iMyanmarHouse.com - Best Property Website for Myanmar
×






Credit : thithtoolwin

#Unicode Version

Honey Water ဆိုကတော့ ပျားရည်ကို ရေနွေးလေးနဲ့ရောထားတာကို ဆိုလိုတာဖြစ်ပါတယ်။ အရမ်းကို အာဟာရဖြစ်ပြီး ကျန်းမာရေးအတွက် အကောင်းဆုံးအစားအသောက်တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ မနက်ခင်းတိုင်းမှာ ပျားရည်တစ်ဇွန်းကို ရေနွေးတစ်ခွက်ထဲ ရောသောက်မယ်ဆို တစ်နေ့တာလုံးလန်းဆန်းနေမှာ သေချာပါတယ်။

 Honey Water မှာပါဝင်တဲ့ သဘာဝသကြားဓါတ်ကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူများအတွက် အသင့်တော်ဆုံးဓါတ်စာ ဖြစ်နေပါတယ်။ ဒါ့အပြင် Honey Water ဟာ အစောချေစနစ်ကို အထူးကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ နောက်ပြီး ဓါတ်မတည့်မှုဖြစ်စဉ်များကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။

 Honey Water က HDL လို့ခေါ်တဲ့ မြင့်မားတဲ့ကိုလက်စရောအဆင့်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပြီး နှလုံးကိုဖိအားပေးနိုင်တဲ့ Stress ဟော်မုန်းထုတ်လုပ်မှုကို တားဆီးပေးနိုင်တာကြောင့် နှလုံးရောဂါပြသာနာရှိနေသူများအတွက် အထောက်အကူပြုနိုင်ပါတယ်။ ဒီလို ကျန်းမာရေးကိစ္စများအတွက် ရှုထောင့်မျိုးစုံက အသုံးဝင်နေတဲ့ Honey Water ကို နေ့စဉ်သောက်သုံးရင်း ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top