iMyanmarHouse.com - Best Property Website for Myanmar
×

ဘ၀ဆိုတာႀကီးက အေတာ္ကို ပ်င္းရိၿငီးေငြ႕စရာ ေကာင္းလွပါတယ္ဗ်ာ။ ဒီေနရာမွာ ကြ်န္ေတာ္ရဲ့ အေၾကာင္းကို မေျပာခ်င္ပါဘူး။ ကြ်န္ေတာ္နာမည္က လွေမာင္ပါ။ ဒါေပမဲ့ ကြ်န္ေတာ္နဲ႔ ရင္းႏွီးတဲ့ လူေတြက ကြ်န္ေတာ္ကို လွေမာင္လို႔ ဘယ္သူမွ မေခၚၾကပါဘူး။ ဇီဇာေမာင္လို႔ ေခၚၾကတယ္။ ဇီဇာေၾကာင္လြန္းလို႔ လွေမာင္ဆိုတဲ ့နာမည္ေပ်ာက္ ဇီဇာေမာင္ဆိုတဲ့နာမည္ေရာက္ခဲ့တာသာ ၾကည့္ေပေတာ့။ ကြ်န္ေတာ္ရဲ့အသက္က အခုဆို ေလးဆယ္ေတာင္၀င္ပါၿပီ။ အိမ္ေထာင္မရွိေသးတဲ့ လူပ်ိဳႀကီး တစ္ေယာက္ပါ။ အိမ္ေထာင္မရွိေသးဘူး ဆိုေတာ့ အိမ္ေထာင္ေရးေတြကို စိတ္မ၀င္စားဘူးလို႔ မထင္ေစခ်င္ပါဘူး။ အရမ္း စိတ္၀င္စားပါတယ္။


ကြ်န္ေတာ္ဟာ အသက္၁၈-ႏွစ္သား ေလာက္ကတည္းက အိမ္ ေထာင္ ျပဳခ်င္ခဲ့တာပါ။ အိမ္ေထာင္ ဖက္ေတြ႕ရဖို႔ အတြက္လည္း အၿမဲတမ္း ႀကိဳးစား ရွာေဖြခဲ့ပါတယ္။ ခ်စ္သူ ထားခဲ့ပါတယ္။ ဒါေပမဲ့ ေမးစရာ ရွိပါတယ္။ ဘာျဖစ္လို႔ အိမ္ေထာင္မက် ေသးတာလဲေပါ့။ အမွန္အတိုင္း ၀န္ခံရရင္ ကြ်န္ေတာ္ရဲ့ ဇီဇာေၾကာင္လြန္းတဲ့ စိတ္ဓာတ္ေၾကာင့္ပဲ ဆိုတာ သိပါတယ္။

ကြ်န္ေတာ္ရဲ့ ဘ၀မွာ ခ်စ္သူရီးစား ေတာ္ေတာ္မ်ားမ်ား ထားခဲ့ဘူးပါတယ္။ မ်က္ႏွာမ်ားတယ္လို႔ မထင္ပါနဲ႔ဗ်ာ ။ ကြ်န္ေတာ္က အေပ်ာ္ႀကံတာ မဟုတ္ရပါဘူး။ အတည္ႀကံတာပါ။ ကြ်န္ေတာ္က ခ်စ္သူမထားခင္ ကတည္းက လက္ထပ္ဖို႔ ရည္ရြယ္ၿပီးမွ ထားတာမို႔ပါ။ ဘယ္တစ္ေယာက္ကိုမွ အေပ်ာ္ႀကံတယ္ဆိုတာ မရွိပါဘူး။

ေနာက္ ကြ်န္ေတာ္မွာ အမုန္ဆံုးဆိုတဲ့ အရာေတြ ေတာ္ေတာ္မ်ားပါတယ္။ ဒါလဲ မေကာင္းပါဘူး။ မိန္းကေလးတစ္ေယာက္ ညစ္ပတ္ရင္ အရမ္းမုန္းပါတယ္။ တစ္ကိုယ္ေရ သန္႔ရွင္းမႈ႔ အားနည္းတာကို ေျပာတာပါ။ ကြ်န္ေတာ္ရဲ့ ခ်စ္သူေလးကို လက္မထပ္ႏိုင္ခဲ့တာ အဲဒါေၾကာင့္ပါ။ သူက အရမ္း ညစ္ပတ္ပါတယ္။

