iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ အသက္ 35 ႏွစ္ေအာက္ျဖစ္ၿပီး ကိုယ္၀န္ရဖို႔ႀကိဳးစားတာ တစ္ႏွစ္ေလာက္ရွိၿပီျဖစ္ေပမယ့္ မေအာင္ ျမင္ဘူးဆိုရင္ ဆရာ၀န္နဲ႔ေဆြးေႏြးၾကည့္ပါ။ အသက္ 35 ႏွစ္အထက္ အမ်ိဳးသမီးအတြက္ေတာ့ 6 လ ေလာက္ ႀကိဳးစားၿပီးလို႔ သားသမီးမရေသးဘူးဆိုရင္ ဆရာ၀န္နဲ႔ေဆြးေႏြးသင့္ပါၿပီ။ ဘာေၾကာင့္ ကိုယ္၀န္ေဆာင္ဖို႔ ခက္ခဲတာ လဲဆိုတာသိဖုိ႔ ေသြး၊ ဆီးႏွင့္ အာထရာေဆာင္း စစ္ေဆးဖို႔နဲ႔ သုတ္ပိုးေကာင္ေလးေတြ သန္စြမ္းမႈ ရွိ၊ မရွိ စစ္ေဆးရ ပါမယ္။ သင့္ရဲ႕ဆရာ၀န္က မ်ိဳးပြားမႈဆုိင္ရာအထူးကုနဲ႔ျပဖို႔ ၫႊန္ပို႔ပါလိမ့္မယ္။ မ်ိဳးပြားမႈဆိုင္ရာ အထူးကုဟာ သား သမီးမရႏုိင္တဲ့သူေတြကို အဓိကထားေဆြးေႏြးေပးပါတယ္။ သားသမီးမရႏုိင္တဲ့ လကၡဏာနဲ႔ သင့္ရဲ႕ေရာဂါရာဇ၀င္ ကို ဆရာ၀န္ကေမးျမန္းပါလိမ့္မယ္။ ဆရာ၀န္ထံမသြားခင္ ေအာက္ေဖာ္ျပပါအခ်က္အလက္ေတြကို ေရးမွတ္ၿပီး ဆရာ၀န္နဲ႔ေတြ႕မယ့္ရက္ေရာက္ရင္ အဲဒီမွတ္တမ္းေလးယူသြားပါ။

1) သင္ေသာက္ေနတဲ့ ေဆးစာရင္း၊ ဗိုက္တာမင္ေတြ၊ သတၱဳဓာတ္ပါတဲ့ေဆးေတြ၊ ၫႊန္းစာနဲ႔ပဲျဖစ္ျဖစ္၊ ၫႊန္းစာမပါ ဘဲျဖစ္ျဖစ္ ၀ယ္ေသာက္ေနတဲ့ေဆးေတြ

2) အကာအကြယ္မသံုးဘဲ ႀကိဳးစားခဲ့တဲ့ အႀကိမ္ေရ၊ ကေလးရဖို႔ႀကိဳးစားေနတာ ဘယ္ေလာက္ၾကာၿပီဆိုတာနဲ႔ ေနာက္ဆံုးႀကိဳးစားခဲ့တဲ့ရက္စြဲ

3) သင္သတိထားမိတဲ့ ကေလးမရႏုိင္ျခင္းနဲ႔ ပတ္သက္တဲ့လကၡဏာေတြ

4) မ်ိဳးပြားမႈဆုိင္ရာ အပါအ၀င္ အရင္ကခံယူခဲ့ဖူးတဲ့ ခြဲစိတ္ကုသမႈနဲ႔ ေဆးကုသမႈရာဇ၀င္ေတြ

5) ဓာတ္ေရာင္ျခည္ကုသမႈ၊ ဓာတုပစၥည္းနဲ႔ ကုသခံရမႈ ရွိ၊ မရွိ

6) ေဆးလိပ္ေသာက္သံုးမႈ၊ အရက္ေသာက္သံုးမႈ၊ မူးယစ္ေဆးသံုးစြဲမႈအေျခအေန

7) လိင္မွတဆင့္ ကူးစက္တတ္တဲ့ေရာဂါ ရွိ၊ မရွိ

8) ဆီးခ်ိဳေရာဂါ၊ လည္ပင္းႀကီးေရာဂါစတဲ့ နာတာရွည္ေရာဂါေတြ သင္နဲ႔သင့္မိသားစုမွာ ခံစားေနရမႈ အေျခအေန

သင့္ရဲ႕ခႏၶာကိုယ္ေျပာင္းလဲမႈကို ဂ႐ုျပဳပါ။ သတိထားမိတဲ့ လကၡဏာရွိရင္ ဘယ္အခ်ိန္ျဖစ္ျဖစ္ သင့္ဆရာ ၀န္ကိုေျပာျပပါ။ သားသမီးမရႏုိင္တဲ့ ျပႆနာကို ေစာစီးစြာကုသျခင္းဟာ သင့္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို ပိုၿပီးျမန္ျမန္ဆန္ဆန္ ျပည့္၀လာေစႏိုင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:မူရင္းေရးသားသူ

