iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာေလး ၾကည္လင္ေခ်ာေမြ႔ေနရင္ကိုပဲ စိတ္ထဲ ေက်နပ္ေနမိတယ္ဆုိတာ အသားအေရကို ဂ႐ုစိုက္တတ္သူေတြပဲ နားလည္မိမွာပါ။ ျဖဴေဖြးေခ်ာေမြ႕တဲ့ မ်က္ႏွာပိုင္ရွင္ျဖစ္ဖုိ႔အတြက္ ဆိုင္မွာသြားၿပီး ေပါင္းတင္ဖုိ႔ရာ အခ်ိန္မေပးႏိုင္ေသးဘူးဆိုရင္ေတာ့ ကိုယ္တုိင္ပဲ အိမ္မွာ ျပဳလုပ္ႏိုင္ပါတယ္။ စိတ္ဝင္စားတယ္ဆုိရင္ေတာ့ ပ်ားရည္အရင္ ႐ွာထားလုိက္ပါ။

ခြက္တစ္ခုထဲဲမွာ ပ်ားရည္ လက္ဖက္စားဇြန္း ၁ ဇြန္းကို သၾကား ထမင္းစားဇြန္း ၁ ဇြန္း ေပါင္းထည့္ၿပီး သမေအာင္ေမႊပါ။ သၾကားေတြ ေပ်ာ္ဝင္ၿပီဆုိမွ သံပရာရည္ ၃ စက္ ေလာက္ ညႇစ္ထည့္ရမွာျဖစ္ပါတယ္။ သံပုရာသီးမရွိရင္ သံပ႐ိုသီးသံုးလည္း ရပါတယ္။ ဒါဆုိရင္ ေပါင္းတင္ဖုိ႔အတြက္ အသင့္ျဖစ္ပါၿပီ။ မ်က္ႏွာကို သစ္ထားပါ။ ေရေျခာက္ေအာင္ သုတ္ၿပီးမွ ေစာနက ျပဳလုပ္ထားတဲ့ ေပါင္းတင္ရမယ့္အႏွစ္ကို မ်က္ႏွာေပၚကို စုတ္တံေလးနဲ႔ လိမ္းေပးရမွာျဖစ္ပါတယ္။

မ်က္ႏွာတစ္ျပင္လံုး လိမ္းေပးလို႔ရပါတယ္။ အနည္းဆံုး မိနစ္ ၂၀ မွ မိနစ္ ၄၀ အထိ ထားၿပီးရင္ မ်က္ႏွာသစ္လိုက္လို႔ရပါၿပီ။ မ်က္ႏွာသစ္တဲ့အခါ အသာအယာပြတ္သပ္ၿပီး ေဆးေၾကာေပးရမွာျဖစ္ပါတယ္။ ပ်ားရည္ရဲ႕ အသားအေရကို ၾကည္လင္စိုေျပတဲ့အစြမ္း၊ သံပရာသီးနဲ႔သၾကားရဲ႕ မ်က္ႏွာေပၚက အညစ္အေၾကးေတြ ဖယ္ရွားတဲ့ဂုဏ္သတၱိေတြက သင့္မ်က္ႏွာအသားအေရကို အထူးပဲ ေကာင္းမြန္ေစတာကို ခ်က္ခ်င္းခံစားရပါလိမ့္မယ္။



Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်နှာလေး ကြည်လင်ချောမွေ့နေရင်ကိုပဲ စိတ်ထဲ ကျေနပ်နေမိတယ်ဆိုတာ အသားအရေကို ဂရုစိုက်တတ်သူတွေပဲ နားလည်မိမှာပါ။ ဖြူဖွေးချောမွေ့တဲ့ မျက်နှာပိုင်ရှင်ဖြစ်ဖို့အတွက် ဆိုင်မှာသွားပြီး ပေါင်းတင်ဖို့ရာ အချိန်မပေးနိုင်သေးဘူးဆိုရင်တော့ ကိုယ်တိုင်ပဲ အိမ်မှာ ပြုလုပ်နိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ပျားရည်အရင် ရှာထားလိုက်ပါ။

ခွက်တစ်ခုထဲမှာ ပျားရည် လက်ဖက်စားဇွန်း ၁ ဇွန်းကို သကြား ထမင်းစားဇွန်း ၁ ဇွန်း ပေါင်းထည့်ပြီး သမအောင်မွှေပါ။ သကြားတွေ ပျော်ဝင်ပြီဆိုမှ သံပရာရည် ၃ စက် လောက် ညှစ်ထည့်ရမှာဖြစ်ပါတယ်။ သံပုရာသီးမရှိရင် သံပရိုသီးသုံးလည်း ရပါတယ်။ ဒါဆိုရင် ပေါင်းတင်ဖို့အတွက် အသင့်ဖြစ်ပါပြီ။ မျက်နှာကို သစ်ထားပါ။ ရေခြောက်အောင် သုတ်ပြီးမှ စောနက ပြုလုပ်ထားတဲ့ ပေါင်းတင်ရမယ့်အနှစ်ကို မျက်နှာပေါ်ကို စုတ်တံလေးနဲ့ လိမ်းပေးရမှာဖြစ်ပါတယ်။

မျက်နှာတစ်ပြင်လုံး လိမ်းပေးလို့ရပါတယ်။ အနည်းဆုံး မိနစ် ၂၀ မှ မိနစ် ၄၀ အထိ ထားပြီးရင် မျက်နှာသစ်လိုက်လို့ရပါပြီ။ မျက်နှာသစ်တဲ့အခါ အသာအယာပွတ်သပ်ပြီး ဆေးကြောပေးရမှာဖြစ်ပါတယ်။ ပျားရည်ရဲ့ အသားအရေကို ကြည်လင်စိုပြေတဲ့အစွမ်း၊ သံပရာသီးနဲ့သကြားရဲ့ မျက်နှာပေါ်က အညစ်အကြေးတွေ ဖယ်ရှားတဲ့ဂုဏ်သတ္တိတွေက သင့်မျက်နှာအသားအရေကို အထူးပဲ ကောင်းမွန်စေတာကို ချက်ချင်းခံစားရပါလိမ့်မယ်။



Credit : duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top