အဲဒီတုန္းက ကြ်န္ေတာ္ရဲ့ အသက္၂၀ပဲ ရွိေသးတယ္။ သူနဲ႔ ကြ်န္ေတာ္က သက္တူရြယ္တူပါ။ ငယ္သူငယ္ခ်င္းေတြပါပဲ။ မူလတန္းေက်ာင္းကေန အထက္တန္း ေအာင္ေတာ့လဲ အတူတူ။ ေနာက္ အေ၀းသင္ သြားတက္ၿပီး ဘြဲ႕ရတဲ့အထိ အတူတူပါ။ သူနဲ႔ ကြ်န္ေတာ္ ၁၀-တန္းစာေမးပြဲ ေဂဇက္ထြက္တဲ့ေန႔မွာ ခ်စ္သူျဖစ္ခဲ့တာပါ။ ခ်စ္သူေတြ ျဖစ္လာတဲ့ေနာက္ပိုင္း သူ႕အေၾကာင္းေတြကို ကြ်န္ေတာ္ ေတာ္ေတာ္မ်ာမ်ား သိခဲ့ရတယ္။

သူက အာပုတ္နံ႔လည္း အေတာ္ နံပါတယ္။ သူနဲ႔ စကားေျပာရင္ အေ၀းကေနပဲ ေျပာရပါတယ္။ အနီးကပ္ေျပာရင္ သူရဲ့ အာပုတ္နံ႔ကို ကြ်န္ေတာ္ လံုး၀ မခံႏိုင္ပါဘူး။ မ႐ိုေသ စကားေျပာရရင္ ခ်စ္သူတို႔ သဘာ၀ သူရဲ့ ႏုတ္ခမ္းေလးက ခ်ိဳၿမိန္တဲပ အနမ္းေလးတစ္ခုကို ကြ်န္ေတာ္ ရယူဖို႔ မႀကိဳးစားခဲ့ပါဘူး။ အဓိကကေတာ့ သူရဲ့ အာပုတ္နံ႔ကို မခံႏိုင္လို႔ပါ။ အဲဒီလိုနဲ႔ သူ႔ကို ကြ်န္ေတာ္ ရင္နာနာနဲ႔ပဲ လမ္းခြဲခဲ့ရတာပါ။

ေနာက္တစ္ေယာက္ က်ေတာ့ အရမ္း လိမ္တတ္လို႔ပါ။ သူက လိမ္စရာမရွိရင္ ကိုယ့္ေပါင္ကို ျပန္လိမ္ရမွ ေက်နပ္တဲ့ လူစားမ်ိဳးေပါ့ဗ်ာ။ သူနဲ႔ ကြ်န္ေတာ္ ခ်စ္သူသက္တန္း တစ္ေလွ်ာက္လံုးမွာလည္း သူ႕ရဲ အလိမ္အညာေတြကို လူးလိမ့္ေနေအာင္ ခံခဲ့ရပါတယ္။ ဘယ္ေလာက္ထိေတာင္ လိမ္တတ္သလဲဆိုရင္ သူနဲ႔ ပတ္သက္တာေတြ အကုန္လံုး အလိမ္အညာေတြ ခ်ဥ္းပါပဲ။

တစ္ခုမွ အမွန္အကန္ မပါပါဘူး။ သူ႕ရဲ့ ေမာင္တစ္၀မ္းကြဲကို ေခၚလာၿပီး ရီးစားေဟာင္ပါဆိုၿပီး မိတ္ဆက္ေပးလို႔ အေတာ္ခံစားခဲ့ရသလို ရီးစားေဟာင္း တစ္ေယာက္ကို ေခၚလာၿပီး သူ႕ရဲ့ ေမာင္တစ္၀မ္းကြဲပါလို႔ ေျပာလို႔ အေတာ္ပဲ စိတ္ကသိကေအာက္ ျဖစ္ခဲ့ရပါေသးတယ္။ ဒါေၾကာင့္ လိမ္တတ္တဲ့ မိန္းမကို ကြ်န္ေတာ္ ေက်ာခိုင္းခဲ့ရပါတယ္။

