iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္မွတ္တမ္းတစ္ခုေရးျခင္းက သင့္ကို ခ်မ္းသာလာေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ရဲ႕အတြင္းစိတ္ထဲမွာရွိေနတဲ့ အရည္အခ်င္းေတြကို ဖြင့္ထုတ္ေပးႏိုင္ဖို႔ အေထာက္အကူေပးႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ သင့္ရဲ႕စိတ္ကူးေတြ၊ အေတြးေတြ၊ လႈပ္ရွားမႈေတြနဲ႔ ရည္ရြယ္ခ်က္ေတြကို မွတ္တမ္းတင္ထားႏိုင္ၿပီး ဒီမွတ္တမ္းကေနမွတဆင့္ အေတြ႕အၾကံဳေကာင္းေတြကို ျပန္လည္ရရွိႏိုင္ပါတယ္။

ထူးျခားခ်က္ကေတာ့ လူအမ်ားစုက ေန႔စဥ္မွတ္တမ္းမထားတတ္ၾကတာပဲ ျဖစ္ပါတယ္။ ဒီလိုမထားတတ္တာဟာ သူတို႔မလုပ္ႏိုင္လို႔၊ ေရးဖို႔အခ်ိန္မရွိလို႔ေတာ့ မဟုတ္ပါဘူး။ ေန႔စဥ္မွတ္တမ္းဟာ မိမိကိုယ္တိုင္ရဲ႕ ငုပ္လွ်ဳိးကြယ္ေပ်ာက္ေနတဲ့အရည္အခ်င္းေတြကို ေဖာ္ထုတ္ေပးႏိုင္ေလာက္ေအာင္ အစြမ္းရွိတယ္ဆိုတာကို မသိၾကလို႔ျဖစ္ပါတယ္။

ေန႔စဥ္မွတ္တမ္းတစ္ခုကို စေရးဖို႔ စာမ်က္ႏွာလြတ္တစ္ခုကို ၾကည့္ေနတဲ့အခိုက္မွာ သင့္ဘ၀ရဲ႕အေျခအေနအလံုးစံုရဲ႕ အမွန္တရားကို ေမးခြန္းထုတ္ေနပါလိမ့္မယ္။ ဒီအမွန္တရားေတြကပဲ သင့္ဘ၀နဲ႔ပတ္သက္ၿပီး ပိုမိုေလးနက္က်ယ္ျပန္႔တဲ့ အသိပညာနဲ႔ နားလည္မႈေတြကို ရရွိေစမွာျဖစ္ပါတယ္။ အသိပညာကေတာ့ ဘာလုပ္ရမယ္ဆိုတာကို သိျခင္းျဖစ္ၿပီး နားလည္မႈကေတာ့ ဘာေၾကာင့္လုပ္ရတယ္ဆိုတာကို သိျခင္းျဖစ္ပါတယ္။

ေန႔စဥ္မွတ္တမ္းတစ္ခုက သင့္ဘ၀ကို ေျပာင္းလဲေပးႏိုင္ပါတယ္။ ဘာေၾကာင့္ေျပာင္းလဲေပးႏိုင္တာလဲဆိုတာနဲ႔ ပတ္သက္ၿပီး အေၾကာင္းရင္း(၅)ခုကို ေဖာ္ျပလိုက္ပါတယ္။

မိမိကိုယ္ကို ရွာေဖြေတြ႕ရွိျခင္း

မ်ားမ်ားေရးသားေလ၊ မ်ားမ်ားသင္ယူႏိုင္ေလျဖစ္ပါတယ္။ ေန႔စဥ္မွတ္တမ္းတစ္ခုကို ပံုမွန္ေရးသားျခင္းက သင့္အေၾကာင္းကို သင္ပိုသိလာဖို႔ အမ်ားႀကီးျပသေပးႏိုင္ပါတယ္။ တစ္ေန႔မွာ အခ်ိန္မိနစ္(၃၀)ေလာက္ေပးလိုက္ရုံနဲ႔ ကိုယ္ကိုယ္တုိင္နဲ႔ပတ္သက္တဲ့ အမွန္တရားေတြကို စဥ္းစားေတြးေခၚၿပီး အမွန္အမွားကို သင္ယူႏိုင္ဖို႔ သီးသန္႔အခ်ိန္ရႏိုင္မွာ ျဖစ္ပါတယ္။ တစ္ေန႔တာအေတြ႕အၾကံဳေတြထဲက အက်ိဳးေက်းဇူးေတြကို ျပန္လည္သံုးသပ္သင္ယူႏိုင္သလို မိမိကိုယ္ကိုျပန္ၿပီး ေ၀ဖန္သံုးသပ္မႈေတြလည္း လုပ္ေဆာင္ႏိုင္ေစမွာ ျဖစ္ပါတယ္။

