iMyanmarHouse.com - Best Property Website for Myanmar
×

လက္သည္း ကိုက္ျခင္း ကို ထိန္းခ်ဳပ္နိုင္ဖို႔ အတြက္ ကေတာ့ လက္အိတ္စြပ္ျခင္း ၊ လက္သည္းနီ ဆိုးေပးထားျခင္း ၊ စိတ္ဖိစီးမႈ နည္းေအာင္ ေနထိုင္ျခင္း ၊ ပီေက ဝါးျခင္း နဲ႕ တျခား အရာ တစ္ခုခုကို စားေပးေနျခင္း တို႔ကို ေျပာင္းလုပ္ေပးနိင္ပါတယ္ ။
ေဆးပညာ အေခၚ အေဝၚ အရ Onychophagia လို႔ ေခၚတဲ့ လက္သည္းကိုက္ျခင္း က လူေတြ အၾကား လုပ္ေလ့ ရွိတဲ့ အေလ့ အက်င့္တစ္ခုပါ ။ စစ္တမ္းေကာက္ခ်က္မ်ား အရ ဆိုရင္ လူငယ္ေတြရဲ႕ ၃၀ % ၊ ဆယ္ေက်ာ္သက္ ေတြရဲ႕ ၄၅% ၊ ကေလးေတြမွာ ၃၀ % က လက္သည္းကိုက္တဲ့ အက်င့္ ရွိေနပါတယ္ ။ လက္သည္း ကိုက္တယ္ ဆိုတာ က အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္တတ္ပါတယ္ ။ စိတ္ဖိစီးမႈ မ်ားျခင္း ၊ စိတ္လႈပ္ရွားျခင္း ၊ ပ်င္းရိျခင္း ၊ စိတ္မမွန္ျခင္း ၊ ဂနာမၿငိမ္ ျဖစ္ျခင္း စတဲ့ ခံစားခ်က္ေတြ ခံစားရတဲ့ သူ အမ်ားစု လုပ္တတ္တဲ့ အေလ့ အက်င့္တစ္ခုပါ ။ လက္သည္းကိုက္ျခင္းေၾကာင့္ ျဖစ္ေပၚလာတတ္တဲ့ ဆိုးက်ိဳးမ်ား အမ်ားႀကီးပါ ။

