပါ။ ကော်ဖီဖျော်စက် ရှိရာသို့ သွားရောက်ကာ ကော်ဖီဖျော်ခြင်းက သင့်အတွက် ဘာမှမ ထူးခြားတဲ့ ကိစ္စဆိုပေမယ့် အညောင်းအညာပြေ အလေ့အကျင့်နဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုဖြစ်စေပါတယ်။ အထိုင်များတဲ့ အလုပ် မှာဆိုရင် ဒီလိုလမ်းလျှောက်ခြင်းကို သတိရတိုင်းလျှောက်ပေးပါ။ ရေ ထသောက်တာတို့၊ မုန့်ထွက်စားတာတို့၊ ဒါမှမဟုတ် အညောင်းအ ညာပြေ လမ်းလျှောက်တာတို့တွေက သင့်အညောင်းထိုင်ပြီးတော့ ကိုယ်အလေးချိန်တက်ခြင်းတွေကို မသိမသာ လျှော့ချပေးနိုင်ပါ တယ်။

၃။ အလုပ်လုပ်နေစဉ်၊ အထိုင်များနေစဉ်အတွင်း ဝိတ်တက်စေမယ့် သရေစာမုန့်တွေ စားသုံးခြင်းကို တတ်နိုင်သမျှရှောင်ရှားပါ။ ကိုယ် လက်လှုပ်ရှားမှု လုံးဝမရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ အ လေးချိန်ကို လောင်ကျွမ်းစေဖို့ အဆီမတတ်အောင် ထိန်းဖို့နိုင်ဖို့ မဖြစ်နိုင်တာကြောင့် အဆီတက်စေမယ့် အစားအသောက်တွေ၊ ကယ်လိုရီများတဲ့ အစားအသောက် မုန့်တွေကို
 ရှောင်ကြဉ်ပါ။

၄။ ထိုင်ခုံမှာ ထိုင်နေရင်းနဲ့လည်း လှုပ်လှုပ်ရှားရှားနေပါ။ အလုပ်နား တဲ့ အချိန်ပဲ ဖြစ်ဖြစ် တခဏ တလေအညောင်းပြေ လမ်းထလျှောက် တာဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုလေးတွေပဲ
 ဖြစ်ဖြစ် ပြုလုပ်နေပါ။ ဒီနည်းလမ်းကလည်း သင့်ကို မသိမသာ ဝိတ်ထိန်းပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ရှိနေလို့ သင့်ရဲ့ခန္ဓာကိုယ်ကို ငြိမ်နေတာမျိုးမ ဟုတ်ပဲ လှုပ်ရှားမှုလေးတွေ ပြုလုပ်ပေးသင့်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top