မွတ္ဉာဏ္မ်ားကို သိမ္းဆည္းထားႏိုင္ျခင္း

ေန႔စဥ္မွတ္တမ္းေရးသားျခင္းဟာ သင့္ရဲ႕ဘ၀ကို စာထက္ အကၡရာတင္လိုက္တာပဲျဖစ္ပါတယ္။ သင့္ရဲ႕ ေန႔စဥ္မွတ္တမ္းဟာ သင့္ဘ၀ရဲ႕အေသးစိတ္အေၾကာင္းအရာေတြအားလံုးကို သိမ္းဆည္းထားေပးႏိုင္ပါတယ္။ သင္သြားခဲ့တဲ့ေနရာေတြကေန ေတြ႕ဆံုခဲ့တဲ့သူေတြအထိ အမွတ္ရစရာ မွတ္ဉာဏ္ေတြအမ်ားႀကီးကို မွတ္တမ္းတင္ထားႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ စိတ္ကူးေကာင္းေတြ၊ ဇာတ္လမ္းေတြ၊ ဟာသေတြ၊ အဆိုအမိန္႔ေတြ၊ ေမးခြန္းေတြ၊ ကဗ်ာေတြနဲ႔ အျခားအျခားေသာ သင့္ရဲ႕မွတ္သားစရာေတြကိုလည္း မေပ်ာက္ပ်က္သြားေအာင္ ထိန္းသိမ္းထားေပးႏိုင္ပါတယ္။ ဒီမွတ္ဉာဏ္ေတြအားလံုးက ျပန္ၾကည့္မိတဲ့အခ်ိန္တိုင္း သင့္ဘ၀အတြက္ ေပ်ာ္ရႊင္ေက်နပ္စရာေတြကို ေပးစြမ္းႏိုင္မွာ ျဖစ္ပါတယ္။

အတိတ္ပုံရိပ္မ်ားကို ဆန္းစစ္ႏိုင္ျခင္း

စာေရးသားျခင္းဟာ ခ်မ္းသာၾကြယ္၀မႈရဲ႕ နိဒါန္းျဖစ္တယ္လို႔ ဘန္ဂ်မင္ဖရန္ကလင္းက ေျပာခဲ့ဖူးပါတယ္။ သင့္ရဲ႕ေန႔စဥ္မွတ္တမ္းကို သင္ျပန္ၾကည့္မိတဲ့အခါတိုင္းမွာ သင့္ဘ၀မွာ သိသာထင္ရွားစြာ တိုးတက္ေျပာင္းလဲလာတာေတြကို မ်က္ေျခမျပတ္ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ အတိတ္က ေအာင္ျမင္မႈေတြနဲ႔ ႐ႈံးနိမ့္မႈေတြကို ျပန္လည္ဆန္းစစ္ႏိုင္ၿပီး အခက္အခဲဆိုတာေတြကို ရယ္စရာအျဖစ္ျမင္ႏိုင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ မွန္ကန္တဲ့ ခ်ိန္ညွိမႈေတြကိုလည္း လုပ္ေဆာင္ႏိုင္လာမွာျဖစ္ၿပီး ဘ၀ရဲ႕ ေပ်ာ္စရာေတြကိုလည္း ရွာေဖြေတြ႕ရွိလာႏုိင္ပါတယ္။