လက္သည္းၾကား က ဘတ္တီးရီးယားေတြ မွိုေတြ ကူးစက္ေရာဂါေတြက လက္သည္း ကိုက္ျခင္းကေန တစ္ဆင့္ ပါးစပ္ထဲ တိုက္ရိုက္ ေရာက္ေစနိင္ပါတယ္ ။ လက္ဆိုတာ က အညစ္ပတ္ဆုံး အရာ တစ္ခု ပါ ။ တစ္ခုခု ကို ထိကိုင္ဖို႔ အဓိက အသုံးျပဳရတဲ့ အရာမို႔ အရာတိုင္းနဲ႕ ထိေတြ႕ေနရပါတယ္ ။ မိမိ ထိေတြ႕ ရတဲ့ အရာတိုင္း က သန့္ရွင္းေနမွာ မဟုတ္သလို လက္ဆိုတာလည္း ဘယ္ေလာက္ေဆးေဆး လက္သည္းၾကားေတြ မွာ မျမင္နိင္တဲ့ ပိုးမႊားေတြ ခိုေအာင္းေနတတ္ပါတယ္ ။ လက္သည္းရွည္ထားတဲ့ သူဆို ပိုဆိုးပါတယ္ ။ လက္သည္းၾကားမွာ Staphylococcus, Strep နဲ႕ Coryneform ဆိုတဲ့ ဘတ္တီးရီးယားေတြ အေနမ်ားပါတယ္ ။ သူတို႔ က အသားအေရ ကို ေဖာက္ၿပီး ကိုယ္ခႏၶာ အတြင္း ကို ဝင္ေရာက္ နိုင္စြမ္းလည္း ရွိပါတယ္ ။ ထို႔အျပင္ Dermatophyte လို႔ ေခၚတဲ့ မွိေရာဂါေၾကာင့္ Ringworm (လက္စြပ္ပုံစံ အကြင္းလိုက္ ျဖစ္တတ္တဲ့ မွိုေရာဂါ ) လည္း ျဖစ္တတ္ပါတယ္ ။ ထိုမွို က လက္သည္းေတြကို ပ်က္ဆီးေစနိုင္သလို အေရျပား အေပၚမွာလည္း အကြင္းလိုက္ အကြက္လိုက္ ယားနာ ပုံစံ မ်ိဳးေတြလည္း ျဖစ္ေပၚ ေစနိုင္ပါေသးတယ္ ။
ေရာဂါ ကာကြယ္ တားဆီးျခင္း စင္တာ (Search Results
Centers for Disease Control and Prevention , CDC ) အေနနဲ႕ ေျပာထားတာက ေတာ့ အေအးမိ ေစတဲ့ ဗိုင္းရပ္ေပါင္း ၂၀ဝ ေက်ာ္ က အခ်ိန္တိုင္း ေနရာတိုင္း မွာ ရွိေနနိုင္ပါတယ္ ။ ကိုယ္ခႏၶာက ကိုယ္ခံအား ေလ်ာ့နည္း ေနတဲ့ အခ်ိန္ မွာ ထို အေအးမိ ဗိုင္းရပ္ေတြ က အလြယ္ တကူ ဝင္ေရာက္ နိုင္ပါတယ္ ။ အထူးသျဖင့္ ကိုယ္ခံအားနည္း ေနတဲ့ အခ်ိန္မွာ လက္ ကို ပါးစပ္ နဲ႕ ေဝးေဝး ထားပါ ။ လက္မွာ ကပ္ေနတဲ့ ဗိုင္းရပ္ေတြ က လက္သည္းကိုက္ျခင္း မွ ပါးစပ္ ကေန တိုက္ရိုက္ ကိုယ္တြင္း ကို ဝင္ေရာက္နိုင္စြမ္း ရွိလို႔ပါ ။ လက္ ကို မၾကာခဏ ေဆးေၾကာေပးပါ ။ လက္သည္းကိုက္တဲ့ အက်င့္ကို မထိန္းနိုင္ပါက ပီေက ဝါးပါ ။ ပီေက ဝါးေနတဲ့ အခ်ိန္ မွာေတာ့ လက္သည္းကိုက္ဖို႔ ခက္ခဲေနတဲ့ အတြက္ လက္သည္းကို တာကို ခဏတာေတာ့ ေမ့ေနမွာ ေသခ်ာပါတယ္ ။


လက္သည္းကိုက္ျခင္း ရဲ႕ ဆိုးက်ိဳး က ခႏၶာကိုယ္တင္ မကပါဘူး ။ သြားေတြ ကို ပါ ထိခိုက္ေစပါတယ္ ။ လက္သည္းကိုက္ဖန္ မ်ားျခင္း က ေရွ႕သြား ကို ကြၽတ္ဆက္လာျခင္း ၊ ပဲ့ထြက္ျခင္း ၊ အေပၚယံ ေႂကြမ်ား ပ်က္ဆီးလာျခင္း စတာေတြကို ျဖစ္ေစပါတယ္ ။

လက္သည္းကိုက္တတ္တဲ့ အက်င့္ အတြက္ ေကာင္းက်ိဳး ဘာမွ မရွိေပမယ့္ ဆိုးက်ိဳး ကေတာ့ မ်ားပါတယ္ ။ လက္သည္း ကိုက္ျခင္း ကို ထိန္းခ်ဳပ္နိုင္ဖို႔ အတြက္ ကေတာ့ လက္အိတ္စြပ္ျခင္း ၊ လက္သည္းနီ ဆိုးေပးထားျခင္း ၊ စိတ္ဖိစီးမႈ နည္းေအာင္ ေနထိုင္ျခင္း ၊ ပီေက ဝါးျခင္း နဲ႕ တျခား အရာ တစ္ခုခုကို စားေပးေနျခင္း တို႔ကို ေျပာင္းလုပ္ေပးနိင္ပါတယ္ ။လက္သည္း ကိုက္တတ္သူမ်ား အတြက္ အထူးသီးသန့္ ထုတ္လုပ္ ထားတဲ့ လက္သည္းနီေတြ ရွိပါတယ္ ။ အဓိက က ခါးတဲ့ အရသာ ထည့္သြင္းေပးထားတဲ့ အတြက္ေၾကာင့္ အမွတ္မထင္ အက်င့္ပါေနတဲ့ အတိုင္း လက္သည္းကိုက္မိတဲ့ အခ်ိန္မွာေတာင္ ခါးသက္သက္ အရသာေၾကာင့္ လက္သည္းကိုက္မိေနျပန္ပါလား ဆိုတဲ့ အသိကို ျပန္ သတိ ေပးလိုက္သလို ျဖစ္ေစမွာပါ ။

