iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ဘာသာပြန် (Translator)
Credit :trend myanmar
#Unicode Version
မျက်မှောက်ခေတ်မှာ မိမိအိမ်ကနေ လုပ်ရတဲ့လုပ်ငန်းမျိုး အလွန်တရာများပြားလာခဲ့ပြီး ဝန်ထမ်းတစ်ယောက်ရဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေ ပြန်လည်သုံးသပ်စရာ ဖြစ်စေခဲ့ပါတယ်။ မနက် ၉ နာရီကနေ ည ၉ နာရီထိ သွားလာနေရတာဟာ ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်ပြီး အိမ်ကနေ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ အလုပ်လုပ်ကိုင်ဖို့ လူတိုင်း မျှော်လင့်နေကြပါတယ်။
မိမိအိမ်မှာပဲ နားနားနေနေ အလုပ်လုပ်ကိုင်ဖို့ စိတ်ကူးပါက မိမိအိမ်မှာ ထိုင်လုပ်နိုင်တဲ့ အလုပ်အကိုင်တချို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ ဘာသာပြန် (Translator)
ဘာသာစကားနဲ့ နှံ့နှံ့စပ်စပ် သိထားပါက ဘာသာပြန်တစ်ယောက်အဖြစ် လုပ်ကိုင်တာက မိမိကြိုက်တဲ့အချိန်ကောက်လုပ်နိုင်တဲ့ အကောင်းဆုံး အလုပ်အကိုင် ဖြစ်ပါတယ်။ ဘာသာပြန်အလုပ်က တက်လမ်းရှိပြီး အိမ်မှာ သက်တောင့်သက်သာ ထိုင်လုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။ စာရွက်စာတမ်းတွေ ကျွမ်းကျင်စွာ ဘာသာပြန်ဆိုနိုင်ဖို့နဲ့ မူရင်းအတိုင်း တင်ပြနိုင်ဖို့ လိုအပ်ပါတယ်။
၂။ ဝက်ဘ်ဆိုဒ်ရေးသူ (Web Developer)
အိမ်ကနေ လုပ်ဖို့အခွင့်သာမယ်ဆိုရင် ဝက်ဘ်ဆိုဒ်တစ်ခု ဖန်တီးတည်ဆောက်ဖို့ တကယ်လွယ်ပါတယ်။ ဝက်ဘ်ဆိုဒ်တစ်ခု ဖန်းတီးဖို့ အလုပ်စားပွဲ သို့မဟုတ် ရုံးခန်းမည်မည်ရရ ရှိစရာမလိုပါဘူး။ ကွန်ပျူတာတစ်လုံးနဲ့ ဖန်တီးနိုင်စွမ်းရည်ရှိဖို့သာ လိုအပ်တာပါ။
၃။ အလွတ်တမ်းစာရေးဆရာ (Freelance Writer)
အလွတ်တမ်းစာရေးဆရာတစ်ဦးရဲ့ စွမ်းရည်ကို သွားအထင်မသေးလိုက်ပါနဲ့။ နေရာတကာမှာ လိုအပ်တာ သူတို့ပါပဲ။ စာရေးဆရာတစ်ဦးရဲ့ အရေးပါမှုကို လျစ်လျုရှူလို့ မရပါဘူး။ ခုခေတ်မှာ ကုမ္ပဏီအများအပြားဟာ အိမ်ကနေလုပ်ကိုင်နိုင်တဲ့ အလုပ်တွေ ပေးနေပါပြီ။
၄။ အင်ဖိုဂရာ့ဖ်ဖစ်ဒီဇိုင်နာ (Infographic Designer)
Infographic က အသေးစိတ်သတင်းအချက်အလက်တွေ မြင်သာအောင် ဖော်ပြဖို့ အသုံးပြုတဲ့ အစွမ်းထက်ထိရောက်တဲ့ လက်နက်တွေထဲက တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းနယ်ပယ်နဲ့ ကုမ္ပဏီတိုင်းမှာ infographic မရှိမဖြစ်လိုအပ်နေတာကြောင့် Infographic designer လိုအပ်ချက်က မြင့်တက်လာလျက်ရှိပါတယ်။ ဒါပေမယ့် ဒေတာအချက်အလက်ပိုင်းဆိုင်ရာအမြင် ကောင်းကောင်းရှိဖို့ လိုအပ်ပြီး မှန်ကန်တိကျတဲ့ အချက်အလက်တွေကို သတိထား အသုံးပြုရပါမယ်။ ဒီဇိုင်းပုံဖော်ရေးဆွဲမှု အချိန်ကာလတစ်ခု လေ့ကျင့်ပြီးနောက် freelance project တွေ လုပ်ကိုင်ပါ။
၅။ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ (Software Engineer)
ဈေးကွက်အတွင်း feelance ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ လိုချက်မှုကြီးမားလာနေပါတယ်။ နည်းပညာပိုင်းအရ ကုမ္ပဏီတိုင်းဟာ သူတို့ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်နဲ့ app လိုချင်ကြပါတယ်။ ဒါ့ကြောင့် အချိန်အတိုအတွင်း ပရောဂျက်ခ်များစွာ ရပါတယ်။ သင့်မှာ ကုမ္ပဏီကတောင်းဆိုတဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံအလုံအလောက်ရှိပါက ပရောဂျက်တွေ အချိန်မရွေး စတင်လုပ်ကိုင်နိုင်ပါတယ်။ 
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit :trend myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top