အနာဂတ္မ်ိဳးဆက္မ်ားအတြက္ ေလ့လာစရာျဖစ္ျခင္း

စာမ်က္ႏွာလြတ္ေတြမွာ ခ်ေရးလိုက္တဲ့ အေၾကာင္းအရာေတြအားလံုးက ဘယ္စာအုပ္ထဲမွာမွ ရွာေဖြဖတ္႐ႈလို႔ မရႏိုင္တဲ့ သင့္ကိုယ္ပိုင္အေၾကာင္းအရာေတြပဲျဖစ္ပါတယ္။ သင့္ရဲ႕ ဘ၀တစ္ခုလံုးအေၾကာင္းကို သားသမီးေျမးျမစ္ေတြက ေလ့လာသင္ယူႏိုင္မယ္ဆိုရင္ ဘယ္လိုေနမလဲ ေတြးၾကည့္ပါ။ သင့္ရဲ႕ အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္ ကာလသံုးပါးစလံုးနဲ႔ ပတ္သက္တဲ့အမွန္တရားေတြကို ဖြင့္ဟေ၀မွ်ႏိုင္မယ္ဆိုရင္ မ်ိဳးဆက္သစ္ေတြကိုလည္း ဘ၀အေတြ႕အၾကံဳေတြ အမ်ားႀကီးသင္ၾကားေပးႏိုင္မွာ ျဖစ္ပါတယ္။ သင့္ရဲ႕ ေန႔စဥ္မွတ္တမ္းက သူတို႔ရဲ႕ဘ၀အတြက္ အမ်ားႀကီးအက်ိဳးသက္ေရာက္မႈရွိေစမွာ ျဖစ္ပါတယ္။

မိမိကိုယ္ကို ပံုေဖာ္ႏိုင္ျခင္း

မိမိကိုယ္ကို ဘယ္လိုလူမ်ိဳးလဲဆိုတာကို သိရွိနားလည္ျခင္းထက္ ေကာင္းတာဘာမွမရွိေတာ့ပါဘူး။ ဆူညံပြက္ေလာ႐ိုက္ေနတဲ့ ကမာၻေလာကႀကီးထဲမွာ သင့္ရဲ႕ေန႔စဥ္မွတ္တမ္းတစ္ခုတည္းကသာ သင့္ဘ၀၊ သင့္ရပ္တည္ခ်က္ကို အေလးနက္ဆံုးပံုေဖာ္ေပးႏိုင္တာ ျဖစ္ပါတယ္။

ေန႔စဥ္မွတ္တမ္းတစ္ခုေရးသားျခင္းဟာ သင့္ဘ၀အတြက္ အေရးအႀကီးဆံုးရင္းျမစ္ေတြကို ေဖာ္ထုတ္ခြင့္ရေစမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သင့္ဘ၀နဲ႔ပတ္သက္တဲ့ အမွန္တရားေတြကိုလည္း ေမွ်ာ္လင့္မထားတဲ့နည္းလမ္းေတြကေန ရွာေဖြေတြ႕ရွိလာႏိုင္မွာ ျဖစ္ပါတယ္။ ေန႔စဥ္မွတ္တမ္းေရးသားျခင္းဟာ သင္စိတ္ႏွလံုးရဲ႕ ရည္ရြယ္ခ်က္ကို ပံုေဖာ္ေပးႏိုင္တဲ့ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : Gentleman Magazine

#Unicode Version

 သင် ချမ်းသာကြွယ်ဝချင်တယ်ဆိုရင် ဒီနေ့ပဲ နေ့စဉ်မှတ်တမ်းတစ်ခုကို စရေးလိုက်ပါ။

နေ့စဉ်မှတ်တမ်းတစ်ခုရေးခြင်းက သင့်ကို ချမ်းသာလာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့ အရည်အချင်းတွေကို ဖွင့်ထုတ်ပေးနိုင်ဖို့ အထောက်အကူပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကူးတွေ၊ အတွေးတွေ၊ လှုပ်ရှားမှုတွေနဲ့ ရည်ရွယ်ချက်တွေကို မှတ်တမ်းတင်ထားနိုင်ပြီး ဒီမှတ်တမ်းကနေမှတဆင့် အတွေ့အကြုံကောင်းတွေကို ပြန်လည်ရရှိနိုင်ပါတယ်။

