iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာႏိုင္ငံတြင္ ဗုဒၶဘာသာ၀င္မ်ားအတြက္ ဘာသာေရးအရ အရက္ေသာက္ျခင္းမွာ ငါးပါးသီလကို ေဖာက္ဖ်က္ျခင္းေၾကာင့္ အရက္ေသစာေသာက္သံုးမႈကို အထူးေရွာင္ၾကဥ္ေလ့ရွိသလို ျမန္မာ့လူမႈ အသိုင္းအ၀ိုင္းတြင္လည္း အရက္သမားဆိုသည္မွာ လူအမ်ား၏ ကဲ့ရဲ႕ခံရေလ့ရွိျခင္းေၾကာင့္ အရက္ေသာက္ျခင္းကို ေရွာင္ၾကဥ္ေလ့ရွိၾကသည္။
သို႔ေသာ္ ေျပာင္းလဲလာေသာ လူေနမႈအက်င့္စ႐ိုက္မ်ား၊ ျပည္ပမွ ယဥ္ေက်းမႈဓေလ့မ်ား ကူးစက္လာ ျခင္းေၾကာင့္ အရက္ေသာက္သံုးျခင္း မွာ ထူးဆန္းေသာအရာဟုမျမင္ၾက ေတာ့ဘဲ ႀကီးငယ္မေရြးအရက္ေသာက္ သံုးေသာအေလ့အက်င့္ ရရွိလာၾကသည္။ ထို႔အျပင္ အလြယ္တကူ ၀ယ္ယူရရွိႏိုင္ျခင္း၊ ေစ်းႏႈန္းသက္သာျခင္း၊ အေျခခံ လူတန္းစားမ်ားအတြက္ အရက္ေသာက္ျခင္းသည္ ထြက္ေပါက္သဖြယ္ ျဖစ္လာျခင္းတို႔ေၾကာင့္ အရက္ ေသာက္သံုးမႈ ျမင့္တက္လာရေၾကာင္း ေလ့လာသူတို႔က ဆိုၾကသည္။

