iMyanmarHouse.com - Best Property Website for Myanmar
×

အဆိပ္ေတြနဲ႔ အသီးအားလုံး သိၾကတဲ့ အသီးပါပဲ။ ႀကဳိက္တဲ. လူလည္း ေတာ္ေတာ္မ်ားမယ္ ထင္ပါတယ္။ အထူးသျဖင္. အမ်ဳိးသမီးေတြ ျဖစ္မယ္ ထင္ပါတယ္။ အဲဒါကေတာ့ တညင္းသီးပါ။

တညင္းသီးကုိ English လုိ Djenkol Bean လုိ.ေခၚၿပီး၊ သူ.ရဲ. Scientific name ကေတာ. Pithecolobium -lobatum လုိ.ဆုိပါတယ္။ တညင္းသီးမွာ လူကုိ အက်ဳိးျပဳတဲ. ဗီတာမင္ ဓာတ္ပါ၀င္မႈ မ႐ွိပါဘူး။ သူ.မွာ ပါ၀င္တာ ကေတာ.လူကုိ ဒုကၡေပး ႏုိင္တဲ. အဆိပ္ ဓာတ္ပါ။ တညင္းသီးမွာ Djenkolic acid ဆုိတဲ. အဆိပ္ေတြ ၀.၃% ကေန ၁.၃% အထိ ပါ၀င္ ပါတယ္။ တညင္းသီးဟာ အဆိပ္သင္. တတ္တဲ. အစားအစာ တစ္ခု ျဖစ္ပါတယ္။ တညင္းသီး အဆိပ္သင္.တာကုိ Djenkilismလုိ. ေခၚပါတယ္။ အဆုိး႐ြားဆုံး ကေတာ. ေက်ာက္ကပ္ ႏွစ္ခုစလုံး တစ္ၿပဳိင္နက္ ပ်က္စီးၿပီး အသက္ ဆုံး႐ႈံးတဲ.အထိ ျဖစ္ႏုိင္တာပါပဲ။ ျမန္မာႏုိင္ငံမွာ တညင္သီးေပါတဲ.ရခုိင္ျပည္နယ္၊ ကရင္ျပည္နယ္၊ ပဲခူးတုိင္း၊ ေ႐ြက်င္နဲ. သံေတာင္ႀကီး ေဒသေတြမွာ တညင္းသီး အဆိပ္သင္.မႈ အမ်ားဆုံး ေတြ.ရပါတယ္။ တညင္းသီးေပါတဲ. ရာသီမွာ အဆုိးဆုံးျဖစ္ၿပီး ႏွစ္စဥ္ အဆိပ္သင္. မႈေၾကာင္. အသက္ဆုံး႐ႈံး မႈေတြ ႐ွိပါတယ္။ အထူးသျဖင္. အဆိပ္သင္.တဲ.အခါ ေဆး႐ုံတက္ ေရာက္ၿပီး စနစ္တက် ကုသမႈ မခံယူရင္ ေသဆုံးဖုိ.လမ္းပုိမ်ားတယ္လုိ. ဆုိပါတယ္။

