iMyanmarHouse.com - Best Property Website for Myanmar
×

 ေနမေကာင္းျဖစ္ေနပါက အရည္မ်ားမ်ားေသာက္ရန္ ဆရာ၀န္ မ်ားက အၿမဲအႀကံေပးေလ့ရိွသည္။

သုိ႔ေသာ္ ေလ့လာမႈအသစ္တစ္ခုက ေရကုိ အလြန္မ်ားျပားစြာ ေသာက္သံုးမႈအႏၲရာယ္ႏွင့္ ယင္းအစဥ္အလာအတုိင္း အႀကံျပဳခ်က္ကုိ ေထာက္ခံရန္ ေနာက္ထပ္ေလ့လာမႈမ်ား ျပဳလုပ္ရန္ လုိအပ္သည္ကုိ ေထာက္ျပထားသည္။

တုပ္ေကြး (သုိ႔မဟုတ္) အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါ မ်ားျဖစ္ပြားေနပါက အရည္မ်ားမ်ားေသာက္ေပးရန္ အႀကံျပဳျခင္းသည္ မ်ိဳးဆက္ေပါင္းမ်ားစြာအထိရိွခဲ့ေသာ အႀကံျပဳခ်က္တစ္ခုျဖစ္ သည္။

သီအုိရီအရ ယင္းမွာ ေကာင္းေသာအႀကံျပဳခ်က္ဟု မွတ္ယူရ သည္။

ထို႔အျပင္ ဖ်ားနာျခင္း၊ ေအာ့အန္ျခင္းတုိ႔ေၾကာင့္ ခႏၶာကုိယ္မွ ဆံုး႐ႈံးသြားေသာ ေရဓာတ္မ်ားကို ျဖည့္တင္းေပးရာလည္း ေရာက္သည္။

သုိ႔ေသာ္ ယခုေလ့လာမႈက ေရေသာက္မ်ားလြန္းေသာေၾကာင့္ အႏၲရာယ္ရိွႏုိင္ေၾကာင္း ေဖာ္ျပသည္။

သို႔ေသာ္ ဆီးလမ္းေၾကာင္းေရာဂါ(UTI) ျဖစ္ေနသူတစ္ဦးသည္ ေရအမ်ားႀကီးေသာက္ၿပီး ယင္းေရာဂါထပ္မံျဖစ္ပြားေၾကာင္း ေလ့ လာေတြ႕ရိွခဲ့သည္။

ဆရာ၀န္မ်ားက နာရီ၀က္ၾကာတုိင္း ေရတစ္ခြက္ေသာက္ရန္ လမ္းၫႊန္ခ်က္အရ ၎သည္ တစ္ေန႔တည္း ေရလီတာေပါင္းမ်ား စြာ ေသာက္သံုးေသာ္လည္း ေရာဂါအေျခအေနမွာ ပုိမုိဆုိးရြားလာ ခဲ့သျဖင့္ အေရးေပၚဌာနသုိ႔ သြား၍ ကုသမႈခံယူခဲ့ရသည္။

ထုိ႔အျပင္ေရကုိ လြန္ကဲစြာေသာက္ျခင္းေၾကာင့္ ခႏၶာကုိယ္ တြင္း ဆားဓာတ္ပမာဏပံုမွန္မဟုတ္ဘဲ နည္းပါးမႈႏွင့္ ႀကံဳေတြ႕ႏုိင္ သည္။

ယင္းအေျခအေနေၾကာင့္ အာ႐ံုေၾကာဆုိင္ရာ ေနာက္ဆက္တြဲ ျပႆနာမ်ား ျဖစ္ေပၚလာႏုိင္သည္။

ဆားဓာတ္အလြန္နည္းပါးေနပါက ေလျဖတ္ျခင္း၊ ေမ့ေျမာ ျခင္းႏွင့္ အသက္ေသဆံုးျခင္းတုိ႔ ျဖစ္ႏုိင္သည္။ 


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

credit : 7day daily

#Unicode Version

 နေမကောင်းဖြစ်နေပါက အရည်များများသောက်ရန် ဆရာဝန် များက အမြဲအကြံပေးလေ့ရှိသည်။

သို့သော် လေ့လာမှုအသစ်တစ်ခုက ရေကို အလွန်များပြားစွာ သောက်သုံးမှုအန္တရာယ်နှင့် ယင်းအစဉ်အလာအတိုင်း အကြံပြုချက်ကို ထောက်ခံရန် နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်သည်ကို ထောက်ပြထားသည်။

တုပ်ကွေး (သို့မဟုတ်) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များဖြစ်ပွားနေပါက အရည်များများသောက်ပေးရန် အကြံပြုခြင်းသည် မျိုးဆက်ပေါင်းများစွာအထိရှိခဲ့သော အကြံပြုချက်တစ်ခုဖြစ် သည်။

သီအိုရီအရ ယင်းမှာ ကောင်းသောအကြံပြုချက်ဟု မှတ်ယူရ သည်။

ထို့အပြင် ဖျားနာခြင်း၊ အော့အန်ခြင်းတို့ကြောင့် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော ရေဓာတ်များကို ဖြည့်တင်းပေးရာလည်း ရောက်သည်။

သို့သော် ယခုလေ့လာမှုက ရေသောက်များလွန်းသောကြောင့် အန္တရာယ်ရှိနိုင်ကြောင်း ဖော်ပြသည်။

သို့သော် ဆီးလမ်းကြောင်းရောဂါ(UTI) ဖြစ်နေသူတစ်ဦးသည် ရေအများကြီးသောက်ပြီး ယင်းရောဂါထပ်မံဖြစ်ပွားကြောင်း လေ့ လာတွေ့ရှိခဲ့သည်။

ဆရာဝန်များက နာရီဝက်ကြာတိုင်း ရေတစ်ခွက်သောက်ရန် လမ်းညွှန်ချက်အရ ၎င်းသည် တစ်နေ့တည်း ရေလီတာပေါင်းများ စွာ သောက်သုံးသော်လည်း ရောဂါအခြေအနေမှာ ပိုမိုဆိုးရွားလာ ခဲ့သဖြင့် အရေးပေါ်ဌာနသို့ သွား၍ ကုသမှုခံယူခဲ့ရသည်။

ထို့အပြင်ရေကို လွန်ကဲစွာသောက်ခြင်းကြောင့် ခန္ဓာကိုယ် တွင်း ဆားဓာတ်ပမာဏပုံမှန်မဟုတ်ဘဲ နည်းပါးမှုနှင့် ကြုံတွေ့နိုင် သည်။

ယင်းအခြေအနေကြောင့် အာရုံကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

ဆားဓာတ်အလွန်နည်းပါးနေပါက လေဖြတ်ခြင်း၊ မေ့မြော ခြင်းနှင့် အသက်သေဆုံးခြင်းတို့ ဖြစ်နိုင်သည်။ 

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top