iMyanmarHouse.com - Best Property Website for Myanmar
×

ျပင္းထန္တဲ့ မီးအပူေလာင္ဒဏ္ရာဆုိတာ မီးအပူကေန အေရျပားအလႊာအားလုံးကို ဖ်က္ဆီးပစ္တာပဲ ျဖစ္ပါတယ္။ အေရျပားေတြပ်က္စီးသြားၾကတာေၾကာင့္ နာဗ္ေၾကာအဆုံးသတ္ေတြ ဖ်က္ဆီးခံလုိက္ရျပီး နာက်င္ေစပါတယ္။ ဒီလုိအျဖစ္မ်ဳိးၾကံဳရပါက လုပ္ေဆာင္ႏုိင္တဲ့ အခ်က္တခ်ဳိ႕ရိွပါတယ္။

၁။ မီးေလာင္ေနတဲ့အခ်ိန္ျဖစ္ပါက မီးကုိ ေစာင္၊ အိပ္ရာခင္၊ ေကာ္ေဇာ သုိ႔မဟုတ္ တျခားပစၥည္းတစ္ခုခုအုပ္ျပီး ျငိမ္းသတ္ပါ။ အနာနဲ႔ ကပ္ေနတဲ့ အဝတ္အစားကို မခြ်တ္ပါနဲ႔။

၂။ တခါတေလ တခ်ဳိ႕မီးေလာင္ခံရသူေတြ အထူးသျဖင့္ လည္ပင္း၊ မ်က္ႏွာနဲ႔ ပါးစပ္တဝိုက္မွာ ထိခုိက္မႈျဖစ္တဲ့အခါ အသက္ရွဴအခက္အခဲ ရိွၾကပါတယ္။ မီးခုိးေငြ ရိုက္ျခင္းေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ မီးေလာင္ခံရသူ အသက္ရွဴႏုိင္၊ မရွဴႏုိင္ ေသခ်ာေအာင္ စစ္ေဆးပါ။

၃။ ဒဏ္ရာရတဲ့ေနရာ အပူခ်ိန္ေလွ်ာ့နည္းေစဖုိ႔ ေရေအး ဒါမွမဟုတ္ အဝတ္စိုစို ကပ္ေပးပါ။ အေျခအေနပိုဆုိးသြားႏုိင္လုိ႔ မ်က္ႏွာ၊ လက္နဲ႔ ေျခေထာက္ေပၚက ဒဏ္ရာေတြမွာ ေရခဲေရ အသုံးမျပဳပါနဲ႔။

၄။ ဒဏ္ရာေတြကို ပိုးသတ္ထားတဲ့ ပတ္တီးနဲ႔ ထူထဲျပီးသန္႔ရွင္းတဲ့ ေခါင္းအုံးစြပ္ေတြ သုိ႔မဟုတ္ အနီးနားေတြ႔ရတဲ့ ပစၥည္းေတြနဲ႔ အုပ္ပါ။ ခ်ည္ထည္လုိ အလြယ္ကတူ ေလွ်ာက်မယ့္ ပစၥည္းေတြ မသုံးပါနဲ႔။ အနားမွာ ဆီ သုိ႔မဟုတ္ တျခားပစၥည္းေတြကို မလိမ္းေပးပါနဲ႕။

၅။ အေရးေပၚလူနာတင္ယာဥ္ ခ်က္ခ်င္းဖုန္းဆက္ေခၚပါ။ လူနာေတြ ေဆးကုသမႈ အျမန္ဆုံးခံယူသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ပြင်းထန်တဲ့ မီးအပူလောင်ဒဏ်ရာဆိုတာ မီးအပူကနေ အရေပြားအလွှာအားလုံးကို ဖျက်ဆီးပစ်တာပဲ ဖြစ်ပါတယ်။ အရေပြားတွေပျက်စီးသွားကြတာကြောင့် နာဗ်ကြောအဆုံးသတ်တွေ ဖျက်ဆီးခံလိုက်ရပြီး နာကျင်စေပါတယ်။ ဒီလိုအဖြစ်မျိုးကြုံရပါက လုပ်ဆောင်နိုင်တဲ့ အချက်တချို့ရှိပါတယ်။

၁။ မီးလောင်နေတဲ့အချိန်ဖြစ်ပါက မီးကို စောင်၊ အိပ်ရာခင်၊ ကော်ဇော သို့မဟုတ် တခြားပစ္စည်းတစ်ခုခုအုပ်ပြီး ငြိမ်းသတ်ပါ။ အနာနဲ့ ကပ်နေတဲ့ အဝတ်အစားကို မချွတ်ပါနဲ့။

၂။ တခါတလေ တချို့မီးလောင်ခံရသူတွေ အထူးသဖြင့် လည်ပင်း၊ မျက်နှာနဲ့ ပါးစပ်တဝိုက်မှာ ထိခိုက်မှုဖြစ်တဲ့အခါ အသက်ရှူအခက်အခဲ ရှိကြပါတယ်။ မီးခိုးငွေ ရိုက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မီးလောင်ခံရသူ အသက်ရှူနိုင်၊ မရှူနိုင် သေချာအောင် စစ်ဆေးပါ။

၃။ ဒဏ်ရာရတဲ့နေရာ အပူချိန်လျှော့နည်းစေဖို့ ရေအေး ဒါမှမဟုတ် အဝတ်စိုစို ကပ်ပေးပါ။ အခြေအနေပိုဆိုးသွားနိုင်လို့ မျက်နှာ၊ လက်နဲ့ ခြေထောက်ပေါ်က ဒဏ်ရာတွေမှာ ရေခဲရေ အသုံးမပြုပါနဲ့။

၄။ ဒဏ်ရာတွေကို ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ ထူထဲပြီးသန့်ရှင်းတဲ့ ခေါင်းအုံးစွပ်တွေ သို့မဟုတ် အနီးနားတွေ့ရတဲ့ ပစ္စည်းတွေနဲ့ အုပ်ပါ။ ချည်ထည်လို အလွယ်ကတူ လျှောကျမယ့် ပစ္စည်းတွေ မသုံးပါနဲ့။ အနားမှာ ဆီ သို့မဟုတ် တခြားပစ္စည်းတွေကို မလိမ်းပေးပါနဲ့။

၅။ အရေးပေါ်လူနာတင်ယာဉ် ချက်ချင်းဖုန်းဆက်ခေါ်ပါ။ လူနာတွေ ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top