iMyanmarHouse.com - Best Property Website for Myanmar
×







Unicode Version

အသက်အရွယ်နဲ့ ဇရာကိုတော့ လိမ်လို့မရတာတော့ အမှန်ပါပဲ။ တဖြည်းဖြည်းနဲ့ အသက်တွေကြီးလာလို့ ပျက်စီယိုယွင်းလာတဲ့ ခန္ဓာ ကိုယ်နဲ့ ပုံပန်းသဏ္ဍာန်က တားဆီးလို့မရနိုင်ပေမယ့် မိမိကိုယ် တိုင်ဂရုတစိုက်ထိန်းသိမ်းပြီးတော့ နေထိုင်မယ်ဆိုရင်တော့ အသက် အရွယ်နဲ့ မလိုက်ဖက်အောင်ကို ငယ်ရွယ်နုပျိုခြင်း၊ အလှတရားကို တော့ပိုင်ဆိုင်နိုင်ပါတယ်။

ဒါ့ကြောင့်မို့လို့ အခုဖော်ပြပေးမယ့် လွယ် ကူတဲ့နည်းလမ်းကောင်း လေးက သင့်အတွက် အလှအပနဲ့ လှတစ်မျက်နှာကို ၁၀ နှစ်စာနုပျို လှပသွားနိုင်မယ့် အံ့သြစရာနည်းလမ်းလေးပါပဲ….
လိုအပ်တဲ့ပစ္စည်းက ခက်ခက်ခဲခဲတော့ ရှာစရာမလိုပါဘူး။

 မုန့်ဖုတ် ဆော်ဒါ အပျော့စားနဲ့ အုန်းဆီ(သို့မဟုတ်) သံလွင်ဆီ တစ်မျိုးမျိုးနဲ့ ရောစပ်ပြီးတော့ မျက်နှာအရေးပြားပေါ် လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။ ရလာတဲ့အရောအနှောကို မျက်နှာပြင်ပေါ် နှံ့စပ်အောင်လိမ်းပေး ခြင်းအားဖြင့် အသက်ကြီးလာလို့ တွဲကျလာတဲ့ အရေပြား၊ မျက်အိပ်၊ ပါးရေတွန့်လာခြင်းတွေနဲ့ ဝက်ခြံ၊ ဆားဝက်ခြံ အဖုအပိန့် အညိုအမဲ တွေကို အံ့အားသင့်စရာကောင်းလောက်အောင်ကို ပျောက်ကင်း သွားစေနိုင်ပါတယ်….
အချိန်ဆယ့်ငါးမိနစ်စာ လိမ်းပေးထားရုံနဲ့ ၁၀ နှစ်စာ နုပျိုသွားတဲ့ လှတစ်မျက်နှာကို လက်တွေ့ရလာမှာမို့လို့ စမ်းသပ်ကြည့်ကြဖို့ မမေ့နဲ့နော်…

Credit: ဖိုးသူတော် (www.phothutaw.com)



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top