iMyanmarHouse.com - Best Property Website for Myanmar
×

သေရစာေတြ စားတာဟာ လူႀကီးေတြထက္ ကေလးငယ္ ေလးေတြမွာ ပိုၿပီး ထိခိုက္မႈေတြ မ်ားပါတယ္။ ဘာလို႔လည္း ဆိုေတာ့ ကေလးေတြဟာ ကယ္လိုရီ အမ်ားႀကီး မလိုအပ္ ေပမယ့္ အာဟာရ ကိုေတာ့ အျပည္႔အ၀ စားသံုးဖိုု႔ လိုအပ္ ပါတယ္။

သေရစာေတြမွာ ကယ္လိုရီ၊ သၾကားဓါတ္ သို႔ ဆားေတြ အမ်ားႀကီး ပါ၀င္ေပမယ့္ အာဟာရ ဓါတ္ေတြကေတာ့ နည္းပါး လွပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ကေလးငယ္ ေလးေတြကို ဘယ္လို အစားေသာက္ ေတြကို ေရွာင္ၾကဥ္ ေကြ်းေမြး ရမလဲဆိုတာ ေဖာ္ျပ ေပးလိုက္ ပါတယ္။

ဆိိုဒါအေအးနဲ႔ အခ်ိဳရည္မ်ား

၇ လသားေအာက္ ကေလးငယ္ေလးေတြကို ဆိုဒါလို အခ်ိဳရည္ေတြ တိုက္ေကြ်းေနၾကတာဟာ မိသားစုေပါင္း ၉၀၀၀ ေက်ာ္ရွိေၾကာင္းကို ၂၀၀၉ ခုႏွစ္ American Dietetic Association (ADA) ညီလာခံမွာ တင္ျပထားခဲ့ပါတယ္။

ဆိုဒါလို အခ်ိဳရည္ေတြမွာ သၾကားေတြအမ်ားႀကီး ပါ၀င္ေနတာေၾကာင့္ ကေလးငယ္ေလးေတြရဲ႕ သြားက်န္းမာေရးကို ထိခိုုက္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ ကေလးအတြက္ တကယ္လိုအပ္တဲ့ အာဟာရဓါတ္ေတြကိုသာ အျပည္႔အ၀ေကြ်းႏိုင္ဖို႔ ဂရုျပဳၿပီး အခ်ိဳရည္နဲ႔ အေအးေတြကို ေလွ်ာ့တိုက္သင့္ပါတယ္။

Crackers ကရက္ကာ မုန္႔ၾကြပ္

မုန္႔ၾကြပ္ေတြက ကေလးငယ္ေလးေတြ အတြက္ ကိုက္ရ၀ါးရ လြယ္ကူေစတဲ့ သေရစာျဖစ္ေပမယ့္ အာဟာရျပည္႔၀တဲ့ အစားအစာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ၿပီးေတာ့ ခ်ိဳတဲ့အရသာပါတဲ့ မုန္႔ၾကြပ္ေတြက ကေလးေတြကို အခ်ိဳႀကိဳက္တတ္သြားေစႏိုုင္သလို အငံအရသာ မုန္႔ၾကြပ္ေတြကေတာ့ အငံႀကိဳက္သြားေစႏိုင္ပါတယ္။

ဒါေၾကာင့္ ကေလးငယ္ေတြအတြက္ အစာေျပသေရစာ ၀ယ္ေတာ့မယ္ဆိုရင္ သၾကားဓါတ္နည္းပါးၿပီး သဘာ၀အတိုင္း ျပဳလုပ္ေရာင္းခ်ထားတဲ့ စားစရာမ်ားကိုသာ စိစစ္ေရြးခ်ယ္၀ယ္ယူသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Babycenter

#Unicode Version

သရေစာတွေ စားတာဟာ လူကြီးတွေထက် ကလေးငယ် လေးတွေမှာ ပိုပြီး ထိခိုက်မှုတွေ များပါတယ်။ ဘာလို့လည်း ဆိုတော့ ကလေးတွေဟာ ကယ်လိုရီ အများကြီး မလိုအပ် ပေမယ့် အာဟာရ ကိုတော့ အပြည့်အ၀ စားသုံးဖိုု့ လိုအပ် ပါတယ်။

သရေစာတွေမှာ ကယ်လိုရီ၊ သကြားဓါတ် သို့ ဆားတွေ အများကြီး ပါဝင်ပေမယ့် အာဟာရ ဓါတ်တွေကတော့ နည်းပါး လှပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးငယ် လေးတွေကို ဘယ်လို အစားသောက် တွေကို ရှောင်ကြဉ် ကျွေးမွေး ရမလဲဆိုတာ ဖော်ပြ ပေးလိုက် ပါတယ်။

ဆိုဒါအအေးနဲ့ အချိုရည်များ

၇ လသားအောက် ကလေးငယ်လေးတွေကို ဆိုဒါလို အချိုရည်တွေ တိုက်ကျွေးနေကြတာဟာ မိသားစုပေါင်း ၉၀၀၀ ကျော်ရှိကြောင်းကို ၂၀၀၉ ခုနှစ် American Dietetic Association (ADA) ညီလာခံမှာ တင်ပြထားခဲ့ပါတယ်။

ဆိုဒါလို အချိုရည်တွေမှာ သကြားတွေအများကြီး ပါဝင်နေတာကြောင့် ကလေးငယ်လေးတွေရဲ့ သွားကျန်းမာရေးကို ထိခိုုက်စေနိုင်ပါတယ်။

ဒါကြောင့် ကလေးအတွက် တကယ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုသာ အပြည့်အဝကျွေးနိုင်ဖို့ ဂရုပြုပြီး အချိုရည်နဲ့ အအေးတွေကို လျှော့တိုက်သင့်ပါတယ်။

Crackers ကရက်ကာ မုန့်ကြွပ်

မုန့်ကြွပ်တွေက ကလေးငယ်လေးတွေ အတွက် ကိုက်ရဝါးရ လွယ်ကူစေတဲ့ သရေစာဖြစ်ပေမယ့် အာဟာရပြည့်ဝတဲ့ အစားအစာမျိုးတော့ မဟုတ်ပါဘူး။ ပြီးတော့ ချိုတဲ့အရသာပါတဲ့ မုန့်ကြွပ်တွေက ကလေးတွေကို အချိုကြိုက်တတ်သွားစေနိုုင်သလို အငံအရသာ မုန့်ကြွပ်တွေကတော့ အငံကြိုက်သွားစေနိုင်ပါတယ်။

ဒါကြောင့် ကလေးငယ်တွေအတွက် အစာပြေသရေစာ ဝယ်တော့မယ်ဆိုရင် သကြားဓါတ်နည်းပါးပြီး သဘာဝအတိုင်း ပြုလုပ်ရောင်းချထားတဲ့ စားစရာများကိုသာ စိစစ်ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Babycenter
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top