iMyanmarHouse.com - Best Property Website for Myanmar
×
၃) သေခြင်း
၎) မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်နေရင်
၆) သွားကျွတ်သွားတယ်
၇) စာမေးပွဲဖြေနေတယ်
၉) နောက်ကျတဲ့ အခါ
#Unicode Version
လူူတိုင်း အိပ်မက် တစ်မျိုး မဟုတ် တစ်မျိုး မက်တတ် ကြပါတယ်။ သင်မက်တဲ့ အဓိပ္ပာယ်ကို သိရမယ် ဆိုရင်ကော!!!
အောက်မှာ ကမ္ဘာတစ်ဝှမ်းက လူအများစု အမက်များသည့် အိပ်မက် ၁၀ မျိုးနှင့် ၎င်းတို့၏ အဓိပ္ပာယ်တွေကို ဖော်ပြ ထားပါတယ်။ ဘယ်လောက်မှန်လည်း သိရအောင် ကြည့်ကြည့်ရအောင်။
၁) အမြင့်ကြီးက ပြုတ်ကျတယ်လို့ မက်ရင်
ဒါဟာ အမက်များတဲ့ အိပ်မက်တစ်ခုလို့ ပြောပါရစေ။ အပြင်က လက်ရှိဘဝမှာ တစ်ခုခုကို အတင်းအကျပ် ဆုပ်ကိုင်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ လွှတ်ချလိုက်ပါ။ အနက်ရှိုင်းဆုံးထိ ပေါ့ပါးစွာ အလိုက်သင့် စီးမျောနိုင်အောင် ကြိုးစားလိုက်ပါ။
၂) ပျံသန်းတယ်လို့ မက်ရင်
အိပ်မက်ထဲမှာ ပျံသန်းနေတယ် ဆိုရင် ဝမ်းသာ လိုက်တော့။ ဒီရက်ပိုင်း သင့်ကို ဖိစီးနေတဲ့ အရာတွေ ကနေ သင် လွတ်မြောက် ခဲ့ပြီလို့ အဓိပ္ပာယ်ရတယ်တဲ့။ ပျံသန်းတာကို ထိန်းချုပ်နိုင်, မနိုင်က မိမိရဲ့ စိတ်ကို ထိန်းချုပ်နိုင်မှု ရှိမရှိနဲ့ ဆိုင်ပါတယ်။
၃) သေခြင်း
သေခြင်းတိုင်းက ကြောက်စရာ မကောင်းပါဘူး။ Death လို့ခေါ်တဲ့ သေခြင်းတရား အစတစ်ခုရဲ့ အဆုံးဖြစ်သလို အဆုံးတစ်ခုရဲ့ အစလည်း ဖြစ်ပါတယ်။ Death (သေခြင်း) ရဲ့ ဆိုလိုရင်းက သင် အခြေအနေသစ် တစ်ခုကို ဦးတည်နေ တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။
၄) မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်နေရင်
ဒီအိပ်မက်မျိုးက မက်ခဲ ပါတယ်။ သူ့ရဲ့ အဓိပ္ပာယ်က သင့်ရဲ့ အပြင်ဘက် လက်တွေ့ဟာ တန်ဖိုး မရှိဘူးလို့ ထင်နေတယ်လို့ အဓိပ္ပာယ် ရပါတယ်။
၅) ထွက်ပြေးနေတယ်ဆိုရင်
တစ်ကမ္ဘာလုံး အမက်များတဲ့ အိပ်မက် တစ်ခု ဖြစ်သလို နိုးထ လာသော်လည်း အိပ်မက်ကို အပီ အပြင် ကြည်ကြည် လင်လင် မှတ်မိနေ တတ်ပါတယ်။ အိပ်မက်ရဲ့ အဓိပ္ပာယ်က သင်ဟာ သင် ရင်ဆိုင်ရမယ့် အခြေအနေ (ပြသနာလည်း ဖြစ်နိုင်) ကနေ ထွက်ပြေးနေတာပါတဲ့။
၆) သွားကျွတ်သွားတယ်
သွား ဆိုတာ ယုံကြည်မှုနဲ့ စွမ်းအားကို ကိုယ်စားပြု ပါတယ်။ အိပ်မက်က သင့်ကို ပြောနေတာက လက်တွေ့ ဘဝမှာ သင့် ယုံကြည်မှုကို တစ်ခုခုက ဖျက်ဆီးနေ တယ်တဲ့။
၇) စာမေးပွဲဖြေနေတယ်
စာမေးပွဲဆိုတာ အရည်အချင်းကို စစ်ဆေးတဲ့ ယေဘုယျ အချက်တစ်ခုပါ။ ဘာတစ်ခုမှ မရဘဲ စာမေးပွဲ လာဖြေပြီး ကယောင်ချောက်ချား ဖြစ်နေတယ်လို့ အိပ်မက်မက်ရင် သင်ဟာ သင့်ဘဝကို သင်ကိုယ်တိုင် အပြင်းအထန် ဝေဖန် စစ်ဆေးနေတယ်လို့ အဓိပ္ပာယ် ရပါတယ်။
၈) ကလေးလေးတစ်ယောက်ကို မြင်မက်ရင်
ကလေးလေးတစ်ယောက်ကို မြင်မက်တယ်လို့ အိပ်မက်မက်ခဲ့ရင် သင်ဟာ အလုပ်အကိုင်အသစ်တစ်ခု၊ ဘဝသစ်တစ်ခု၊ ဒါမှမဟုတ် အခြေအနေအသစ် တစ်ခုကို မြင်ရတော့မယ်လို့ အဓိပ္ပာယ်ရပါတယ်။
၉) နောက်ကျတဲ့ အခါ
အလုပ်အင်တာဗျူးဖြစ်ဖြစ်၊ ချိန်းထားတာ ဖြစ်ဖြစ် နောက်ကျတယ်လို့ မြင်မက်ခဲ့ရင် ဒါဟာ လက်တွေ့ဘဝမှာ အရေးကြီးတဲ့ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။ နောက်မကျစေနဲ့နော်။
၁၀) အိပ်မက်ထဲမှာ ကားမောင်းနေတယ်ဆိုရင်
သင့်ရွေးချယ်ထားတဲ့လမ်းကြောင်းပေါ်မှာသင်ဘယ်လောက်နိုင်နိုင်နင်းနင်းနဲ့ဘယ်လမ်းကြောင်းကို
 ရွေးနေတယ်ဆိုတာ သိဖို့ ဒီအိပ်မက်က အကောင်းဆုံးပါပဲ။
အကယ်၍ မော်တော်ကားကို ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေတယ်လို့ မက်ခဲ့ရင် အပြင်က လက်ရှိအခြေအနေကို သေသေချာချာ ထိန်းသိမ်းသင့်နေပြီလို့ ပြောပါရစေ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Original Uploader
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top