iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
ဆောင်းရာသီ အားလပ်ရက်ကာလ အထွတ်အထိပ် ရောက်နေပါပြီ။ အဲဒါက အအေးမိခြင်း၊ အအေးပတ်ခြင်းနဲ့ တုပ်ကွေးရာသီဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ အခြေခံတုပ်ကွေးကာကွယ်နည်းတွေကို အားလုံးသိထားကြမယ်ဆိုတာ သေချာပါတယ်။ လက်တွေ အမြဲတမ်း ဆေးကြောသန့်စင်ပေးတာ၊ လက်တွေကို မျက်နှာနဲ့ မထိအောင် ခပ်ဝေးဝေးထားတာ၊ ဟင်းသီးဟင်းရွက်ပဲ စားပေးတာရယ်၊ နောက်ပြီး အိပ်ရေးဝဝအိပ်တာတွေ ပါပဲ။ ဒါတွေထက် ပိုကောင်းတဲ့ ဖျားနာမှုတွေကို နေ့စဉ် ကိုင်တယ်ဖြေရှင်းပေးတဲ့ အကြံပြုချက်လေးတွေရှိပါတယ်။
အိမ်ပြင် ပိုထွက်ပေးတာက နာမကျန်းမဖြစ်အောင် ကူညီပေးနိုင်တယ်လို့ Medstar Union Memorial Hospital က ရောဂါကူးစက်မှုကာကွယ်တားဆီးရေး ဒါရိုက်တာ Shawn Mueller ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အအေးဓာတ် ပိုတဲ့အခါ ကျွနု်ပ်တို့ ဖျားရတဲ့ အကြောင်းအရင်းတစ်ခုက အိမ်တွင်း လေထု ပို၍မျှသုံး နေရလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဘယ်နာမကျန်းမှုမဆို တားဆီးကာကွယ်ဖို့အတွက် မကြာမကြာ အိမ်ပြင်ထွက်တာ၊ ပြတင်းပေါက်တွေဖွင့်တာ သို့မဟုတ် လေထုထဲက ရောဂါပိုးတွေ နိမ်နင်းဖို့  လေထုတ်သန့်စင်စက် air purifier အသုံးပြုတာ ပြုလုပ်သင့်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top