iMyanmarHouse.com - Best Property Website for Myanmar
×

ႏို႔တိုက္ရတာ၊ေလ့က်င္ခန္းလုပ္တာ၊အမ်ိဳးသမီးမ်ားေသြးဆံုးခ်ိန္နဲ႔အ၀လြန္တာေတြေၾကာင့္ ရင္သားတြဲက်တာေတြျဖစ္ေပၚ တတ္ပါတယ္။ဒီလိုအေျခအေနေေတြကို ကူညီေပးႏိုင္မယ့္ သဘာ၀နည္းနဲ႔ရင္သားပင့္တင္ေပးႏိုင္တဲ့ နည္းလမ္းတစ္ခ်ိဳ႕ကို ေျပာျပေပးခ်င္ပါတယ္။

(၁)ၾကက္ဥအႏွစ္၊ဒိန္ခ်ဥ္ႏွင့္ဗီတာမင္အီးအဆီ

ၾကက္ဥအႏွစ္လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ဗီတာမင္အီးအဆီလက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ဒိန္ခ်ဥ္လက္
ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ကို ေဖ်ာ္စက္ထဲမွာ ေရာၿပီးေမႊပါ။ပ်စ္သြားတဲ့အထိ ေမႊပါ။ၿပီးရင္ေတာ့ ရင္သားေပၚမွာ လိမ္းေပးၿပီး မိနစ္(၃၀)ၾကာေအာင္ထားပါ။ၿပီးရင္ေတာ့ ေရေအးနဲ႔ေဆးခ်ေပးပါ။ဒီနည္းအတိုင္း ပံုမွန္ ျပဳလုပ္ေပးမယ္ဆိုရင္ေတာ့ တင္းရင္းတဲ့ရင္သားအလွကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။



(၂)မက္မြန္ဆီႏွင့္ႏို႔ခရင္မ္

မက္မြန္ဆီလက္ဖက္ရည္(၃)ဇြန္းနဲ႔ႏို႔ခရင္မ္လက္ဖက္ရည္ဇြန္း(၄)ဇြန္းတို႔ကို ေရာၿပီးေမႊပါ။ၿပီးရင္ေတာ့ ရင္သားေပၚမွာ လိမ္းေပးပါ။(၁၅)မိနစ္ေလာက္ၾကာေအာင္ ညင္ညင္သာသာပြတ္လိမ္းေပးၿပီးေနာက္ (၁၀)မိနစ္ေလာက္ၾကာေအာင္ ထားေပးပါ။ၿပီးရင္ေတာ့ ေရေအးနဲ႔ေဆးခ်ပါ။ဒီနည္းလမ္းဟာ ရင္သားကို သဘာ၀အတိုင္း တင္းရင္းလွပေစမွာ ျဖစ္ပါတယ္။

(၃)မက္မြန္ဆီ

မက္မြန္ဆီ လက္ဖက္ရည္ဇြန္း(၂)ဇြန္းကို ရင္သားေပၚမွာ လိမ္းေပးၿပီး၊(၁၀)မိနစ္ေလာက္ ရင္သားကို ႏွိပ္နယ္ေပးပါ။ ၿပီးရင္ေတာ့ (၁၀)မိနစ္ေလာက္ ၾကာေအာင္ထားၿပီး ေရေအးနဲ႔ေဆးခ်ေပးပါ။ဒီနည္းကို တစ္ပတ္မွာ (၃)ႀကိမ္ေလာက္ ျပဳလုပ္ေပးျခင္းအားျဖင့္ တင္းရင္းတဲ့ရင္သားအလွကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။




(၄)နံရံကို အသံုးျပဳသည့္ ေလ့က်င့္ခန္း


ဒါကေတာ့ ရင္သားကို သဘာ၀အတိုင္း ပင့္တင္ေပးႏိုင္မယ့္ ေလ့က်င့္ခန္းေတြ အမ်ားႀကီးထဲက တစ္ခုပါ။ပထမဦးစြာ နံရံကို မ်က္ႏွာခ်င္းဆိုင္လိုက္ပါ။ၿပီးရင္ေတာ့ ကိုယ္ခႏၶာကိုယ္ ျဖည္းျဖည္းခ်င္း နံရံဆီကို ကုန္းလိုက္ၿပီး၊လက္ေထာက္ထားလိုက္ပါ။ ကိုယ္လံုးကုိ နံရံေထာက္ထားတဲ့ လက္က တြန္းထုတ္တယ္ဆိုတဲ့ အေနအထားမ်ိဳး ျဖစ္ေအာင္ ေနပါ။အဲ့ဒီလို ပံုအတိုင္း တစ္ႀကိမ္ဆိုရင္ စကၠန္႔(၂၀)ၾကာေအာင္ေနၿပီး (၁၀)ႀကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။