#Unicode Version

သင်ဟာ အသက် 35 နှစ်အောက်ဖြစ်ပြီး ကိုယ်ဝန်ရဖို့ကြိုးစားတာ တစ်နှစ်လောက်ရှိပြီဖြစ်ပေမယ့် မအောင် မြင်ဘူးဆိုရင် ဆရာဝန်နဲ့ဆွေးနွေးကြည့်ပါ။ အသက် 35 နှစ်အထက် အမျိုးသမီးအတွက်တော့ 6 လ လောက် ကြိုးစားပြီးလို့ သားသမီးမရသေးဘူးဆိုရင် ဆရာဝန်နဲ့ဆွေးနွေးသင့်ပါပြီ။ ဘာကြောင့် ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲတာ လဲဆိုတာသိဖို့ သွေး၊ ဆီးနှင့် အာထရာဆောင်း စစ်ဆေးဖို့နဲ့ သုတ်ပိုးကောင်လေးတွေ သန်စွမ်းမှု ရှိ၊ မရှိ စစ်ဆေးရ ပါမယ်။ သင့်ရဲ့ဆရာဝန်က မျိုးပွားမှုဆိုင်ရာအထူးကုနဲ့ပြဖို့ ညွှန်ပို့ပါလိမ့်မယ်။ မျိုးပွားမှုဆိုင်ရာ အထူးကုဟာ သား သမီးမရနိုင်တဲ့သူတွေကို အဓိကထားဆွေးနွေးပေးပါတယ်။ သားသမီးမရနိုင်တဲ့ လက္ခဏာနဲ့ သင့်ရဲ့ရောဂါရာဇဝင် ကို ဆရာဝန်ကမေးမြန်းပါလိမ့်မယ်။ ဆရာဝန်ထံမသွားခင် အောက်ဖော်ပြပါအချက်အလက်တွေကို ရေးမှတ်ပြီး ဆရာဝန်နဲ့တွေ့မယ့်ရက်ရောက်ရင် အဲဒီမှတ်တမ်းလေးယူသွားပါ။

1) သင်သောက်နေတဲ့ ဆေးစာရင်း၊ ဗိုက်တာမင်တွေ၊ သတ္တုဓာတ်ပါတဲ့ဆေးတွေ၊ ညွှန်းစာနဲ့ပဲဖြစ်ဖြစ်၊ ညွှန်းစာမပါ ဘဲဖြစ်ဖြစ် ဝယ်သောက်နေတဲ့ဆေးတွေ

2) အကာအကွယ်မသုံးဘဲ ကြိုးစားခဲ့တဲ့ အကြိမ်ရေ၊ ကလေးရဖို့ကြိုးစားနေတာ ဘယ်လောက်ကြာပြီဆိုတာနဲ့ နောက်ဆုံးကြိုးစားခဲ့တဲ့ရက်စွဲ

3) သင်သတိထားမိတဲ့ ကလေးမရနိုင်ခြင်းနဲ့ ပတ်သက်တဲ့လက္ခဏာတွေ

4) မျိုးပွားမှုဆိုင်ရာ အပါအဝင် အရင်ကခံယူခဲ့ဖူးတဲ့ ခွဲစိတ်ကုသမှုနဲ့ ဆေးကုသမှုရာဇဝင်တွေ

5) ဓာတ်ရောင်ခြည်ကုသမှု၊ ဓာတုပစ္စည်းနဲ့ ကုသခံရမှု ရှိ၊ မရှိ

6) ဆေးလိပ်သောက်သုံးမှု၊ အရက်သောက်သုံးမှု၊ မူးယစ်ဆေးသုံးစွဲမှုအခြေအနေ

7) လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါ ရှိ၊ မရှိ

8) ဆီးချိုရောဂါ၊ လည်ပင်းကြီးရောဂါစတဲ့ နာတာရှည်ရောဂါတွေ သင်နဲ့သင့်မိသားစုမှာ ခံစားနေရမှု အခြေအနေ

သင့်ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကို ဂရုပြုပါ။ သတိထားမိတဲ့ လက္ခဏာရှိရင် ဘယ်အချိန်ဖြစ်ဖြစ် သင့်ဆရာ ဝန်ကိုပြောပြပါ။ သားသမီးမရနိုင်တဲ့ ပြဿနာကို စောစီးစွာကုသခြင်းဟာ သင့်ရဲ့မျှော်လင့်ချက်တွေကို ပိုပြီးမြန်မြန်ဆန်ဆန် ပြည့်ဝလာစေနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:မူရင်းရေးသားသူ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top