iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္၀န္ေဆာင္မိခင္တစ္ေယာက္ျဖစ္လာၿပီဆိုကတည္းက ခႏၶာကိုယ္တြင္းရွိ ေဟာ္မုန္းအေျပာင္း အလဲေၾကာင့္ စိတ္ပိုင္းဆိုင္ရာမွာသာမက ႐ုပ္ပိုင္းဆိုင္ရာမွာပါ ေျပာင္းလဲတာေတြခံစားရမွာျဖစ္သလို ဗိုက္မွာအေမြးအမွ်င္ေလးေတြ ေပါက္လာတာ၊  ေလတက္တာ၊ ၀မ္းခ်ဳပ္တာ၊ မိန္းမကိုယ္မွ အခၽြဲမ်ားမ်ားဆင္းတာ၊ လိပ္ေခါင္းေရာဂါခံစားရတာ စတဲ့ခႏၶာကိုယ္မွ ထူးထူးျခားျခားျဖစ္ေပၚမႈေတြကို  ယခင္ကမႀကံဳဖူးေပမယ့္လည္း  ကိုယ္၀န္ေဆာင္ခ်ိန္မွာ အနည္းနဲ႔အမ်ားေတာ့ ခံစားရတတ္ပါတယ္။ ယင္းကဲ့သို႔  ကိုယ္၀န္ေဆာင္ခ်ိန္အတြင္းျဖစ္ေပၚေလ့ရွိတဲ့  ခႏၶာကိုယ္မွေျပာင္းလဲမႈျဖစ္စဥ္ေတြကို စိတ္ညစ္စရာလို႔ သေဘာမထားသင့္ပါဘူး။  ဒါေၾကာင့္ ကိုယ္၀န္ေဆာင္ခ်ိန္အတြင္း ခံစားရေလ့ရွိတတ္တဲ့လကၡဏာအခ်ဳိ႕နဲ႔ယင္းလကၡဏာေတြဘာေၾကာင့္ျဖစ္လာရသလဲဆိုတာနဲ႔
ပတ္သက္ၿပီး ကိုယ္၀န္ေဆာင္ေတာ့မယ့္မိခင္ေတြနဲ႔ ကိုယ္၀န္လြယ္ထားရၿပီျဖစ္တဲ့မိခင္ေတြ သိရွိထားသင့္ပါတယ္။

1. ေလလည္ျခင္း၊  ေလခ်ဥ္တက္ျခင္း

 ကိုယ္၀န္ေဆာင္သည္တိုင္းလိုလို မၾကာခဏ ေလလည္ျခင္း၊ ေလခ်ဥ္တက္ျခင္းကို ခံစားရေလ့ရွိတတ္ပါတယ္။ ကိုယ္၀န္ေဆာင္ခ်ိန္မွာ ထြက္လာတဲ့ေဟာ္မုန္းေတြဟာ အစာအိမ္နဲ႔ အူလမ္းေၾကာင္းလုပ္ငန္းစဥ္ကိုေႏွးေစၿပီး အူလမ္းေၾကာင္းရွိႂကြက္သားေတြဟာ အစာေျခခ်ိန္မွာထြက္လာတဲ့ဓာတ္ေငြ႔ေတြကို ထိန္းထားႏိုင္အားမေကာင္းေတာ့တာေၾကာင့္ ၄င္း ဓာတ္ေငြ႔ေတြဟာ ေလလည္ျခင္း၊ ေလခ်ဥ္တက္ျခင္းအျဖစ္နဲ႔ ခႏၶာကိုယ္ျပင္ပသို႔ ထြက္လာရျခင္းျဖစ္ပါတယ္။ယင္းကဲ့သို႕  ေလလည္ျခင္း၊  ေလခ်ဥ္တက္ျခင္းမျဖစ္ေအာင္တားလို႔
မရေပမယ့္ ေလ့က်င့္ခန္းလုပ္ျခင္း၊အစားအေသာက္ေျပာင္းလဲျခင္းတို႔ျဖင့္ ေလ်ာ့နည္းေအာင္လုပ္လို႔
ရပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းေၾကာင့္ အူလမ္းေၾကာင္းလႈပ္ရွားမႈအားေကာင္းေစၿပီး ဓာတ္ေငြ႔အထြက္နည္းေစမွာျဖစ္ပါတယ္။ အခ်ဳိရည္၊ ပဲ၊ ပန္းေဂၚဖီစိမ္း၊ ပန္းေဂၚဖီနဲ႔ သစ္သီးေျခာက္ စတဲ့အစားအစာေတြက အူလမ္းေၾကာင္းမွာ ဓာတ္ေငြ႕ေတြစုေစတဲ့ အတြက္ မၾကာခဏ ေလလည္၊ ေလခ်ဥ္တက္ျခင္းေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေနရသူ ကိုယ္၀န္ေဆာင္မိခင္ေတြအေနနဲ႔ စားဖို႔ေရွာင္က်ဥ္သင့္တဲ့ အစားအစာေတြျဖစ္ပါတယ္။

