iMyanmarHouse.com - Best Property Website for Myanmar
×

ေရွာ႕ပင္းထြက္တဲ့အခါ စကတ္တိုတိုေလးေတြ ေဘာင္းဘီတိုတိုေလးေတြ လက္ျပတ္လွလွေလးေတြကို ဝယ္မယ္လုပ္တိုင္းဒူးေလးေတြ မည္းေနတာ တံေတာင္ဆစ္ေလးေတြ မည္းေနတာကို သတိသြားရမိလို႔ မဝယ္ျဖစ္ဘူးဟုတ္။ဒါေႀကာင့္ တံေတာင္ဆစ္ ဒူးဆစ္ေလးေတြ မည္းေနတာကို ရင္ဆိုင္ေျဖရွင္းဖို႕ နည္းလမ္းေကာင္းေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

အသားအေရေျခာက္ေသြ႕မႈေႀကာင့္လည္းေကာင္း၊ ေနေရာင္နဲ႕အထိေတြ႕မ်ားမႈေႀကာင့္လည္းေကာင္း၊ တစ္ကိုယ္ေရသန္႕ရွင္းမႈအားနည္းတာေႀကာင့္လည္းေကာင္း၊ တံေတာင္ဆစ္နွင့္ ဒူးေခါင္းကို စားပြဲေပၚမွာ အလြန္မီွထားျခင္းေႀကာင့္လည္းေကာင္း အစရွိတဲ့ အေႀကာင္းအရာေတြေႀကာင့္ တံေတာင္ဆစ္နွင့္ ဒူးေခါင္းေလးေတြ မည္းရျခင္းျဖစ္ပါတယ္။

(၁) မုန္႕ဖုတ္ေဆာ္ဒါ

မုန္႕ဖုတ္ေဆာ္ဒါ စားပြဲတင္ဇြန္းတစ္ဇြန္းကို ႏြားနို႕နဲ႕ေရာၿပီး အနွစ္ေလးတစ္ခုရေအာင္ ျပဳလုပ္ပါ။
ထိုအနွစ္ကို ဒူးေခါင္းနဲ႕ တံေတာင္ဆစ္မွာ လိမ္းၿပီး စက္ဝိုင္းပံု ပြတ္ေပးပါ။ နွစ္ရက္ျခားတစ္ခါ ပံုမွန္လုပ္ေပးမယ္ဆိုရင္
ထူးျခားခ်က္ကိုေတြ႕လာရမွာပါ။

(၂) ဆႏြင္းမႈန္႕၊ ပ်ားရည္နွင့္ ႏြားနို႕

ဆႏြင္းမႈန္႕၊ ပ်ားရည္နွင့္ ႏြားနို႕တို႕ကို ေရာၿပီး မည္းတဲ့ေနရာေတြမွာ လိမ္းေပးပါ။ မိနစ္၂၀ ေလာက္ထားၿပီးေနာက္
လက္ေတြကို ေရဆြတ္ၿပီး ၂မိနစ္ခန္႔ ပြတ္ေပးပါ။ ထို႕ေနာက္ ေရနဲ႕ ေဆးခ်ေပးပါ။

(၃) သႀကားနွင့္သံလြင္ဆီ
သံလြင္ဆီနွင့္ သႀကားကို ဆတူေရာစပ္ၿပီး အနွစ္ျပဳလုပ္ပါ။ ထိုအနွစ္ကို ဒူးေခါင္းနွင့္တံေတာင္ဆစ္မွာ သုတ္လိမ္းၿပီး ငါးမိနစ္ခန္႕ ပြတ္ေပးပါ။ ထို႕ေနာက္ အေပ်ာ့စားဆပ္ျပာတစ္မ်ိဳးကို အသံုးျပဳၿပီး ေရနဲ႕ေဆးခ်ပါ။

(၄) သံပယုိရည္နွင့္ပ်ားရည္
သံပယိုရည္နွင့္ ပ်ားရည္ (စားပြဲတင္ဇြန္းတစ္ဇြန္း)တို႕ကို ေရာၿပီးမည္းေနတဲ့ေနရာေတြမွာ သုတ္လိမ္းေပးပါ။
မိနစ္၂၀ခန္႕ထားၿပီး ေရနဲ႕ေဆးခ်ေပးပါ။

(၅) သံလြင္ဆီ
သံလြင္ဆီကို ေန႕စဥ္ မွန္မွန္ လိမ္းေပးပါ။ (၁၀မိနစ္ခန္႕ထားပါ)

(၆) ရွားေစာင္းလက္ပက္ဂ်ယ္လ္
ရွားေစာင္းလက္ပက္ဂ်ယ္လ္ကို မည္းေနတဲ့ေနရာေတြမွာ လိမ္းေပးၿပီးနာရီဝက္ခန္႕ ထားထားေပးပါ။ ထို႕ေနာက္ ေရနဲ႕ ေဆးခ်လိုက္ပါ။

(၇) ေနေရာင္ျခည္ကာ လိုးရွင္း
အျပင္သြားတဲ့အခါတိုင္းမွာ Sunscreen ကို သတိထားၿပီး အၿမဲလိမ္းေပးပါ။ ဒါမွမဟုတ္ ေရခ်ိဳးၿပီးတိုင္းမွာ Moisturizer ကို
အၿမဲလိမ္းေပးလို႕လည္းရပါတယ္။