အဆိပ္သင္.ျခင္း

တညင္းသီး အဆိပ္ရဲ. ဖြဲ.စည္းပုံ ေမာ္လီက်ဳး ကေတာ. အပ္ေခ်ာင္း ပုံေလးေတြကုိ ပုတီးသီသလုိ သီထားတဲ. ပုံျဖစ္ပါတယ္။ ေတာ္ေတာ္႐ွည္ၿပီး တစ္ခုနဲ. တစ္ခု အလြယ္တကူ ခ်ိတ္တြယ္ ႏုိင္ပါတယ္။ က်ေနာ္တုိ. ခႏၶာကုိယ္မွာ အဆိပ္ေတြ ၀င္လာရင္ အသည္းက ပ်က္ျပယ္ေအာင္ လုပ္ေပး ပါတယ္။ ေက်ာက္ကပ္ ကေတာ. ခႏၶာကုိယ္က အညစ္အေၾကးေတြကုိ စြန္.ထုတ္ ေပးပါတယ္။ တညင္းသီး စားလုိက္ရင္ ပါ၀င္တဲ. အဆိပ္ေတြဟာ ေသြးထဲကုိ အရင္ေရာက္ သြားပါတယ္။ ၿပီးတဲ.အခါ အသည္းကုိ ေရာက္ပါတယ္။ အသည္းဟာ ခႏၶာကုိထဲကုိ ေရာက္လာတဲ. အဆိပ္ေတြကုိ ပ်က္ျပယ္ေအာင္ လုပ္ေပး ႏုိင္ေပမယ့္ တညင္းသီးမွာ ပါတဲ. အဆိပ္ကုိေတာ. ပ်က္ျပယ္ေအာင္ မလုပ္ႏုိင္ဘူးလုိ. ဆုိပါတယ္။ အဲဒီအခါ ေက်ာက္ကပ္ကေန စြန္.ထုတ္ဖို. ႀကဳိးစား ရပါတယ္။ ဒါေပမယ္. တညင္းသီးအဆိပ္ေမာ္လီက်ဳးရဲ.တည္ေဆာက္ပုံေၾကာင္. ဆီးျပြန္ငယ္ေလးေတြ ပိတ္ဆုိ. တတ္ပါတယ္။ ေနာက္ၿပီး အပ္ေခ်ာင္းပုံ အဆိပ္ ေမာ္လီက်ဳးေတြက ထုိးလုိ. ေသြးေၾကာေလးေတြ ေပါက္တတ္္ပါတယ္။ အဲဒီအခါ ဆီးသြားရင္ ေသြးပါတာ၊ ဆီးသြား နည္းတာေတြ ျဖစ္လာပါမယ္။ ပုိၿပီးဆုိးလာတဲ. အခါ ဆီးလမ္းေၾကာင္း ပိတ္ၿပီး ဆီးလုံး၀ သြားလုိ.မရ ျဖစ္လာပါမယ္။ ေက်ာက္ကပ္ ႏွစ္ခုစလုံးက ဆီးမထြက္ႏုိင္လုိ. တင္းလာၿပီး မခံမရပ္ ႏုိင္ေအာင္ နာက်င္လာပါမယ္။ ေသြးထဲမွာ Ureaနဲ.အဆိပ္အေတာက္ေတြ မ်ားလာၿပီး ေဆး႐ုံကုိ အခ်ိန္မီ တက္ေရာက္ ကုသမႈမခံယူရင္ အသက္ ေသဆုံး ႏုိင္ပါတယ္။ ဒါကုိ ႐ုတ္တရက္ ေက်ာက္ကပ္ ပ်က္စီးျခင္း (Acuterenal failure)လုိ. ေခၚပါတယ္။ ေက်ာက္ကပ္ သန္.စင္စက္ (Renal dialysis) နဲ. အခ်ိန္မီကုသ ႏုိင္မွသာ အျမန္ဆုံး သက္သာမွာ ျဖစ္ပါတယ္။

တညင္းသီးစားမယ္ဆုိရင္

တညင္းသီးမွာ ပါတဲ. အဆိပ္ဓာတ္ဟာ ေရမွာ အနည္းငယ္သာ ေပ်ာ္၀င္တဲ. အဆိပ္မ်ဳိး ျဖစ္ပါတယ္။ ေပ်ာ္၀င္ႏႈန္းက ၀.၅% သာ ျဖစ္ပါတယ္။ တညင္းသီးကုိ ျပဳတ္လုိက္ရင္ အဆိပ္ဓာတ္ နည္းနည္းသာ ေပ်ာ္၀င္ၿပီး ျပည္.၀ သြားတဲ. အတြက္ အဆိပ္ေတြ ထပ္ၿပီး မေပ်ာ္ႏုိင္ပါဘူး။ ဒါေၾကာင္. ေရနဲ.ျပဳတ္တဲ.အခါ တစ္ႀကိမ္တည္းနဲ. မလုံေလာက္ပါဘူး။ အနည္းဆုံး သုံးႀကိမ္မွ ငါးႀကိမ္ထိ ေရမ်ားမ်ားနဲ. ျပဳတ္ရမွာ ျဖစ္ပါ တယ္။ ျပဳတ္ၿပီ တဲ. ေရေတြကုိလည္း သြန္ပစ္ၿပီး ေရအသစ္နဲ. ထပ္ျပဳတ္ရမွာပါ။ ဒါဆုိရင္ေတာ. အႏၱရယ္ ေတာ္ေတာ္ ေလ်ာ.သြားမွာပါ။ တညင္းသီး အဆိပ္ဟာ 300ֹC ေက်ာ္မွသာ ဓာတ္ျပယ္ ပ်က္စီးပါတယ္။ ေရဆူမွတ္ဟာ 100ֹC သာ႐ွိတာေၾကာင္. ဘယ္လုိမွ ဓာတ္မျပယ္ ႏုိင္ပါဘူး။ တကယ္လုိ.မ်ား မီးဖုတ္ၿပီး စားရင္ အဆိပ္ေတြဟာ ဓာတ္လည္း မျပယ္၊ အျပင္လည္း မေရာက္ေတာ. 100% ခႏၶာကုိယ္ထဲ ေရာက္ၿပီး ဒုကၡေပးမွာ ျဖစ္ပါတယ္။ တညင္းသီးကုိ ဆားရည္မွာ ၾကာၾကာစိမ္ၿပီး စာရင္ေတာ. အဆိပ္ေတြ ေတာ္ေတာ္ေလး ေလ်ာ.နည္း သြားတယ္ လုိ.ဆုိပါတယ္။