2. ဆီးမထိန္းႏိုင္ျခင္း

သေႏၶသားဖြံ႔ၿဖဳိးလာတာနဲ႔အမွ် သားအိမ္ကလည္း ႀကီးလာတဲ့အတြက္ ကေလးကဆီးအိမ္အေပၚ ဖိထားသလိုျဖစ္တာေၾကာင့္ မိခင္မွာႏွာေခ်တာ၊ ေခ်ာင္းဆိုးတာ၊ ရယ္ေမာတာ စတဲ့အေျခအေနမ်ဳိးမွာေတာင္ ဆီးစိမ့္ထြက္သြားတာျဖစ္တတ္ပါတယ္။  ဆီးကိုမေအာင့္ထားႏိုင္ဘဲ အိမ္သာသို႔ အလ်င္စလို သြားရျခင္း၊ ဆီးစက္နည္းနည္းစီထြက္က်ျခင္းမျဖစ္ေစဖို႔အတြက္ ႏွစ္နာရီျခားတစ္ခါေလာက္အေပါ့သြားဖို႔ ကိုယ့္ကိုယ္ကို သတိထားသင့္ပါတယ္။

3. အေမႊးအမွ်င္မ်ား ေပါက္လာျခင္း

 ကိုယ္၀န္ေဆာင္ခ်ိန္မွာ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ခႏၶာကိုယ္ရွိအေမႊးအမွ်င္ေပါက္ေလ့ မရွိတဲ့ေနရာေတြျဖစ္တဲ့ ရင္သား၊ ၀မ္းဗိုက္နဲ႔ မ်က္ႏွာမွာ အေမႊးအမွ်င္ေလးေတြထြက္လာတတ္ပါတယ္။  ကိုယ္၀န္ေဆာင္တစ္ေယာက္အေနနဲ႔ ခႏၶာကိုယ္ရွိ မလိုအပ္တဲ့အေမႊးအမွ်င္ေတြဖယ္ရွားဖို႔  ဇာဂနာနဲ႔ႏႈတ္တာ ဒါမွမဟုတ္ waxing လုပ္တာ စတဲ့နည္းႏွစ္မ်ဳိးကိုသာ အသံုးျပဳသင့္ပါတယ္။

4.  အနံ႔အသက္မ်ားကိုမႏွစ္ၿမိဳ႕ျခင္း

 ကိုယ္၀န္ေဆာင္ခ်ိန္မွာ အနံ႔တစ္ခုခုရလိုက္တဲ့အခါ အနံ႔ျပင္းျပင္းစူးရွတဲ့အနံ႔လို႔သာခံစားမိတာေၾကာင့္  အစားအစာအနံ႔၊   တခ်ဳိ႕ေမႊးရနံ႔ေတြဆိုရင္ မႏွစ္ၿမဳိ႕တာေတြျဖစ္လာတတ္ပါတယ္။ တခါတရံမွာ မိန္းမကိုယ္န႔ံထြက္ေနေၾကာင္းကိုလည္းခံစားသိရွိႏိုင္ပါတယ္။ဒါဟာအခၽြဲေတြမ်ားေနျခင္းေၾကာင့္
ျဖစ္ရတာပါ။ ဒါေပမယ့္ မိန္းမကိုယ္န႔ံထြက္တာပိုဆိုးလာမယ္ဆိုရင္ေတာ့ မႈိပိုးကူးစက္ခံရျခင္း
 ေၾကာင့္ျဖစ္ႏိုင္တဲ့အတြက္ ဆရာ၀န္နဲ႔ျပသင့္ပါတယ္။ 

5. လိပ္ေခါင္းေရာဂါျဖစ္ျခင္း

 လိပ္ေခါင္းေရာဂါဆိုတာ ၀မ္းခ်ဳပ္ျခင္းေၾကာင့္ျဖစ္လာရတဲ့ ေရာဂါလကၡဏာတစ္ခုပါ။ ကိုယ္၀န္ေဆာင္ခ်ိန္မွာ ၀မ္းခ်ဳပ္ျခင္းကို မၾကာခဏခံစားရေလ့ရွိတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္၀န္ေဆာင္ခ်ိန္မွာ ၀မ္းမခ်ဳပ္ေစဖို႔အတြက္ ေရမ်ားမ်ားေသာက္ျခင္း၊ အမွ်င္ဓာတ္ႂကြယ္၀တဲ့ အစားအစာေတြ စားသံုးျခင္းတို႔ကို အထူးဂ႐ုျပဳေဆာင္ရြက္သင့္ပါတယ္။