ေနာက္တစ္ေယာက္က်ေတာ့ ႐ိုးလြန္းအား ႀကီးလို႔ပါ။
ေနာက္တစ္ေယာက္ၾကေတာ့ ထူလြန္းအားႀကီးလို႔.....
ေနာက္တစ္ေယာက္ၾကေတာ့ စကားမ်ားလို႔....
ေနာက္တစ္ေယာက္ၾကေတာ့...စကား မေျပာတတ္လို႔....
ေနာက္တစ္ေယာက္ၾကေတာ့ စြာလို႔ ရန္အၿမဲလိုေနလို႔ ...........
ေနာက္တစ္ေယာက္ၾကေတာ့ ကြ်န္ေတာ္လိုပဲ ဇီဇာေၾကာင္လို႔..........

အဲဒီလိုနဲ႔ ကြ်န္ေတာ္ရဲ့ အသက္ေတြလည္း တစ္ႏွစ္ၿပီး တစ္ႏွစ္ ႀကီးလာခဲ့ပါၿပီ... ကြ်န္ေတာ္ ငယ္ငယ္တုန္းက ထဲကသာ ဇီဇာမေၾကာင္ခဲ့ဘူး ဆိုရင္ အခုေလာက္ဆို ကြ်န္ေတာ္မွာ မိသားစုနဲ႔ ျဖစ္ေနေလာက္ပါၿပီ။ အခုေတာ့ ကြ်န္ေတာ္ ဇီဇာေၾကာင္ လြန္းအားႀကီးခဲ့လို႔ အခုေတာ့ ဘ၀မွာ အထီးက်န္ဆန္စြာနဲ႔ တစ္ေယာက္ထဲ ျဖတ္သန္းေနခဲ့ရပါတယ္။

အခုေတာ့လည္း ထိုင္းႏိုငံမွာ အလုပ္လာလုပ္ေနပါတယ္။ အခုအခ်ိန္အထိ လွေမာင္ဆိုတဲ့ လူသားတစ္ဦးဟာ လံုး၀ဇီဇာမေၾကာင္ေတာ့ပါဘူးဆိုတဲ့အေၾကာင္းရယ္၊အိမ္ ေထာင္မက်ေသးဘူးဆိုတဲ့ အေၾကာင္းေလးေတြကို ခင္ဗ်ားတို႔ နီးစပ္ရာကို ေျပာျပေပးပါဦးဗ်ာ..........

အဲဒီကိုလွေမာင္ႀကီးက ကြ်န္ေတာ္ရဲ့ ေဗဒင္လကၡဏာ ေဟာခန္ေလးအတြင္းကို ေရာက္လာၿပီး သူ႕အေၾကာင္းေတြကို ေျပာျပသြားခဲ့တာ။ ကြ်န္ေတာ္က သူ႕လကၡဏာကို ၾကည့္လိုက္ေတာ့ ...တနဂၤေႏြၿဂိဳဟ္ခံုရဲ့ ေအာက္တည့္တည့္မွာ ႏွလံုးလမ္းေၾကာင္းမွာ ကြ်န္းခံေနတာ သြားေတြ႕ရပါတယ္။

