iMyanmarHouse.com - Best Property Website for Myanmar
×








Credit: Trend Myanmar

#Unicode Version
မျိုးရိုဗီဇချို့ယွင်းမှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာ၀ သုတ်ကောင် လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြားကနေ ဖန်တီးရယူခဲ့တာပါ။

သုတ်ကောင်မထုတ်လုပ်နိုင်တဲ့အမျိုးသားတွေအတွက်ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။ ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။



သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: Trend Myanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top