iMyanmarHouse.com - Best Property Website for Myanmar
×

ငွက္ေပ်ာသီးအခြံနဲ႔ လြယ္လြယ္ကူကူ ျခင္ကိုက္ဖုေတြကို ကုသႏိုင္မယ္ဆိုရင္ အတိုင္းမသိဝမ္းသာမိၾကမွာပါ။

ျခင္ကိုက္ဖုေတြေၾကာင့္ ယားယံၿပီး ေနမထိထိုင္မသာ ျဖစ္႐ုံသာမကပဲ ကြၽန္မတို႔မိန္းကေလးေတြ အဖုဗရပြနဲ႔ အျပင္သြားရလာရ စိတ္႐ႈပ္လြန္းလွပါတယ္။ အဲ့ဒါေၾကာင့္ အဲ့ဒီ့ ျခင္ကိုက္ဖုေလးကို ႏွိမ္နင္းႏိုင္မယ့္ ႐ုိး႐ွင္းလြယ္ကူလွတဲ့ သဘာဝကုထံုးေလးကို မ်ွေဝလိုက္ပါတယ္။

၁။ ငွက္ေပ်ာခြံႏွင့္ ေရခဲတုံး
အထူးသျဖင့္ ျခင္က်ားလိုမ်ိဳး ျခင္အေကာင္ႀကီးေတြကိုက္တဲ့အခါ ယားယံ႐ုံမက စပ္ပ်ဥ္းပ်ဥ္း ခံစားရတတ္ပါတယ္။ အဲ့ဒီ့အခါမွာ ႐ုပ္ဆိုးလွတဲ့ အနီေရာင္အဖုႀကီးေတြထလာတတ္ပါတယ္။ ေရခဲတံုးနဲ႔ ငွက္ေပ်ာ္ခြံကုထံုးဟာ ဆိုးရြားလွတဲ့ ျခင္ကိုက္ဖုေတြပါ သက္သာေပ်ာက္ကင္းေစပါတယ္။
ျပဳလုပ္နည္း
၁။ ငွက္ေပ်ာ္ခြံရဲ႕ အျဖဴအသားကို ဇြန္းနဲ႔ျခစ္ထုတ္ပါ။
၂။ေရအနည္းငယ္ေရာၿပီး ခပ္ျပစ္ျပစ္ျဖစ္ေအာင္ေမႊပါ။
၃။ ျခင္ကိုက္ဖုေပၚလိမ္းေပးပါ။
၄။အဝတ္သန္႔တစ္ခုထဲ ေရခဲတံုးထည့္ၿပီး ငွက္ေပ်ာ္ခြံအႏွစ္လိမ္းထားတဲ့ အနာေနရာေပၚ မိနစ္၃၀ ခန္႔ အံုေပးပါ။
၅။ေရႏွင့္ေဆးခ်ပါ။
၂။ငွက္ေပ်ာခြံႏွင့္ သခြာသီးကုထံုး
ငွက္ေပ်ာခြံဟာ ေဖာင္းေရာင္နီျမန္းျခင္းကို ေလ်ာ့က်ေစပါတယ္။ ျခင္ကိုက္ျခင္းေၾကာင့္ျဖစ္ေပၚလာတဲ့ ယားယံျခင္း၊ နာက်င္ျခင္းကိုလည္း သက္သာေစပါတယ္။သခြားသီးဟာ သဘာဝအရ ေရဓာတ္ႂကြယ္ဝတဲ့အတြက္ေၾကာင့္ ေအးျမေစၿပီး ယားယံျခင္း၊ နာက်င္ျခင္းကို ခ်က္ခ်င္းဆိုသလို သက္သာေစပါတယ္။
ျပဳလုပ္နည္း
၁။သခြားသီးကို အႏွစ္ရေအာင္ႀကိတ္ပါ။
၂။ငွက္ေပ်ာခြံအျဖဴေရာင္အႏွစ္ကို ဇြန္းနဲ႔ျခစ္ထုတ္ပါ။
၃။သခြာသီးအႏွစ္နဲ႔ ငွက္ေပ်ာခြံအျဖဴႏွစ္ကို ေရာၿပီး ထပ္ႀကိတ္ပါ။
၄။ ရ႐ွိလာတဲ့ အႏွစ္တစ္ဝက္ကို အဝတ္သန္႔ထဲထည့္ၿပီး က်န္တဲ့တစ္ဝက္ကို အနာေပၚလိမ္းေပးပါ။
၅။ငွက္ေပ်ာခြံႏွင့္ သခြားသီးအႏွစ ္ထည့္ထားတဲ့ အဝတ္သန္႔ကို အႏွစ္လိမ္းထားေသာ အနာေပၚသို႔ တစ္နာရီခန္႔တင္ထားေပးပါ။
၆။ေရခဲေရႏွင့္ ေဆးခ်ပါ။
အခုဆိုရင္ လြယ္ကူလွတဲ့ ငွက္ေပ်ာသီးကုထံုးေလးနဲ႔ ပ်ိဳေမတို႔ရဲ႕ အလွတရားကို ဖ်က္လိုဖ်က္ဆီးလုပ္ေနတဲ့ ျခင္ကိုက္ဖုေလးေတြကို ႏွိမ္နင္းႏိုင္ၿပီေနာ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : for her myanmar