အဲဒီလို လကၡဏာ ပိုင္ရွင္ေတြဟာ အခ်စ္ေရးမွာ ဇီဇာေၾကာင္လြန္းလို႔ ခ်စ္ရမဲ့သူ ၊ ခ်စ္တဲ့သူ ၊ ခ်စ္သင့္သူ ၊ခ်စ္ႏိုင္တဲ့သူ ဘယ္လို ခ်စ္သူမ်ိဳးကိုပဲ ေတြ႕ေတြ႕ သူ႕ရဲ့ ဇီဇာေၾကာင္လြန္းတဲ့ စိတ္ေၾကာင့္ အခ်စ္နဲ႔ ေ၀းကြာတတ္ပါတယ္။ ေနာက္ဆံုးမွာ တစ္ေယာက္ထဲ အပ်ိဳႀကီး ၊ လူပ်ိဳႀကီး ဘ၀နဲ႔ အ႐ိုးထုပ္သြားရပါတယ္။

ကဲ...သင္တို႔၏လကၡဏာမွာလဲဒီလိုကြ်န္းအမွတ္အသားေလးပါလာ၇င္ေတာ့ ေစေစာစီးစီးသာ
 ေရြးခ်ယ္ၾကပါလို႔ေျပာရင္း......

လကၡဏာႏွင့္ ပါတ္သက္ေသာ ဗဟုသုတမ်ား ရရွိႏိုင္ၾကပါေစ...

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Hein Tint Zaw

#Unicode Version
ဘဝဆိုတာကြီးက အတော်ကို ပျင်းရိငြီးငွေ့စရာ ကောင်းလှပါတယ်ဗျာ။ ဒီနေရာမှာ ကျွန်တော်ရဲ့ အကြောင်းကို မပြောချင်ပါဘူး။ ကျွန်တော်နာမည်က လှမောင်ပါ။ ဒါပေမဲ့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ လူတွေက ကျွန်တော်ကို လှမောင်လို့ ဘယ်သူမှ မခေါ်ကြပါဘူး။ ဇီဇာမောင်လို့ ခေါ်ကြတယ်။ ဇီဇာကြောင်လွန်းလို့ လှမောင်ဆိုတဲ့နာမည်ပျောက် ဇီဇာမောင်ဆိုတဲ့နာမည်ရောက်ခဲ့တာသာ ကြည့်ပေတော့။ ကျွန်တော်ရဲ့အသက်က အခုဆို လေးဆယ်တောင်ဝင်ပါပြီ။ အိမ်ထောင်မရှိသေးတဲ့ လူပျိုကြီး တစ်ယောက်ပါ။ အိမ်ထောင်မရှိသေးဘူး ဆိုတော့ အိမ်ထောင်ရေးတွေကို စိတ်မဝင်စားဘူးလို့ မထင်စေချင်ပါဘူး။ အရမ်း စိတ်ဝင်စားပါတယ်။


ကျွန်တော်ဟာ အသက်၁၈-နှစ်သား လောက်ကတည်းက အိမ် ထောင် ပြုချင်ခဲ့တာပါ။ အိမ်ထောင် ဖက်တွေ့ရဖို့ အတွက်လည်း အမြဲတမ်း ကြိုးစား ရှာဖွေခဲ့ပါတယ်။ ချစ်သူ ထားခဲ့ပါတယ်။ ဒါပေမဲ့ မေးစရာ ရှိပါတယ်။ ဘာဖြစ်လို့ အိမ်ထောင်မကျ သေးတာလဲပေါ့။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်ရဲ့ ဇီဇာကြောင်လွန်းတဲ့ စိတ်ဓာတ်ကြောင့်ပဲ ဆိုတာ သိပါတယ်။

ကျွန်တော်ရဲ့ ဘဝမှာ ချစ်သူရီးစား တော်တော်များများ ထားခဲ့ဘူးပါတယ်။ မျက်နှာများတယ်လို့ မထင်ပါနဲ့ဗျာ ။ ကျွန်တော်က အပျော်ကြံတာ မဟုတ်ရပါဘူး။ အတည်ကြံတာပါ။ ကျွန်တော်က ချစ်သူမထားခင် ကတည်းက လက်ထပ်ဖို့ ရည်ရွယ်ပြီးမှ ထားတာမို့ပါ။ ဘယ်တစ်ယောက်ကိုမှ အပျော်ကြံတယ်ဆိုတာ မရှိပါဘူး။

