iMyanmarHouse.com - Best Property Website for Myanmar
×

၀ိုင္ကို သင့္တင့္မွ်တတဲ့ ပမာဏ ေသာက္သံုးျခင္းဟာ စိတ္က်ေ၀ဒနာ ကို သက္သာေစမယ္လို႔ သုေတသန တစ္ခုက ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

ယမကာအထူးသျဖင့္ ၀ိုင္ကို သင့္ေတာ္ တဲ့ ပမာဏေသာက္သံုးျခင္းဟာ ႏွလံုး ေရာဂါကို ကာကြယ္ႏိုင္တယ္ဆုိတာ ကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ယခုေလ့လာ မႈအရေတာ့ စိတ္က်ေ၀ဒနာကိုပါ သက္သာေစႏိုင္တယ္လို႔ သိရွိရပါၿပီ။

သုေတသနမွာ ၀ိုင္ေသာက္သံုး သူ ၅၅၀၀ေက်ာ္ကို  ခုနစ္ႏွစ္ၾကားေလ့ လာခဲ့ၿပီး ပါ၀င္သူေတြဟာ အသက္ ၅၅ႏွစ္မွ ၈၀အတြင္းရွိသူမ်ား ျဖစ္ၾက ပါတယ္။

ယမကာမွီ၀ဲတဲ့ ပမာဏ၊ စိတ္က်န္းမာေရးအေျခအေန၊ ဘ၀ ေနထိုင္မႈေတြကိုပါေမးခြန္းေတြ ေမး ျမန္းျခင္း၊ စမ္းသပ္စစ္ေဆးျခင္းေတြ လုပ္ခဲ့ပါတယ္။ ပါ၀င္သူေတြ အမ်ား ဆံုး ေရြးခ်ယ္တဲ့ ယမကာအမ်ိဳးအစား ကေတာ့ ၀ိုင္ပဲ ျဖစ္ပါတယ္။

တစ္ပတ္ ကို ၀ိုင္ေလးခြက္ကေန ခုနစ္ခြက္အထိ ေသာက္သံုးသူေတြမွာ စိတ္က်ေ၀ဒ နာ စြဲကပ္ႏႈန္း အနည္းပါးဆံုးျဖစ္တယ္ ဆိုတာကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

ေလ့လာမႈေခါင္းေဆာင္ စပိန္ ႏိုင္ငံ၊ University of Navarra မွ ပါေမာကၡ Dr Magvel Gonzalez က “၀ိုင္မွာပါတဲ့resveratrol နဲ႔ အျခားဖီေနာ္ဓာတ္ေပါင္းေတြက စိတ္က်ေ၀ဒနာကိုျဖစ္ေစႏိုင္တဲ့ ဦး ေႏွာက္အစိတ္အပိုင္းေတြကို ထိန္း ခ်ဳပ္ေပးႏိုင္ပါတယ္။ ႏွ

လံုးေရာဂါအ ျပင္ စိတ္က်ျခင္းကိုပါ ကာကြယ္ႏိုင္ တဲ့အတြက္ ၀ိုင္ကိုသင့္တင့္မွ်တတဲ့ ပမာဏေတာ့ ေသာက္သံုးေပးသင့္ ပါတယ္””လို႔ ရွင္းျပခဲ့ပါတယ္။ ဒီေလ့လာမႈကို Journal BMC medicine မွာေဖာ္ျပထားပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : Health Updates Journal

#Unicode Version

ဝိုင်ကို သင့်တင့်မျှတတဲ့ ပမာဏ သောက်သုံးခြင်းဟာ စိတ်ကျဝေဒနာ ကို သက်သာစေမယ်လို့ သုတေသန တစ်ခုက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ယမကာအထူးသဖြင့် ဝိုင်ကို သင့်တော် တဲ့ ပမာဏသောက်သုံးခြင်းဟာ နှလုံး ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ ကို ဖော်ထုတ်နိုင်ခဲ့ပြီး ယခုလေ့လာ မှုအရတော့ စိတ်ကျဝေဒနာကိုပါ သက်သာစေနိုင်တယ်လို့ သိရှိရပါပြီ။

သုတေသနမှာ ဝိုင်သောက်သုံး သူ ၅၅၀၀ကျော်ကို  ခုနစ်နှစ်ကြားလေ့ လာခဲ့ပြီး ပါဝင်သူတွေဟာ အသက် ၅၅နှစ်မှ ၈၀အတွင်းရှိသူများ ဖြစ်ကြ ပါတယ်။

ယမကာမှီဝဲတဲ့ ပမာဏ၊ စိတ်ကျန်းမာရေးအခြေအနေ၊ ဘ၀ နေထိုင်မှုတွေကိုပါမေးခွန်းတွေ မေး မြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတွေ လုပ်ခဲ့ပါတယ်။ ပါဝင်သူတွေ အများ ဆုံး ရွေးချယ်တဲ့ ယမကာအမျိုးအစား ကတော့ ဝိုင်ပဲ ဖြစ်ပါတယ်။

တစ်ပတ် ကို ဝိုင်လေးခွက်ကနေ ခုနစ်ခွက်အထိ သောက်သုံးသူတွေမှာ စိတ်ကျဝေဒ နာ စွဲကပ်နှုန်း အနည်းပါးဆုံးဖြစ်တယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

လေ့လာမှုခေါင်းဆောင် စပိန် နိုင်ငံ၊ University of Navarra မှ ပါမောက္ခ Dr Magvel Gonzalez က “ဝိုင်မှာပါတဲ့resveratrol နဲ့ အခြားဖီနော်ဓာတ်ပေါင်းတွေက စိတ်ကျဝေဒနာကိုဖြစ်စေနိုင်တဲ့ ဦး နှောက်အစိတ်အပိုင်းတွေကို ထိန်း ချုပ်ပေးနိုင်ပါတယ်။ နှ

လုံးရောဂါအ ပြင် စိတ်ကျခြင်းကိုပါ ကာကွယ်နိုင် တဲ့အတွက် ဝိုင်ကိုသင့်တင့်မျှတတဲ့ ပမာဏတော့ သောက်သုံးပေးသင့် ပါတယ်””လို့ ရှင်းပြခဲ့ပါတယ်။ ဒီလေ့လာမှုကို Journal BMC medicine မှာဖော်ပြထားပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : Health Updates Journal
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top