"အေျခခံလူတန္းစားေတြ အထူးသျဖင့္ လက္လုပ္လက္စားေတြက အရက္ကိုပင္ပန္းမႈအေၾကာင္းျပၿပီး ေသာက္သံုးေလ့ရွိပါတယ္။ အထူးသျဖင့္ လယ္ထဲကိုင္းထဲဆင္းရတဲ့သူ ေတြဆိုရင္အရက္ကို ေဆးျဖစ္၀ါးျဖစ္ ဆိုၿပီး ေသာက္ၾကေလ့ရွိပါတယ္။ အဲဒါေၾကာင့္ နယ္ေတြမွာ အရက္က စၿပီးျဖစ္ရတဲ့ မႈခင္းေတြ မၾကာခဏ ဆိုသလို ျဖစ္ေပၚတာေတြ႕ရပါတယ္။ ၿမိဳ႕ေပၚမွာေတာ့ အရက္အလြန္အကြၽံေသာက္လို႔ စိတ္ေရာဂါ၊ အသည္း ေရာဂါနဲ႔တျခားေရာဂါေတြ ျဖစ္ပြားမႈ ႏႈန္းမ်ားပါတယ္"ဟု အၿငိမ္းစား ဆရာ၀န္ႀကီးတစ္ဦးကေျပာပါသည္။
“အရက္ရဲ႕ဆုိးက်ဳိးေၾကာင့္လည္း လူမႈေရးျပႆနာ၊ ႐ုပ္ပုိင္းဆုိင္ရာ စိတ္ပုိင္းဆုိင္ရာ က်န္းမာေရးျပႆနာေတြ ျဖစ္ႏုိင္တယ္။ စိတ္ပုိင္းဆုိင္ရာအရ စိတ္ကေယာင္ကတမ္းျဖစ္တာ၊ လႈံ႔ေဆာ္မဲ့ အာ႐ုံေတြၾကားရတာ၊ အာ႐ုံေၾကာေတြ ထံုထုိင္းတာ၊ မွတ္ဥာဏ္ခ်ဳိ႕ယြင္းတာ စတာေတြျဖစ္ႏုိင္ . . .”
ခႏၶာကုိယ္ရဲ႕အရက္ဒဏ္ခံႏုိင္ရည္
ခႏၶာကိုယ္၏ ခံႏုိင္စြမ္းရည္ အေနအထားအရ အရက္ကုိအလြန္ ကြၽံေသာက္၍ ျဖစ္ေစ၊ အရက္ကုိ စဲြလန္းစြာ ႏွစ္ရွည္လမ်ားေသာက္သံုးလွ်င္ျဖစ္ေစ ခံႏုိင္စြမ္းရည္မရွိေၾကာင္း သိရပါသည္။
"အရက္ကုိ အလြန္အကြၽံ ေသာက္လုိ႔ပဲျဖစ္ျဖစ္၊ စြဲစြဲလမ္းလမ္း ေသာက္သံုးလုိ႔ပဲျဖစ္ျဖစ္ အသည္း ေရာဂါအျပင္ အစာအိမ္ေရာဂါ၊ ပါးစပ္နဲ႔လည္ေခ်ာင္းေရာဂါတုိ႔အျပင္ ကင္ဆာအထိျဖစ္ႏုိင္ပါတယ္။ တျခား စိတ္ပုိင္းဆုိင္ရာ၊ အာ႐ုံေၾကာဆုိင္ရာ ေရာဂါေတြလည္း ျဖစ္ႏုိင္ပါတယ္။ လူတစ္ေယာက္ အရက္ေသာက္ၿပီးၿပီ ဆုိရင္ အရက္ကုိျပင္ပကုိျပန္စြန္႔ထုတ္ႏုိင္ဖုိ႔ ေသြးအရည္ၾကည္နဲ႔ အသည္းတုိ႔က ေခ်ဖ်က္ရတယ္။ အဲဒီေနာက္ ကာဗြန္ဒုိင္ေအာက္ဆုိက္ ဓာတ္ေငြ႔နဲ႔ ဟုိက္ဒ႐ုိဂ်င္ဓာတ္ေငြ႕အျဖစ္ ႏွာေခါင္းနဲ႔ ဆီးကေန အျပင္ကုိ ျပန္ထြက္ေစပါ တယ္။ ဒါေပမယ့္ အယ္လ္ကုိေဟာ ၂ ရာခုိင္ႏႈန္းေလာက္ပဲ အျပင္ကုိ ျပန္ထြက္ႏုိင္ၿပီး က်န္တာေတြက ခႏၶာကုိယ္ထဲမွာ က်န္ခဲ့ပါတယ္။ အရက္ ေသာက္လြန္းရင္ ေခ်ဖ်က္ဖုိ႔ႀကိဳးစား ေပးရတဲ့အသည္းက အလုပ္ပုိလုပ္ရတယ္။ ခ်ဳိ႕ယြင္းဖုိ႔ပုိလြယ္တယ္။ လက္ရွိ လူမႈ၀န္းက်င္မွာ ဘီပုိး၊ စီပုိး တုိ႔လုိ အသည္းေရာဂါပုိးေတြ ရွိေနတာမ်ားတယ္။ ဒါေၾကာင့္ အရက္နဲ႔ အဲဒီေရာဂါပုိးေတြေပါင္းၿပီး အသည္း က ပုိပ်က္စီးဖို႔လြယ္တယ္။ အသည္း ေရာဂါ၊ အသည္းကင္ဆာျဖစ္တဲ့သူ ေတြမ်ားလာတယ္"ဟု ပါေမာကၡ ေဒါက္တာျမင့္ျမင့္ခင္က ရွင္းျပခဲ့သည္။

"အရက္ကုိ ေသာက္ၾကတဲ့ အေၾကာင္းျပခ်က္အမ်ဳိးမ်ဳိးရွိႏုိင္ပါ တယ္။ ပတ္၀န္းက်င္ေၾကာင့္၊ အေပါင္းအသင္းေၾကာင့္၊ စိတ္ခံစား ခ်က္ေၾကာင့္ စသျဖင့္ရွိႏုိင္
တယ္။ အရက္ရဲ႕ဆုိးက်ဳိးေၾကာင့္လည္း လူမႈ ေရးျပႆနာ၊ ႐ုပ္ပုိင္းဆုိင္ရာ၊
စိတ္ ပုိင္းဆုိင္ရာ က်န္းမာေရးျပႆနာ ေတြျဖစ္ႏုိင္တယ္။ စိတ္ပုိင္းဆုိင္ရာ
အရ စိတ္ကေယာင္ကတမ္းျဖစ္တာ၊ လႈံ႔ေဆာ္မဲ့အာ႐ုံေတြၾကားရတာ၊
အာ႐ုံ ေၾကာေတြ ထံုထုိင္းတာ၊ မွတ္ဥာဏ္ ခ်ဳိ႕ယြင္းတာ စတာေတြျဖစ္ႏုိင္တယ္။ အရက္ေသာက္လုိ႔ စိတ္ဖိစီးသလုိ စိတ္ဖိစီးမႈေၾကာင့္ အရက္ေသာက္ျဖစ္တာလည္း ရွိႏုိင္တယ္။ အရက္ေသာက္ သံုးသူတခ်ဳိ႕မွာ စိတ္ဓာတ္က်တဲ့ ေရာဂါမ်ဳိးစဲြကပ္တတ္တယ္။