6. ၀က္ၿခံထြက္ျခင္း 

 ကိုယ္၀န္ေဆာင္ခ်ိန္မွာ ခႏၶာကိုယ္တြင္းေဟာ္မုန္းေတြမ်ားေနျခင္းေၾကာင့္ ၀က္ၿခံထြက္လာရျခင္းျဖစ္ပါတယ္။ ၀က္ၿခံေပ်ာက္ေဆးသံုးေတာ့မယ္ဆိုရင္ ဆရာ၀န္နဲ႔ ေမးျမန္းၿပီးမွသာသံုးသင့္ပါတယ္။

7. ကာမဆႏၵေလ်ာ့နည္းလာျခင္း

 ကိုယ္အေလးခ်ိန္တက္လာျခင္း၊ ႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲလာျခင္းေၾကာင့္  ဆြဲေဆာင္ႏိုင္အားနည္းသြားၿပီလို႔ မိမိကိုယ္ကိုခံစားမိေစတဲ့အတြက္ ကိုယ္၀န္ေဆာင္ခ်ိန္မွာ ကာမဆႏၵနည္းသြားတတ္ပါတယ္။ သင့္အေနနဲ႔ ကာမဆနၵနည္းေနျခင္းနဲ႔ပတ္သက္ၿပီး ေျပာျပဖို႔အခက္အခဲေတြ႔ေနမယ္ဆိုပါက သင့္သားဖြားဆရာ၀န္ထံမွအၾကံဉာဏ္ရယူသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:DrMyanmar


#Unicode Version
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်လာပြီဆိုကတည်းက ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းအပြောင်း အလဲကြောင့် စိတ်ပိုင်းဆိုင်ရာမှာသာမက ရုပ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲတာတွေခံစားရမှာဖြစ်သလို ဗိုက်မှာအမွေးအမျှင်လေးတွေ ပေါက်လာတာ၊  လေတက်တာ၊ ဝမ်းချုပ်တာ၊ မိန်းမကိုယ်မှ အချွဲများများဆင်းတာ၊ လိပ်ခေါင်းရောဂါခံစားရတာ စတဲ့ခန္ဓာကိုယ်မှ ထူးထူးခြားခြားဖြစ်ပေါ်မှုတွေကို  ယခင်ကမကြုံဖူးပေမယ့်လည်း  ကိုယ်ဝန်ဆောင်ချိန်မှာ အနည်းနဲ့အများတော့ ခံစားရတတ်ပါတယ်။ ယင်းကဲ့သို့  ကိုယ်ဝန်ဆောင်ချိန်အတွင်းဖြစ်ပေါ်လေ့ရှိတဲ့  ခန္ဓာကိုယ်မှပြောင်းလဲမှုဖြစ်စဉ်တွေကို စိတ်ညစ်စရာလို့ သဘောမထားသင့်ပါဘူး။  ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ခံစားရလေ့ရှိတတ်တဲ့လက္ခဏာအချို့နဲ့ယင်းလက္ခဏာတွေဘာကြောင့်ဖြစ်လာရသလဲဆိုတာနဲ့

ပတ်သက်ပြီး ကိုယ်ဝန်ဆောင်တော့မယ့်မိခင်တွေနဲ့ ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့မိခင်တွေ သိရှိထားသင့်ပါတယ်။

1. လေလည်ခြင်း၊  လေချဉ်တက်ခြင်း

 ကိုယ်ဝန်ဆောင်သည်တိုင်းလိုလို မကြာခဏ လေလည်ခြင်း၊ လေချဉ်တက်ခြင်းကို ခံစားရလေ့ရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ဟော်မုန်းတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းလုပ်ငန်းစဉ်ကိုနှေးစေပြီး အူလမ်းကြောင်းရှိကြွက်သားတွေဟာ အစာခြေချိန်မှာထွက်လာတဲ့ဓာတ်ငွေ့တွေကို ထိန်းထားနိုင်အားမကောင်းတော့တာကြောင့် ၎င်း ဓာတ်ငွေ့တွေဟာ လေလည်ခြင်း၊ လေချဉ်တက်ခြင်းအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပသို့ ထွက်လာရခြင်းဖြစ်ပါတယ်။ယင်းကဲ့သို့  လေလည်ခြင်း၊  လေချဉ်တက်ခြင်းမဖြစ်အောင်တားလို့

မရပေမယ့် လေ့ကျင့်ခန်းလုပ်ခြင်း၊အစားအသောက်ပြောင်းလဲခြင်းတို့ဖြင့် လျော့နည်းအောင်လုပ်လို့

ရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုအားကောင်းစေပြီး ဓာတ်ငွေ့အထွက်နည်းစေမှာဖြစ်ပါတယ်။ အချိုရည်၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီနဲ့ သစ်သီးခြောက် စတဲ့အစားအစာတွေက အူလမ်းကြောင်းမှာ ဓာတ်ငွေ့တွေစုစေတဲ့ အတွက် မကြာခဏ လေလည်၊ လေချဉ်တက်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသူ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားဖို့ရှောင်ကျဉ်သင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။