တညင္းသီး အဆိပ္ဟာ ဆားရည္မွာ အလြယ္တကူ ေပ်ာ္၀င္ပါတယ္။ သိပၸံနည္းအရ pH မ်ားေလေလ ေပ်ာ္၀င္မႈ Solubility မ်ား ေလေလ ျဖစ္ပါတယ္။

အနံ.ျပင္းျပင္း၊ အဆိပ္ျပင္းျပင္း

တညင္းသီး စားၿပီးတဲ.အခါ ပါးစပ္မွာ နံေနတာ၊ ဆီးသြားရင္ အနံ.ဆုိးတာေတြဟာ ခႏၶာကုိယ္ထဲမွာ အဆိပ္ေတြ၀င္ေနၿပီလုိ.ဆုိလုိတာပါပဲ။ တညင္းသီးအဆိပ္နဲ.ပတ္သက္ၿပီး WHO(1970), South East Journal of Tropical Medicine (1978) စသျဖင္. ထုတ္ျပန္ ေရးသား ထားတာေတြလည္း ႐ွိပါတယ္လုိ. ဆုိတယ္။ ဒါေၾကာင္.စားၿပီးရင္ ခႏၶာကုိယ္ကုိလည္း ဒုကၡေပးသလုိ အိမ္သာထဲမွာလည္း အနံ.ဆုိးေပးတဲ. ဒီလုိအသီးကုိ တတ္ႏုိင္ သမွ်ေတာ့ မစားသင့္ဘူးလုိ႔ ထင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: ေဒါက္တာ ခင္ေမာင္လြင္


#Unicode Version

အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။

တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကို အကျိုးပြုတဲ. ဗီတာမင် ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာ ကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ် ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ဝ.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင်. တတ်တဲ. အစားအစာ တစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင်.တာကို Djenkilismလို. ခေါ်ပါတယ်။ အဆိုးရွားဆုံး ကတော. ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင်.မှု အများဆုံး တွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်. မှုကြောင်. အသက်ဆုံးရှုံး မှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက် ရောက်ပြီး စနစ်တကျ ကုသမှု မခံယူရင် သေဆုံးဖို.လမ်းပိုများတယ်လို. ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီး အဆိပ်ရဲ. ဖွဲ.စည်းပုံ မော်လီကျုး ကတော. အပ်ချောင်း ပုံလေးတွေကို ပုတီးသီသလို သီထားတဲ. ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ. တစ်ခု အလွယ်တကူ ချိတ်တွယ် နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေ ဝင်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေး ပါတယ်။ ကျောက်ကပ် ကတော. ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ် ပေးပါတယ်။ တညင်းသီး စားလိုက်ရင် ပါဝင်တဲ. အဆိပ်တွေဟာ သွေးထဲကို အရင်ရောက် သွားပါတယ်။ ပြီးတဲ.အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ်အောင် လုပ်ပေး နိုင်ပေမယ့် တညင်းသီးမှာ ပါတဲ. အဆိပ်ကိုတော. ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို. ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်.ထုတ်ဖို. ကြိုးစား ရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို. တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို. သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ. အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံး၀ သွားလို.မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ် နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံး နိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acuterenal failure)လို. ခေါ်ပါတယ်။ ကျောက်ကပ် သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာ ပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ဝ.၅% သာ ဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည်.၀ သွားတဲ. အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာ ဖြစ်ပါ တယ်။ ပြုတ်ပြီ တဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ် တော်တော် လျော.သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်. ဘယ်လိုမှ ဓာတ်မပြယ် နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော. 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော. အဆိပ်တွေ တော်တော်လေး လျော.နည်း သွားတယ် လို.ဆိုပါတယ်။

တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီး စားပြီးတဲ.အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine (1978) စသဖြင်. ထုတ်ပြန် ရေးသား ထားတာတွေလည်း ရှိပါတယ်လို. ဆိုတယ်။ ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို တတ်နိုင် သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: ဒေါက်တာ ခင်မောင်လွင်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top