Credit:AYESAY
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လက်သည်း ကိုက်ခြင်း ကို ထိန်းချုပ်နိုင်ဖို့ အတွက် ကတော့ လက်အိတ်စွပ်ခြင်း ၊ လက်သည်းနီ ဆိုးပေးထားခြင်း ၊ စိတ်ဖိစီးမှု နည်းအောင် နေထိုင်ခြင်း ၊ ပီကေ ဝါးခြင်း နဲ့ တခြား အရာ တစ်ခုခုကို စားပေးနေခြင်း တို့ကို ပြောင်းလုပ်ပေးနိင်ပါတယ် ။
ဆေးပညာ အခေါ် အဝေါ် အရ Onychophagia လို့ ခေါ်တဲ့ လက်သည်းကိုက်ခြင်း က လူတွေ အကြား လုပ်လေ့ ရှိတဲ့ အလေ့ အကျင့်တစ်ခုပါ ။ စစ်တမ်းကောက်ချက်များ အရ ဆိုရင် လူငယ်တွေရဲ့ ၃၀ % ၊ ဆယ်ကျော်သက် တွေရဲ့ ၄၅% ၊ ကလေးတွေမှာ ၃၀ % က လက်သည်းကိုက်တဲ့ အကျင့် ရှိနေပါတယ် ။ လက်သည်း ကိုက်တယ် ဆိုတာ က အကြောင်း အမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ် ။ စိတ်ဖိစီးမှု များခြင်း ၊ စိတ်လှုပ်ရှားခြင်း ၊ ပျင်းရိခြင်း ၊ စိတ်မမှန်ခြင်း ၊ ဂနာမငြိမ် ဖြစ်ခြင်း စတဲ့ ခံစားချက်တွေ ခံစားရတဲ့ သူ အများစု လုပ်တတ်တဲ့ အလေ့ အကျင့်တစ်ခုပါ ။ လက်သည်းကိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ဆိုးကျိုးများ အများကြီးပါ ။