2. ဆီးမထိန်းနိုင်ခြင်း


သန္ဓေသားဖွံ့ဖြိုးလာတာနဲ့အမျှ သားအိမ်ကလည်း ကြီးလာတဲ့အတွက် ကလေးကဆီးအိမ်အပေါ် ဖိထားသလိုဖြစ်တာကြောင့် မိခင်မှာနှာချေတာ၊ ချောင်းဆိုးတာ၊ ရယ်မောတာ စတဲ့အခြေအနေမျိုးမှာတောင် ဆီးစိမ့်ထွက်သွားတာဖြစ်တတ်ပါတယ်။  ဆီးကိုမအောင့်ထားနိုင်ဘဲ အိမ်သာသို့ အလျင်စလို သွားရခြင်း၊ ဆီးစက်နည်းနည်းစီထွက်ကျခြင်းမဖြစ်စေဖို့အတွက် နှစ်နာရီခြားတစ်ခါလောက်အပေါ့သွားဖို့ ကိုယ့်ကိုယ်ကို သတိထားသင့်ပါတယ်။

3. အမွှေးအမျှင်များ ပေါက်လာခြင်း

 ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်ရှိအမွှေးအမျှင်ပေါက်လေ့ မရှိတဲ့နေရာတွေဖြစ်တဲ့ ရင်သား၊ ဝမ်းဗိုက်နဲ့ မျက်နှာမှာ အမွှေးအမျှင်လေးတွေထွက်လာတတ်ပါတယ်။  ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ရှိ မလိုအပ်တဲ့အမွှေးအမျှင်တွေဖယ်ရှားဖို့  ဇာဂနာနဲ့နှုတ်တာ ဒါမှမဟုတ် waxing လုပ်တာ စတဲ့နည်းနှစ်မျိုးကိုသာ အသုံးပြုသင့်ပါတယ်။

4.  အနံ့အသက်များကိုမနှစ်မြို့ခြင်း

 ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့တစ်ခုခုရလိုက်တဲ့အခါ အနံ့ပြင်းပြင်းစူးရှတဲ့အနံ့လို့သာခံစားမိတာကြောင့်  အစားအစာအနံ့၊   တချို့မွှေးရနံ့တွေဆိုရင် မနှစ်မြို့တာတွေဖြစ်လာတတ်ပါတယ်။ တခါတရံမှာ မိန်းမကိုယ်နံ့ထွက်နေကြောင်းကိုလည်းခံစားသိရှိနိုင်ပါတယ်။ဒါဟာအချွဲတွေများနေခြင်းကြောင့်

ဖြစ်ရတာပါ။ ဒါပေမယ့် မိန်းမကိုယ်နံ့ထွက်တာပိုဆိုးလာမယ်ဆိုရင်တော့ မှိုပိုးကူးစက်ခံရခြင်း

 ကြောင့်ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသင့်ပါတယ်။

5. လိပ်ခေါင်းရောဂါဖြစ်ခြင်း

 လိပ်ခေါင်းရောဂါဆိုတာ ဝမ်းချုပ်ခြင်းကြောင့်ဖြစ်လာရတဲ့ ရောဂါလက္ခဏာတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ခြင်းကို မကြာခဏခံစားရလေ့ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းမချုပ်စေဖို့အတွက် ရေများများသောက်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းတို့ကို အထူးဂရုပြုဆောင်ရွက်သင့်ပါတယ်။

6. ဝက်ခြံထွက်ခြင်း

 ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းဟော်မုန်းတွေများနေခြင်းကြောင့် ဝက်ခြံထွက်လာရခြင်းဖြစ်ပါတယ်။ ဝက်ခြံပျောက်ဆေးသုံးတော့မယ်ဆိုရင် ဆရာဝန်နဲ့ မေးမြန်းပြီးမှသာသုံးသင့်ပါတယ်။

7. ကာမဆန္ဒလျော့နည်းလာခြင်း


 ကိုယ်အလေးချိန်တက်လာခြင်း၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲလာခြင်းကြောင့်  ဆွဲဆောင်နိုင်အားနည်းသွားပြီလို့ မိမိကိုယ်ကိုခံစားမိစေတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ကာမဆန္ဒနည်းသွားတတ်ပါတယ်။ သင့်အနေနဲ့ ကာမဆန္ဒနည်းနေခြင်းနဲ့ပတ်သက်ပြီး ပြောပြဖို့အခက်အခဲတွေ့နေမယ်ဆိုပါက သင့်သားဖွားဆရာဝန်ထံမှအကြံဉာဏ်ရယူသင့်ပါတယ်။



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:DrMyanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top