နောက် ကျွန်တော်မှာ အမုန်ဆုံးဆိုတဲ့ အရာတွေ တော်တော်များပါတယ်။ ဒါလဲ မကောင်းပါဘူး။ မိန်းကလေးတစ်ယောက် ညစ်ပတ်ရင် အရမ်းမုန်းပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု့ အားနည်းတာကို ပြောတာပါ။ ကျွန်တော်ရဲ့ ချစ်သူလေးကို လက်မထပ်နိုင်ခဲ့တာ အဲဒါကြောင့်ပါ။ သူက အရမ်း ညစ်ပတ်ပါတယ်။

အဲဒီတုန်းက ကျွန်တော်ရဲ့ အသက်၂၀ပဲ ရှိသေးတယ်။ သူနဲ့ ကျွန်တော်က သက်တူရွယ်တူပါ။ ငယ်သူငယ်ချင်းတွေပါပဲ။ မူလတန်းကျောင်းကနေ အထက်တန်း အောင်တော့လဲ အတူတူ။ နောက် အဝေးသင် သွားတက်ပြီး ဘွဲ့ရတဲ့အထိ အတူတူပါ။ သူနဲ့ ကျွန်တော် ၁၀-တန်းစာမေးပွဲ ဂေဇက်ထွက်တဲ့နေ့မှာ ချစ်သူဖြစ်ခဲ့တာပါ။ ချစ်သူတွေ ဖြစ်လာတဲ့နောက်ပိုင်း သူ့အကြောင်းတွေကို ကျွန်တော် တော်တော်မျာများ သိခဲ့ရတယ်။

သူက အာပုတ်နံ့လည်း အတော် နံပါတယ်။ သူနဲ့ စကားပြောရင် အဝေးကနေပဲ ပြောရပါတယ်။ အနီးကပ်ပြောရင် သူရဲ့ အာပုတ်နံ့ကို ကျွန်တော် လုံး၀ မခံနိုင်ပါဘူး။ မရိုသေ စကားပြောရရင် ချစ်သူတို့ သဘာ၀ သူရဲ့ နုတ်ခမ်းလေးက ချိုမြိန်တဲပ အနမ်းလေးတစ်ခုကို ကျွန်တော် ရယူဖို့ မကြိုးစားခဲ့ပါဘူး။ အဓိကကတော့ သူရဲ့ အာပုတ်နံ့ကို မခံနိုင်လို့ပါ။ အဲဒီလိုနဲ့ သူ့ကို ကျွန်တော် ရင်နာနာနဲ့ပဲ လမ်းခွဲခဲ့ရတာပါ။

နောက်တစ်ယောက် ကျတော့ အရမ်း လိမ်တတ်လို့ပါ။ သူက လိမ်စရာမရှိရင် ကိုယ့်ပေါင်ကို ပြန်လိမ်ရမှ ကျေနပ်တဲ့ လူစားမျိုးပေါ့ဗျာ။ သူနဲ့ ကျွန်တော် ချစ်သူသက်တန်း တစ်လျှောက်လုံးမှာလည်း သူ့ရဲ အလိမ်အညာတွေကို လူးလိမ့်နေအောင် ခံခဲ့ရပါတယ်။ ဘယ်လောက်ထိတောင် လိမ်တတ်သလဲဆိုရင် သူနဲ့ ပတ်သက်တာတွေ အကုန်လုံး အလိမ်အညာတွေ ချဉ်းပါပဲ။

တစ်ခုမှ အမှန်အကန် မပါပါဘူး။ သူ့ရဲ့ မောင်တစ်ဝမ်းကွဲကို ခေါ်လာပြီး ရီးစားဟောင်ပါဆိုပြီး မိတ်ဆက်ပေးလို့ အတော်ခံစားခဲ့ရသလို ရီးစားဟောင်း တစ်ယောက်ကို ခေါ်လာပြီး သူ့ရဲ့ မောင်တစ်ဝမ်းကွဲပါလို့ ပြောလို့ အတော်ပဲ စိတ်ကသိကအောက် ဖြစ်ခဲ့ရပါသေးတယ်။ ဒါကြောင့် လိမ်တတ်တဲ့ မိန်းမကို ကျွန်တော် ကျောခိုင်းခဲ့ရပါတယ်။