ထူးခြားချက်ကတော့ လူအများစုက နေ့စဉ်မှတ်တမ်းမထားတတ်ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုမထားတတ်တာဟာ သူတို့မလုပ်နိုင်လို့၊ ရေးဖို့အချိန်မရှိလို့တော့ မဟုတ်ပါဘူး။ နေ့စဉ်မှတ်တမ်းဟာ မိမိကိုယ်တိုင်ရဲ့ ငုပ်လျှိုးကွယ်ပျောက်နေတဲ့အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်လောက်အောင် အစွမ်းရှိတယ်ဆိုတာကို မသိကြလို့ဖြစ်ပါတယ်။

နေ့စဉ်မှတ်တမ်းတစ်ခုကို စရေးဖို့ စာမျက်နှာလွတ်တစ်ခုကို ကြည့်နေတဲ့အခိုက်မှာ သင့်ဘဝရဲ့အခြေအနေအလုံးစုံရဲ့ အမှန်တရားကို မေးခွန်းထုတ်နေပါလိမ့်မယ်။ ဒီအမှန်တရားတွေကပဲ သင့်ဘဝနဲ့ပတ်သက်ပြီး ပိုမိုလေးနက်ကျယ်ပြန့်တဲ့ အသိပညာနဲ့ နားလည်မှုတွေကို ရရှိစေမှာဖြစ်ပါတယ်။ အသိပညာကတော့ ဘာလုပ်ရမယ်ဆိုတာကို သိခြင်းဖြစ်ပြီး နားလည်မှုကတော့ ဘာကြောင့်လုပ်ရတယ်ဆိုတာကို သိခြင်းဖြစ်ပါတယ်။

နေ့စဉ်မှတ်တမ်းတစ်ခုက သင့်ဘဝကို ပြောင်းလဲပေးနိုင်ပါတယ်။ ဘာကြောင့်ပြောင်းလဲပေးနိုင်တာလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းရင်း(၅)ခုကို ဖော်ပြလိုက်ပါတယ်။

မိမိကိုယ်ကို ရှာဖွေတွေ့ရှိခြင်း

များများရေးသားလေ၊ များများသင်ယူနိုင်လေဖြစ်ပါတယ်။ နေ့စဉ်မှတ်တမ်းတစ်ခုကို ပုံမှန်ရေးသားခြင်းက သင့်အကြောင်းကို သင်ပိုသိလာဖို့ အများကြီးပြသပေးနိုင်ပါတယ်။ တစ်နေ့မှာ အချိန်မိနစ်(၃၀)လောက်ပေးလိုက်ရုံနဲ့ ကိုယ်ကိုယ်တိုင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို စဉ်းစားတွေးခေါ်ပြီး အမှန်အမှားကို သင်ယူနိုင်ဖို့ သီးသန့်အချိန်ရနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့တာအတွေ့အကြုံတွေထဲက အကျိုးကျေးဇူးတွေကို ပြန်လည်သုံးသပ်သင်ယူနိုင်သလို မိမိကိုယ်ကိုပြန်ပြီး ဝေဖန်သုံးသပ်မှုတွေလည်း လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

မှတ်ဉာဏ်များကို သိမ်းဆည်းထားနိုင်ခြင်း

နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ သင့်ရဲ့ဘဝကို စာထက် အက္ခရာတင်လိုက်တာပဲဖြစ်ပါတယ်။ သင့်ရဲ့ နေ့စဉ်မှတ်တမ်းဟာ သင့်ဘဝရဲ့အသေးစိတ်အကြောင်းအရာတွေအားလုံးကို သိမ်းဆည်းထားပေးနိုင်ပါတယ်။ သင်သွားခဲ့တဲ့နေရာတွေကနေ တွေ့ဆုံခဲ့တဲ့သူတွေအထိ အမှတ်ရစရာ မှတ်ဉာဏ်တွေအများကြီးကို မှတ်တမ်းတင်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကူးကောင်းတွေ၊ ဇာတ်လမ်းတွေ၊ ဟာသတွေ၊ အဆိုအမိန့်တွေ၊ မေးခွန်းတွေ၊ ကဗျာတွေနဲ့ အခြားအခြားသော သင့်ရဲ့မှတ်သားစရာတွေကိုလည်း မပျောက်ပျက်သွားအောင် ထိန်းသိမ်းထားပေးနိုင်ပါတယ်။ ဒီမှတ်ဉာဏ်တွေအားလုံးက ပြန်ကြည့်မိတဲ့အချိန်တိုင်း သင့်ဘဝအတွက် ပျော်ရွှင်ကျေနပ်စရာတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