Credit : shwemom

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နို့တိုက်ရတာ၊လေ့ကျင်ခန်းလုပ်တာ၊အမျိုးသမီးများသွေးဆုံးချိန်နဲ့အဝလွန်တာတွေကြောင့် ရင်သားတွဲကျတာတွေဖြစ်ပေါ် တတ်ပါတယ်။ဒီလိုအခြေအနေေတွေကို ကူညီပေးနိုင်မယ့် သဘာဝနည်းနဲ့ရင်သားပင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

(၁)ကြက်ဥအနှစ်၊ဒိန်ချဉ်နှင့်ဗီတာမင်အီးအဆီ

ကြက်ဥအနှစ်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ဗီတာမင်အီးအဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ဒိန်ချဉ်လက်

ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ဖျော်စက်ထဲမှာ ရောပြီးမွှေပါ။ပျစ်သွားတဲ့အထိ မွှေပါ။ပြီးရင်တော့ ရင်သားပေါ်မှာ လိမ်းပေးပြီး မိနစ်(၃၀)ကြာအောင်ထားပါ။ပြီးရင်တော့ ရေအေးနဲ့ဆေးချပေးပါ။ဒီနည်းအတိုင်း ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ တင်းရင်းတဲ့ရင်သားအလှကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။



(၂)မက်မွန်ဆီနှင့်နို့ခရင်မ်

မက်မွန်ဆီလက်ဖက်ရည်(၃)ဇွန်းနဲ့နို့ခရင်မ်လက်ဖက်ရည်ဇွန်း(၄)ဇွန်းတို့ကို ရောပြီးမွှေပါ။ပြီးရင်တော့ ရင်သားပေါ်မှာ လိမ်းပေးပါ။(၁၅)မိနစ်လောက်ကြာအောင် ညင်ညင်သာသာပွတ်လိမ်းပေးပြီးနောက် (၁၀)မိနစ်လောက်ကြာအောင် ထားပေးပါ။ပြီးရင်တော့ ရေအေးနဲ့ဆေးချပါ။ဒီနည်းလမ်းဟာ ရင်သားကို သဘာဝအတိုင်း တင်းရင်းလှပစေမှာ ဖြစ်ပါတယ်။

(၃)မက်မွန်ဆီ

မက်မွန်ဆီ လက်ဖက်ရည်ဇွန်း(၂)ဇွန်းကို ရင်သားပေါ်မှာ လိမ်းပေးပြီး၊(၁၀)မိနစ်လောက် ရင်သားကို နှိပ်နယ်ပေးပါ။ ပြီးရင်တော့ (၁၀)မိနစ်လောက် ကြာအောင်ထားပြီး ရေအေးနဲ့ဆေးချပေးပါ။ဒီနည်းကို တစ်ပတ်မှာ (၃)ကြိမ်လောက် ပြုလုပ်ပေးခြင်းအားဖြင့် တင်းရင်းတဲ့ရင်သားအလှကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။



(၄)နံရံကို အသုံးပြုသည့် လေ့ကျင့်ခန်း

ဒါကတော့ ရင်သားကို သဘာဝအတိုင်း ပင့်တင်ပေးနိုင်မယ့် လေ့ကျင့်ခန်းတွေ အများကြီးထဲက တစ်ခုပါ။ပထမဦးစွာ နံရံကို မျက်နှာချင်းဆိုင်လိုက်ပါ။ပြီးရင်တော့ ကိုယ်ခန္ဓာကိုယ် ဖြည်းဖြည်းချင်း နံရံဆီကို ကုန်းလိုက်ပြီး၊လက်ထောက်ထားလိုက်ပါ။ ကိုယ်လုံးကို နံရံထောက်ထားတဲ့ လက်က တွန်းထုတ်တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်အောင် နေပါ။အဲ့ဒီလို ပုံအတိုင်း တစ်ကြိမ်ဆိုရင် စက္ကန့်(၂၀)ကြာအောင်နေပြီး (၁၀)ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။


Credit : shwemom


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top