(၈) အေရာင္ခၽြတ္ေပးတဲ့သစ္သီးမ်ား

သံပယိုသီး၊ ခရမ္းခ်ဥ္သီးနွင့္ စပ်စ္သီးကဲ့သုိ႕ေသာ သစ္သီးေတြမွာ အေရာင္ခၽြတ္ေပးနိုင္တဲ့ဂုဏ္သတၱိေတြ ပါဝင္ၿပီး အသားေရမည္းညစ္ေနတာကို ဖယ္ရွားေပးနိုင္စြမ္းရွိပါတယ္။ ဒါေႀကာင့္ ဒီသစ္သီးေလးေတြကို ေန႕စဥ္အသံုးျပဳေပးမယ္ဆိုရင္
သိသာထူးျခားလာမွာပါ။ သစ္သီးေလးေတြကိုေျပာင္းၿပီးေတာ့လည္း အသံုးျပဳနိုင္ပါတယ္။


Credit:Forhermyanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရှော့ပင်းထွက်တဲ့အခါ စကတ်တိုတိုလေးတွေ ဘောင်းဘီတိုတိုလေးတွေ လက်ပြတ်လှလှလေးတွေကို ဝယ်မယ်လုပ်တိုင်းဒူးလေးတွေ မည်းနေတာ တံတောင်ဆစ်လေးတွေ မည်းနေတာကို သတိသွားရမိလို့ မဝယ်ဖြစ်ဘူးဟုတ်။ဒါကြောင့် တံတောင်ဆစ် ဒူးဆစ်လေးတွေ မည်းနေတာကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

အသားအရေခြောက်သွေ့မှုကြောင့်လည်းကောင်း၊ နေရောင်နဲ့အထိတွေ့များမှုကြောင့်လည်းကောင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့်လည်းကောင်း၊ တံတောင်ဆစ်နှင့် ဒူးခေါင်းကို စားပွဲပေါ်မှာ အလွန်မှီထားခြင်းကြောင့်လည်းကောင်း အစရှိတဲ့ အကြောင်းအရာတွေကြောင့် တံတောင်ဆစ်နှင့် ဒူးခေါင်းလေးတွေ မည်းရခြင်းဖြစ်ပါတယ်။

(၁) မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်းတစ်ဇွန်းကို နွားနို့နဲ့ရောပြီး အနှစ်လေးတစ်ခုရအောင် ပြုလုပ်ပါ။
ထိုအနှစ်ကို ဒူးခေါင်းနဲ့ တံတောင်ဆစ်မှာ လိမ်းပြီး စက်ဝိုင်းပုံ ပွတ်ပေးပါ။ နှစ်ရက်ခြားတစ်ခါ ပုံမှန်လုပ်ပေးမယ်ဆိုရင်
ထူးခြားချက်ကိုတွေ့လာရမှာပါ။

(၂) ဆနွင်းမှုန့်၊ ပျားရည်နှင့် နွားနို့

ဆနွင်းမှုန့်၊ ပျားရည်နှင့် နွားနို့တို့ကို ရောပြီး မည်းတဲ့နေရာတွေမှာ လိမ်းပေးပါ။ မိနစ်၂၀ လောက်ထားပြီးနောက်
လက်တွေကို ရေဆွတ်ပြီး ၂မိနစ်ခန့် ပွတ်ပေးပါ။ ထို့နောက် ရေနဲ့ ဆေးချပေးပါ။

(၃) သကြားနှင့်သံလွင်ဆီ
သံလွင်ဆီနှင့် သကြားကို ဆတူရောစပ်ပြီး အနှစ်ပြုလုပ်ပါ။ ထိုအနှစ်ကို ဒူးခေါင်းနှင့်တံတောင်ဆစ်မှာ သုတ်လိမ်းပြီး ငါးမိနစ်ခန့် ပွတ်ပေးပါ။ ထို့နောက် အပျော့စားဆပ်ပြာတစ်မျိုးကို အသုံးပြုပြီး ရေနဲ့ဆေးချပါ။

(၄) သံပယိုရည်နှင့်ပျားရည်
သံပယိုရည်နှင့် ပျားရည် (စားပွဲတင်ဇွန်းတစ်ဇွန်း)တို့ကို ရောပြီးမည်းနေတဲ့နေရာတွေမှာ သုတ်လိမ်းပေးပါ။
မိနစ်၂၀ခန့်ထားပြီး ရေနဲ့ဆေးချပေးပါ။

(၅) သံလွင်ဆီ
သံလွင်ဆီကို နေ့စဉ် မှန်မှန် လိမ်းပေးပါ။ (၁၀မိနစ်ခန့်ထားပါ)

(၆) ရှားစောင်းလက်ပက်ဂျယ်လ်
ရှားစောင်းလက်ပက်ဂျယ်လ်ကို မည်းနေတဲ့နေရာတွေမှာ လိမ်းပေးပြီးနာရီဝက်ခန့် ထားထားပေးပါ။ ထို့နောက် ရေနဲ့ ဆေးချလိုက်ပါ။

(၇) နေရောင်ခြည်ကာ လိုးရှင်း
အပြင်သွားတဲ့အခါတိုင်းမှာ Sunscreen ကို သတိထားပြီး အမြဲလိမ်းပေးပါ။ ဒါမှမဟုတ် ရေချိုးပြီးတိုင်းမှာ Moisturizer ကို
အမြဲလိမ်းပေးလို့လည်းရပါတယ်။

(၈) အရောင်ချွတ်ပေးတဲ့သစ်သီးများ

သံပယိုသီး၊ ခရမ်းချဉ်သီးနှင့် စပျစ်သီးကဲ့သို့သော သစ်သီးတွေမှာ အရောင်ချွတ်ပေးနိုင်တဲ့ဂုဏ်သတ္တိတွေ ပါဝင်ပြီး အသားရေမည်းညစ်နေတာကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဒီသစ်သီးလေးတွေကို နေ့စဉ်အသုံးပြုပေးမယ်ဆိုရင်
သိသာထူးခြားလာမှာပါ။ သစ်သီးလေးတွေကိုပြောင်းပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။


Credit:Forhermyanmar



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top