အတိတ်ပုံရိပ်များကို ဆန်းစစ်နိုင်ခြင်း

စာရေးသားခြင်းဟာ ချမ်းသာကြွယ်ဝမှုရဲ့ နိဒါန်းဖြစ်တယ်လို့ ဘန်ဂျမင်ဖရန်ကလင်းက ပြောခဲ့ဖူးပါတယ်။ သင့်ရဲ့နေ့စဉ်မှတ်တမ်းကို သင်ပြန်ကြည့်မိတဲ့အခါတိုင်းမှာ သင့်ဘဝမှာ သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲလာတာတွေကို မျက်ခြေမပြတ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အတိတ်က အောင်မြင်မှုတွေနဲ့ ရှုံးနိမ့်မှုတွေကို ပြန်လည်ဆန်းစစ်နိုင်ပြီး အခက်အခဲဆိုတာတွေကို ရယ်စရာအဖြစ်မြင်နိုင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ ချိန်ညှိမှုတွေကိုလည်း လုပ်ဆောင်နိုင်လာမှာဖြစ်ပြီး ဘဝရဲ့ ပျော်စရာတွေကိုလည်း ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။

အနာဂတ်မျိုးဆက်များအတွက် လေ့လာစရာဖြစ်ခြင်း

စာမျက်နှာလွတ်တွေမှာ ချရေးလိုက်တဲ့ အကြောင်းအရာတွေအားလုံးက ဘယ်စာအုပ်ထဲမှာမှ ရှာဖွေဖတ်ရှုလို့ မရနိုင်တဲ့ သင့်ကိုယ်ပိုင်အကြောင်းအရာတွေပဲဖြစ်ပါတယ်။ သင့်ရဲ့ ဘဝတစ်ခုလုံးအကြောင်းကို သားသမီးမြေးမြစ်တွေက လေ့လာသင်ယူနိုင်မယ်ဆိုရင် ဘယ်လိုနေမလဲ တွေးကြည့်ပါ။ သင့်ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံးနဲ့ ပတ်သက်တဲ့အမှန်တရားတွေကို ဖွင့်ဟဝေမျှနိုင်မယ်ဆိုရင် မျိုးဆက်သစ်တွေကိုလည်း ဘဝအတွေ့အကြုံတွေ အများကြီးသင်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ နေ့စဉ်မှတ်တမ်းက သူတို့ရဲ့ဘဝအတွက် အများကြီးအကျိုးသက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။

မိမိကိုယ်ကို ပုံဖော်နိုင်ခြင်း

မိမိကိုယ်ကို ဘယ်လိုလူမျိုးလဲဆိုတာကို သိရှိနားလည်ခြင်းထက် ကောင်းတာဘာမှမရှိတော့ပါဘူး။ ဆူညံပွက်လောရိုက်နေတဲ့ ကမ္ဘာလောကကြီးထဲမှာ သင့်ရဲ့နေ့စဉ်မှတ်တမ်းတစ်ခုတည်းကသာ သင့်ဘဝ၊ သင့်ရပ်တည်ချက်ကို အလေးနက်ဆုံးပုံဖော်ပေးနိုင်တာ ဖြစ်ပါတယ်။

နေ့စဉ်မှတ်တမ်းတစ်ခုရေးသားခြင်းဟာ သင့်ဘဝအတွက် အရေးအကြီးဆုံးရင်းမြစ်တွေကို ဖော်ထုတ်ခွင့်ရစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ဘဝနဲ့ပတ်သက်တဲ့ အမှန်တရားတွေကိုလည်း မျှော်လင့်မထားတဲ့နည်းလမ်းတွေကနေ ရှာဖွေတွေ့ရှိလာနိုင်မှာ ဖြစ်ပါတယ်။ နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ သင်စိတ်နှလုံးရဲ့ ရည်ရွယ်ချက်ကို ပုံဖော်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : Gentleman Magazine

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top