iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
ဆံပင်ကျွတ်ခြင်းက လူတော်တော်များများအတွက်တော့ တကယ့် ကို စိတ်ပျက်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရင်း တစ်ခုပါပဲ။ ဘာအကြောင်းအရင်းအကြောင့်မှန်း အဖြေရှာမရသေး တဲ့အပြင်ကိုမှ ဘယ်လိုနည်းလမ်းမျိုးနဲ့ပဲ ကာကွယ်တားဆီးနေပါစေ ဆံသားတွေ ကျွတ်မြဲကျွတ်နေလို့ စိတ်ပျက်နေသလား၊ စိတ်ကုန်နေ ပြီလား။ ဒီလိုဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကလေးက တော့ သင့်အတွက် အံ့အားသင့်စိတ်ကျေနပ်ဖွယ်ရာ နည်းလမ်းလေး လက်ဆောင်လေးပါပဲ….
အစားအသောက်နဲ့ သုံးစွဲမှုမှားယွင်းခြင်းတွေ၊ ဂရုစိုက်ထိန်းသိမ်း အမှုအမှားတွေကြောင့် ပျက်စီးနေတဲ့ ဆံသားတွေနဲ့ အမြစ်မခိုင်ပဲ အကျွတ်များနေတဲ့ ဆံသားတွေအတွက်ဆိုရင်တော့ အထူးဆေး နည်းလမ်းကလေးကတော့ အိမ်တွင်းမီးဖိုချောင်က အာလူးသီးတွေပဲ ဖြစ်ပါတယ်။
အာလူးတွေ ကြိတ်ချေထားတဲ့ အရောတွေကို သဘာဝဆီ၊ သံလွင် ဆီ အစရှိတဲ့ အဆီတစ်မျိုးနဲ့ ရောကာ ဦးခေါင်းအရေပြားကို သုတ် လိမ်းပေးရပါမယ်။ အာလူးမှာပါတဲ့ ဓာတ်တဲ့ သဘာဝဓာတ်ကဆံသားအမြစ်တွေကိုခိုင်ခံ့အောင်နဲ့တာရှည်သက်တမ်းရှိအောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ဆံသားများပိုပြီးတော့ ကြံ့ခိုင်လာမယ်။ အရှည်မြန်လာမယ် ဆိုတဲ့အတွက်ကြောင့် သဘာဝအတိုင်း နည်းလမ်းကလေးကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်….။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: ဖိုးသူတော် (www.phothutaw.com)
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top