နောက်တစ်ယောက်ကျတော့ ရိုးလွန်းအား ကြီးလို့ပါ။
နောက်တစ်ယောက်ကြတော့ ထူလွန်းအားကြီးလို့.....
နောက်တစ်ယောက်ကြတော့ စကားများလို့....
နောက်တစ်ယောက်ကြတော့...စကား မပြောတတ်လို့....
နောက်တစ်ယောက်ကြတော့ စွာလို့ ရန်အမြဲလိုနေလို့ ...........
နောက်တစ်ယောက်ကြတော့ ကျွန်တော်လိုပဲ ဇီဇာကြောင်လို့..........

အဲဒီလိုနဲ့ ကျွန်တော်ရဲ့ အသက်တွေလည်း တစ်နှစ်ပြီး တစ်နှစ် ကြီးလာခဲ့ပါပြီ... ကျွန်တော် ငယ်ငယ်တုန်းက ထဲကသာ ဇီဇာမကြောင်ခဲ့ဘူး ဆိုရင် အခုလောက်ဆို ကျွန်တော်မှာ မိသားစုနဲ့ ဖြစ်နေလောက်ပါပြီ။ အခုတော့ ကျွန်တော် ဇီဇာကြောင် လွန်းအားကြီးခဲ့လို့ အခုတော့ ဘဝမှာ အထီးကျန်ဆန်စွာနဲ့ တစ်ယောက်ထဲ ဖြတ်သန်းနေခဲ့ရပါတယ်။

အခုတော့လည်း ထိုင်းနိုငံမှာ အလုပ်လာလုပ်နေပါတယ်။ အခုအချိန်အထိ လှမောင်ဆိုတဲ့ လူသားတစ်ဦးဟာ လုံးဝဇီဇာမကြောင်တော့ပါဘူးဆိုတဲ့အကြောင်းရယ်၊အိမ် ထောင်မကျသေးဘူးဆိုတဲ့ အကြောင်းလေးတွေကို ခင်ဗျားတို့ နီးစပ်ရာကို ပြောပြပေးပါဦးဗျာ..........

အဲဒီကိုလှမောင်ကြီးက ကျွန်တော်ရဲ့ ဗေဒင်လက္ခဏာ ဟောခန်လေးအတွင်းကို ရောက်လာပြီး သူ့အကြောင်းတွေကို ပြောပြသွားခဲ့တာ။ ကျွန်တော်က သူ့လက္ခဏာကို ကြည့်လိုက်တော့ ...တနင်္ဂနွေဂြိုဟ်ခုံရဲ့ အောက်တည့်တည့်မှာ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတာ သွားတွေ့ရပါတယ်။

အဲဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ အချစ်ရေးမှာ ဇီဇာကြောင်လွန်းလို့ ချစ်ရမဲ့သူ ၊ ချစ်တဲ့သူ ၊ ချစ်သင့်သူ ၊ချစ်နိုင်တဲ့သူ ဘယ်လို ချစ်သူမျိုးကိုပဲ တွေ့တွေ့ သူ့ရဲ့ ဇီဇာကြောင်လွန်းတဲ့ စိတ်ကြောင့် အချစ်နဲ့ ဝေးကွာတတ်ပါတယ်။ နောက်ဆုံးမှာ တစ်ယောက်ထဲ အပျိုကြီး ၊ လူပျိုကြီး ဘဝနဲ့ အရိုးထုပ်သွားရပါတယ်။

ကဲ...သင်တို့၏လက္ခဏာမှာလဲဒီလိုကျွန်းအမှတ်အသားလေးပါလာ၇င်တော့ စေစောစီးစီးသာ
 ရွေးချယ်ကြပါလို့ပြောရင်း......

လက္ခဏာနှင့် ပါတ်သက်သော ဗဟုသုတများ ရရှိနိုင်ကြပါစေ...

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Hein Tint Zaw

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top