လက်သည်းကြား က ဘတ်တီးရီးယားတွေ မှိုတွေ ကူးစက်ရောဂါတွေက လက်သည်း ကိုက်ခြင်းကနေ တစ်ဆင့် ပါးစပ်ထဲ တိုက်ရိုက် ရောက်စေနိင်ပါတယ် ။ လက်ဆိုတာ က အညစ်ပတ်ဆုံး အရာ တစ်ခု ပါ ။ တစ်ခုခု ကို ထိကိုင်ဖို့ အဓိက အသုံးပြုရတဲ့ အရာမို့ အရာတိုင်းနဲ့ ထိတွေ့နေရပါတယ် ။ မိမိ ထိတွေ့ ရတဲ့ အရာတိုင်း က သန့်ရှင်းနေမှာ မဟုတ်သလို လက်ဆိုတာလည်း ဘယ်လောက်ဆေးဆေး လက်သည်းကြားတွေ မှာ မမြင်နိင်တဲ့ ပိုးမွှားတွေ ခိုအောင်းနေတတ်ပါတယ် ။ လက်သည်းရှည်ထားတဲ့ သူဆို ပိုဆိုးပါတယ် ။ လက်သည်းကြားမှာ Staphylococcus, Strep နဲ့ Coryneform ဆိုတဲ့ ဘတ်တီးရီးယားတွေ အနေများပါတယ် ။ သူတို့ က အသားအရေ ကို ဖောက်ပြီး ကိုယ်ခန္ဓာ အတွင်း ကို ဝင်ရောက် နိုင်စွမ်းလည်း ရှိပါတယ် ။ ထို့အပြင် Dermatophyte လို့ ခေါ်တဲ့ မှိရောဂါကြောင့် Ringworm (လက်စွပ်ပုံစံ အကွင်းလိုက် ဖြစ်တတ်တဲ့ မှိုရောဂါ ) လည်း ဖြစ်တတ်ပါတယ် ။ ထိုမှို က လက်သည်းတွေကို ပျက်ဆီးစေနိုင်သလို အရေပြား အပေါ်မှာလည်း အကွင်းလိုက် အကွက်လိုက် ယားနာ ပုံစံ မျိုးတွေလည်း ဖြစ်ပေါ် စေနိုင်ပါသေးတယ် ။
ရောဂါ ကာကွယ် တားဆီးခြင်း စင်တာ (Search Results
Centers for Disease Control and Prevention , CDC ) အနေနဲ့ ပြောထားတာက တော့ အအေးမိ စေတဲ့ ဗိုင်းရပ်ပေါင်း ၂၀ဝ ကျော် က အချိန်တိုင်း နေရာတိုင်း မှာ ရှိနေနိုင်ပါတယ် ။ ကိုယ်ခန္ဓာက ကိုယ်ခံအား လျော့နည်း နေတဲ့ အချိန် မှာ ထို အအေးမိ ဗိုင်းရပ်တွေ က အလွယ် တကူ ဝင်ရောက် နိုင်ပါတယ် ။ အထူးသဖြင့် ကိုယ်ခံအားနည်း နေတဲ့ အချိန်မှာ လက် ကို ပါးစပ် နဲ့ ဝေးဝေး ထားပါ ။ လက်မှာ ကပ်နေတဲ့ ဗိုင်းရပ်တွေ က လက်သည်းကိုက်ခြင်း မှ ပါးစပ် ကနေ တိုက်ရိုက် ကိုယ်တွင်း ကို ဝင်ရောက်နိုင်စွမ်း ရှိလို့ပါ ။ လက် ကို မကြာခဏ ဆေးကြောပေးပါ ။ လက်သည်းကိုက်တဲ့ အကျင့်ကို မထိန်းနိုင်ပါက ပီကေ ဝါးပါ ။ ပီကေ ဝါးနေတဲ့ အချိန် မှာတော့ လက်သည်းကိုက်ဖို့ ခက်ခဲနေတဲ့ အတွက် လက်သည်းကို တာကို ခဏတာတော့ မေ့နေမှာ သေချာပါတယ် ။


လက်သည်းကိုက်ခြင်း ရဲ့ ဆိုးကျိုး က ခန္ဓာကိုယ်တင် မကပါဘူး ။ သွားတွေ ကို ပါ ထိခိုက်စေပါတယ် ။ လက်သည်းကိုက်ဖန် များခြင်း က ရှေ့သွား ကို ကျွတ်ဆက်လာခြင်း ၊ ပဲ့ထွက်ခြင်း ၊ အပေါ်ယံ ကြွေများ ပျက်ဆီးလာခြင်း စတာတွေကို ဖြစ်စေပါတယ် ။

လက်သည်းကိုက်တတ်တဲ့ အကျင့် အတွက် ကောင်းကျိုး ဘာမှ မရှိပေမယ့် ဆိုးကျိုး ကတော့ များပါတယ် ။ လက်သည်း ကိုက်ခြင်း ကို ထိန်းချုပ်နိုင်ဖို့ အတွက် ကတော့ လက်အိတ်စွပ်ခြင်း ၊ လက်သည်းနီ ဆိုးပေးထားခြင်း ၊ စိတ်ဖိစီးမှု နည်းအောင် နေထိုင်ခြင်း ၊ ပီကေ ဝါးခြင်း နဲ့ တခြား အရာ တစ်ခုခုကို စားပေးနေခြင်း တို့ကို ပြောင်းလုပ်ပေးနိင်ပါတယ် ။လက်သည်း ကိုက်တတ်သူများ အတွက် အထူးသီးသန့် ထုတ်လုပ် ထားတဲ့ လက်သည်းနီတွေ ရှိပါတယ် ။ အဓိက က ခါးတဲ့ အရသာ ထည့်သွင်းပေးထားတဲ့ အတွက်ကြောင့် အမှတ်မထင် အကျင့်ပါနေတဲ့ အတိုင်း လက်သည်းကိုက်မိတဲ့ အချိန်မှာတောင် ခါးသက်သက် အရသာကြောင့် လက်သည်းကိုက်မိနေပြန်ပါလား ဆိုတဲ့ အသိကို ပြန် သတိ ပေးလိုက်သလို ဖြစ်စေမှာပါ ။

Credit:AYESAY

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top