လက္ေတြ႕နဲ႔မေလ်ာ္ညီတဲ့ အေတြးမ်ဳိး ၀င္တာလည္းရွိႏုိင္တယ္။ ငယ္စဥ္က
တည္းက ၾကံဳေတြ႕ခဲ့ရတဲ့ျပႆနာေတြ၊ နာက်င္မႈေတြကုိ အခုအသက္အရြယ္ အထိ စုစည္းသယ္ေဆာင္လာၿပီး အရက္ကုိ အသံုးခ်ၿပီး ေျဖသိမ့္တတ္ၾကတယ္။

ဒါေပမယ့္ အရက္ေၾကာင့္ တခ်ဳိ႕ခံစားမႈေတြပုိတုိးလာႏုိင္တယ္။ အရက္ကုိ
အလြန္
အကြၽံ ေသာက္သုံးရင္ အလုပ္အကုိင္ထိခုိက္ႏုိင္တယ္၊ အလုပ္မလုပ္ႏုိင္ရင္
၀င္ေငြက်ဆင္းမယ္။ မိသားစုအပါအ၀င္ အသုိင္းအ၀ုိင္းတြင္းမွာ ျပႆနာျဖစ္ႏုိင္တယ္၊ လူမႈစီးပြားဘ၀ ပ်က္ယြင္းေစႏုိင္တယ္" ဟု စိတ္ပညာပါေမာကၡ ေဒါက္တာ ေဒၚခင္ေအး၀င္းက ဆုိပါသည္။


Credit:Original writer

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးအရ အရက်သောက်ခြင်းမှာ ငါးပါးသီလကို ဖောက်ဖျက်ခြင်းကြောင့် အရက်သေစာသောက်သုံးမှုကို အထူးရှောင်ကြဉ်လေ့ရှိသလို မြန်မာ့လူမှု အသိုင်းအဝိုင်းတွင်လည်း အရက်သမားဆိုသည်မှာ လူအများ၏ ကဲ့ရဲ့ခံရလေ့ရှိခြင်းကြောင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်လေ့ရှိကြသည်။
သို့သော် ပြောင်းလဲလာသော လူနေမှုအကျင့်စရိုက်များ၊ ပြည်ပမှ ယဉ်ကျေးမှုဓလေ့များ ကူးစက်လာ ခြင်းကြောင့် အရက်သောက်သုံးခြင်း မှာ ထူးဆန်းသောအရာဟုမမြင်ကြ တော့ဘဲ ကြီးငယ်မရွေးအရက်သောက် သုံးသောအလေ့အကျင့် ရရှိလာကြသည်။ ထို့အပြင် အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ အခြေခံ လူတန်းစားများအတွက် အရက်သောက်ခြင်းသည် ထွက်ပေါက်သဖွယ် ဖြစ်လာခြင်းတို့ကြောင့် အရက် သောက်သုံးမှု မြင့်တက်လာရကြောင်း လေ့လာသူတို့က ဆိုကြသည်။