#Unicode Version
ငှက်ပျောသီးအခွံနဲ့ လွယ်လွယ်ကူကူ ခြင်ကိုက်ဖုတွေကို ကုသနိုင်မယ်ဆိုရင် အတိုင်းမသိဝမ်းသာမိကြမှာပါ။

ခြင်ကိုက်ဖုတွေကြောင့် ယားယံပြီး နေမထိထိုင်မသာ ဖြစ်ရုံသာမကပဲ ကျွန်မတို့မိန်းကလေးတွေ အဖုဗရပွနဲ့ အပြင်သွားရလာရ စိတ်ရှုပ်လွန်းလှပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီ့ ခြင်ကိုက်ဖုလေးကို နှိမ်နင်းနိုင်မယ့် ရိုးရှင်းလွယ်ကူလှတဲ့ သဘာဝကုထုံးလေးကို မျှဝေလိုက်ပါတယ်။

၁။ ငှက်ပျောခွံနှင့် ရေခဲတုံး
အထူးသဖြင့် ခြင်ကျားလိုမျိုး ခြင်အကောင်ကြီးတွေကိုက်တဲ့အခါ ယားယံရုံမက စပ်ပျဉ်းပျဉ်း ခံစားရတတ်ပါတယ်။ အဲ့ဒီ့အခါမှာ ရုပ်ဆိုးလှတဲ့ အနီရောင်အဖုကြီးတွေထလာတတ်ပါတယ်။ ရေခဲတုံးနဲ့ ငှက်ပျော်ခွံကုထုံးဟာ ဆိုးရွားလှတဲ့ ခြင်ကိုက်ဖုတွေပါ သက်သာပျောက်ကင်းစေပါတယ်။
ပြုလုပ်နည်း
၁။ ငှက်ပျော်ခွံရဲ့ အဖြူအသားကို ဇွန်းနဲ့ခြစ်ထုတ်ပါ။
၂။ရေအနည်းငယ်ရောပြီး ခပ်ပြစ်ပြစ်ဖြစ်အောင်မွှေပါ။
၃။ ခြင်ကိုက်ဖုပေါ်လိမ်းပေးပါ။
၄။အဝတ်သန့်တစ်ခုထဲ ရေခဲတုံးထည့်ပြီး ငှက်ပျော်ခွံအနှစ်လိမ်းထားတဲ့ အနာနေရာပေါ် မိနစ်၃၀ ခန့် အုံပေးပါ။
၅။ရေနှင့်ဆေးချပါ။
၂။ငှက်ပျောခွံနှင့် သခွာသီးကုထုံး
ငှက်ပျောခွံဟာ ဖောင်းရောင်နီမြန်းခြင်းကို လျော့ကျစေပါတယ်။ ခြင်ကိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ယားယံခြင်း၊ နာကျင်ခြင်းကိုလည်း သက်သာစေပါတယ်။သခွားသီးဟာ သဘာဝအရ ရေဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် အေးမြစေပြီး ယားယံခြင်း၊ နာကျင်ခြင်းကို ချက်ချင်းဆိုသလို သက်သာစေပါတယ်။
ပြုလုပ်နည်း
၁။သခွားသီးကို အနှစ်ရအောင်ကြိတ်ပါ။
၂။ငှက်ပျောခွံအဖြူရောင်အနှစ်ကို ဇွန်းနဲ့ခြစ်ထုတ်ပါ။
၃။သခွာသီးအနှစ်နဲ့ ငှက်ပျောခွံအဖြူနှစ်ကို ရောပြီး ထပ်ကြိတ်ပါ။
၄။ ရရှိလာတဲ့ အနှစ်တစ်ဝက်ကို အဝတ်သန့်ထဲထည့်ပြီး ကျန်တဲ့တစ်ဝက်ကို အနာပေါ်လိမ်းပေးပါ။
၅။ငှက်ပျောခွံနှင့် သခွားသီးအနှစ ်ထည့်ထားတဲ့ အဝတ်သန့်ကို အနှစ်လိမ်းထားသော အနာပေါ်သို့ တစ်နာရီခန့်တင်ထားပေးပါ။
၆။ရေခဲရေနှင့် ဆေးချပါ။
အခုဆိုရင် လွယ်ကူလှတဲ့ ငှက်ပျောသီးကုထုံးလေးနဲ့ ပျိုမေတို့ရဲ့ အလှတရားကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ ခြင်ကိုက်ဖုလေးတွေကို နှိမ်နင်းနိုင်ပြီနော်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : for her myanmar





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top