iMyanmarHouse.com - Best Property Website for Myanmar
×

ဗာဒံေစ့၊ သီဟုိဠ္ေစ့တုိ႔ကဲ့သို႔ အမွ်င္ဓာတ္ပါ၀င္မႈႏွင့္ ဓာတ္တုိး ဆန္႔က်င္ပစၥည္းပါ၀င္မႈမ်ားေသာ အေစ့အဆန္မ်ားသည္ က်န္းမာ ေရးႏွင့္ အညီၫြတ္ဆံုး၊ အာဟာရအရိွဆံုး သေရစာမ်ားျဖစ္သည္။အေစ့အဆန္မ်ားစားေပးျခင္းေၾကာင့္ ရရိွႏုိင္သည့္ က်န္းမာေရးအ က်ိဳးေက်းဇူးမ်ားသည္ ထင္မွတ္ထားသည္ထက္ပုိမ်ားေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။

အေစ့အဆန္မ်ားသည္ အာဟာရဓာတ္မ်ား ျပည့္၀ၿပီး ဖက္တီးအက္စစ္ျမင့္မားကာ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ားပါ၀င္သည္။

ႏွလံုးေသြးေၾကာဆုိင္ရာေရာဂါ၊ ေလျဖတ္ျခင္းႏွင့္ ကင္ဆာေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲရာယ္မ်ားကို အေစ့အဆန္မ်ား စားသံုးျခင္း ျဖင့္ ေလ်ာ့က်ေစႏုိင္ေၾကာင္း ယခုေလ့လာမႈက ေဖာ္ျပသည္။

အေစ့အဆန္မ်ားကုိ ေန႔စဥ္ပံုမွန္လက္တစ္ဆုပ္စာမွ် စားေပး  ျခင္းျဖင့္ ႏွလံုးေသြးေၾကာဆုိင္ရာေရာဂါျဖစ္ႏုိင္သည့္အႏၲရာယ္ကုိ ၃၀ ရာခုိင္ႏႈန္းနီးပါး ေလွ်ာ့ခ်ေပးႏုိင္ၿပီး အျခားေရာဂါမ်ားျဖစ္ႏုိင္သည့္ အႏၲရာယ္ကုိလည္း ကာကြယ္ေပးႏုိင္သည္။ အသက္႐ွဴလမ္းေၾကာင္း ေရာဂါအႏၲရာယ္ကုိ အေစ့အဆန္မ်ား စားျခင္းေၾကာင့္ ၅၂ ရာခုိင္ႏႈန္းအထိ ေလ်ာ့က်ေစႏုိင္သည္။

ထို႔အျပင္ ေန႔စဥ္အေစ့အဆန္မ်ား လက္တစ္ဆုပ္စာခန္႔ ပံုမွန္

စားေပးျခင္းျဖင့္ ဆီးခ်ိဳေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ကို ၄၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏုိင္ၿပီး ကူးစက္တတ္ေသာေရာဂါ အႏၲ ရာယ္ကုိ ၇၅ ရာခုိင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏုိင္သည္။

အေစ့အဆန္မ်ားစားေပးျခင္းႏွင့္ က်န္းမာေရးေကာင္းမြန္ျခင္းၾကား ခုိင္မာေသာ ဆက္စပ္မႈတစ္ခုေတြ႕ရသည္ဟု သုေတသီမ်ားက ေျပာသည္။ အေစ့အဆန္မ်ားႏွင့္ ေျမပဲတုိ႔တြင္ ႏွလံုးေသြးေၾကာဆုိင္ရာေရာဂါအႏၲရာယ္ကို ေလ်ာ့က်ေစႏုိင္ေသာ၊ ကုိလက္စထေရာေလ်ာ့က်ေစႏုိင္ေသာ အာဟာရဓာတ္မ်ားျဖစ္သည့္ မဂၢနီဆီယမ္၊ အမွ်င္ဓာတ္ႏွင့္ က်န္းမာေရးႏွင့္ညီေသာ အဆီဓာတ္မ်ားစြာ ပါ၀င္သည္။


Credit : 7Day Daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဗာဒံစေ့၊ သီဟိုဠ်စေ့တို့ကဲ့သို့ အမျှင်ဓာတ်ပါဝင်မှုနှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းပါဝင်မှုများသော အစေ့အဆန်များသည် ကျန်းမာ ရေးနှင့် အညီညွတ်ဆုံး၊ အာဟာရအရှိဆုံး သရေစာများဖြစ်သည်။အစေ့အဆန်များစားပေးခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးအ ကျိုးကျေးဇူးများသည် ထင်မှတ်ထားသည်ထက်ပိုများကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

အစေ့အဆန်များသည် အာဟာရဓာတ်များ ပြည့်ဝပြီး ဖက်တီးအက်စစ်မြင့်မားကာ ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သည်။

နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များကို အစေ့အဆန်များ စားသုံးခြင်း ဖြင့် လျော့ကျစေနိုင်ကြောင်း ယခုလေ့လာမှုက ဖော်ပြသည်။

အစေ့အဆန်များကို နေ့စဉ်ပုံမှန်လက်တစ်ဆုပ်စာမျှ စားပေး  ခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်သည့်အန္တရာယ်ကို ၃၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်ပြီး အခြားရောဂါများဖြစ်နိုင်သည့် အန္တရာယ်ကိုလည်း ကာကွယ်ပေးနိုင်သည်။ အသက်ရှူလမ်းကြောင်း ရောဂါအန္တရာယ်ကို အစေ့အဆန်များ စားခြင်းကြောင့် ၅၂ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်။

ထို့အပြင် နေ့စဉ်အစေ့အဆန်များ လက်တစ်ဆုပ်စာခန့် ပုံမှန်

စားပေးခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး ကူးစက်တတ်သောရောဂါ အန္တ ရာယ်ကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည်။

အစေ့အဆန်များစားပေးခြင်းနှင့် ကျန်းမာရေးကောင်းမွန်ခြင်းကြား ခိုင်မာသော ဆက်စပ်မှုတစ်ခုတွေ့ရသည်ဟု သုတေသီများက ပြောသည်။ အစေ့အဆန်များနှင့် မြေပဲတို့တွင် နှလုံးသွေးကြောဆိုင်ရာရောဂါအန္တရာယ်ကို လျော့ကျစေနိုင်သော၊ ကိုလက်စထရောလျော့ကျစေနိုင်သော အာဟာရဓာတ်များဖြစ်သည့် မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်နှင့် ကျန်းမာရေးနှင့်ညီသော အဆီဓာတ်များစွာ ပါဝင်သည်။


Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top