"အခြေခံလူတန်းစားတွေ အထူးသဖြင့် လက်လုပ်လက်စားတွေက အရက်ကိုပင်ပန်းမှုအကြောင်းပြပြီး သောက်သုံးလေ့ရှိပါတယ်။ အထူးသဖြင့် လယ်ထဲကိုင်းထဲဆင်းရတဲ့သူ တွေဆိုရင်အရက်ကို ဆေးဖြစ်ဝါးဖြစ် ဆိုပြီး သောက်ကြလေ့ရှိပါတယ်။ အဲဒါကြောင့် နယ်တွေမှာ အရက်က စပြီးဖြစ်ရတဲ့ မှုခင်းတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်တာတွေ့ရပါတယ်။ မြို့ပေါ်မှာတော့ အရက်အလွန်အကျွံသောက်လို့ စိတ်ရောဂါ၊ အသည်း ရောဂါနဲ့တခြားရောဂါတွေ ဖြစ်ပွားမှု နှုန်းများပါတယ်"ဟု အငြိမ်းစား ဆရာဝန်ကြီးတစ်ဦးကပြောပါသည်။
“အရက်ရဲ့ဆိုးကျိုးကြောင့်လည်း လူမှုရေးပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာအရ စိတ်ကယောင်ကတမ်းဖြစ်တာ၊ လှုံ့ဆော်မဲ့ အာရုံတွေကြားရတာ၊ အာရုံကြောတွေ ထုံထိုင်းတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ စတာတွေဖြစ်နိုင် . . .”
ခန္ဓာကိုယ်ရဲ့အရက်ဒဏ်ခံနိုင်ရည်
ခန္ဓာကိုယ်၏ ခံနိုင်စွမ်းရည် အနေအထားအရ အရက်ကိုအလွန် ကျွံသောက်၍ ဖြစ်စေ၊ အရက်ကို စွဲလန်းစွာ နှစ်ရှည်လများသောက်သုံးလျှင်ဖြစ်စေ ခံနိုင်စွမ်းရည်မရှိကြောင်း သိရပါသည်။
"အရက်ကို အလွန်အကျွံ သောက်လို့ပဲဖြစ်ဖြစ်၊ စွဲစွဲလမ်းလမ်း သောက်သုံးလို့ပဲဖြစ်ဖြစ် အသည်း ရောဂါအပြင် အစာအိမ်ရောဂါ၊ ပါးစပ်နဲ့လည်ချောင်းရောဂါတို့အပြင် ကင်ဆာအထိဖြစ်နိုင်ပါတယ်။ တခြား စိတ်ပိုင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာ ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက် အရက်သောက်ပြီးပြီ ဆိုရင် အရက်ကိုပြင်ပကိုပြန်စွန့်ထုတ်နိုင်ဖို့ သွေးအရည်ကြည်နဲ့ အသည်းတို့က ချေဖျက်ရတယ်။ အဲဒီနောက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အဖြစ် နှာခေါင်းနဲ့ ဆီးကနေ အပြင်ကို ပြန်ထွက်စေပါ တယ်။ ဒါပေမယ့် အယ်လ်ကိုဟော ၂ ရာခိုင်နှုန်းလောက်ပဲ အပြင်ကို ပြန်ထွက်နိုင်ပြီး ကျန်တာတွေက ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့ပါတယ်။ အရက် သောက်လွန်းရင် ချေဖျက်ဖို့ကြိုးစား ပေးရတဲ့အသည်းက အလုပ်ပိုလုပ်ရတယ်။ ချို့ယွင်းဖို့ပိုလွယ်တယ်။ လက်ရှိ လူမှုဝန်းကျင်မှာ ဘီပိုး၊ စီပိုး တို့လို အသည်းရောဂါပိုးတွေ ရှိနေတာများတယ်။ ဒါကြောင့် အရက်နဲ့ အဲဒီရောဂါပိုးတွေပေါင်းပြီး အသည်း က ပိုပျက်စီးဖို့လွယ်တယ်။ အသည်း ရောဂါ၊ အသည်းကင်ဆာဖြစ်တဲ့သူ တွေများလာတယ်"ဟု ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်က ရှင်းပြခဲ့သည်။

"အရက်ကို သောက်ကြတဲ့ အကြောင်းပြချက်အမျိုးမျိုးရှိနိုင်ပါ တယ်။ ပတ်ဝန်းကျင်ကြောင့်၊ အပေါင်းအသင်းကြောင့်၊ စိတ်ခံစား ချက်ကြောင့် စသဖြင့်ရှိနိုင်
တယ်။ အရက်ရဲ့ဆိုးကျိုးကြောင့်လည်း လူမှု ရေးပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာ၊
စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တွေဖြစ်နိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ
အရ စိတ်ကယောင်ကတမ်းဖြစ်တာ၊ လှုံ့ဆော်မဲ့အာရုံတွေကြားရတာ၊
အာရုံ ကြောတွေ ထုံထိုင်းတာ၊ မှတ်ဉာဏ် ချို့ယွင်းတာ စတာတွေဖြစ်နိုင်တယ်။ အရက်သောက်လို့ စိတ်ဖိစီးသလို စိတ်ဖိစီးမှုကြောင့် အရက်သောက်ဖြစ်တာလည်း ရှိနိုင်တယ်။ အရက်သောက် သုံးသူတချို့မှာ စိတ်ဓာတ်ကျတဲ့ ရောဂါမျိုးစွဲကပ်တတ်တယ်။

လက်တွေ့နဲ့မလျော်ညီတဲ့ အတွေးမျိုး ဝင်တာလည်းရှိနိုင်တယ်။ ငယ်စဉ်က
တည်းက ကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေ၊ နာကျင်မှုတွေကို အခုအသက်အရွယ် အထိ စုစည်းသယ်ဆောင်လာပြီး အရက်ကို အသုံးချပြီး ဖြေသိမ့်တတ်ကြတယ်။

ဒါပေမယ့် အရက်ကြောင့် တချို့ခံစားမှုတွေပိုတိုးလာနိုင်တယ်။ အရက်ကို
အလွန်
အကျွံ သောက်သုံးရင် အလုပ်အကိုင်ထိခိုက်နိုင်တယ်၊ အလုပ်မလုပ်နိုင်ရင်
ဝင်ငွေကျဆင်းမယ်။ မိသားစုအပါအဝင် အသိုင်းအဝိုင်းတွင်းမှာ ပြဿနာဖြစ်နိုင်တယ်၊ လူမှုစီးပွားဘ၀ ပျက်ယွင်းစေနိုင်တယ်" ဟု စိတ်ပညာပါမောက္ခ ဒေါက်တာ ဒေါ်ခင်အေးဝင်းက ဆိုပါသည်။


Credit:Original writer



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top