iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြလို႕ ဆုိရမလို လူတစ္ဦးတစ္ေယာက္က အျခားတစ္ေယာက္ကို ၾကည့္ရႈတဲ့အျမင္က မတူႏိုင္ပါဘူး။ တစ္ခ်ိဳ႕က မ်က္၀န္းနက္နက္ေတြ သေဘာက်ၾကတယ္၊ တစ္ခ်ိဳ႕က်ေတာ့လည္း ခႏၶာကိုယ္အခ်ိဳးအစား လွတဲ့သူကို သေဘာက်ၾကသလို တစ္ခ်ိဳ႕က်ေတာ့လည္း ပိန္ပိန္ပါးပါးအခ်ိဳးအစားမွ သေဘာက်ၾကသူေတြ ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Fitrated ဆုိက္ကေန အေမရိကန္က အမ်ိဳးသား နဲ႕ အမ်ိဳးသမီး ၂၀၁၇ေယာက္ကို စစ္တမ္းေကာက္ခဲ့ျပီး သူတုိ႕သေဘာက်တဲ့ ခႏၶာကိုယ္အခ်ိဳးအစား၊ ဆက္စီက်တယ္လုိ႕ထင္တဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို စာရင္းျပဳစုခဲ့ပါတယ္။

ခႏၶာကိုယ္အခ်ိဳးအစားအေနနဲ႕ကေတာ့ ပံုမွန္အေနအထား၊ ဗလေတာင့္ေတာင့္၊ ေကာက္ေၾကာင္းရွိတဲ့ ခႏၶာကိုယ္ နဲ႕ ပိန္ပိန္ပါးပါး စတာေတြကို ေရြးခ်ယ္ေစခဲ့ပါတယ္။ အမ်ိဳးသမီးေတြကို စတင္ေမးျမန္းၾကည့္လိုက္ေတာ့ အမ်ိဳးသမီးေတြထဲက ၄၁.၇ရာခုိင္ႏႈန္းဟာ သိပ္မပိန္သိပ္မ၀တဲ့ ေဘာ္ဒီမ်ိဳးရွိတဲ့ အမ်ိဳးသားေတြကို သေဘာက်တယ္လို႕ ဆုိထားသလို  ၃၅.၈ရာခုိင္ႏႈန္းေသာ အမ်ိဳးသမီးေတြကေတာ့ ဗလေတာင့္တဲ့ အမ်ိဳးသားေတြကို သေဘာက်ပါတယ္တဲ့။

လိင္တူစိတ္၀င္စားတဲ့ အမ်ိဳဳးသမီးေတြကို စစ္တမ္းေကာက္ၾကည့္တဲ့အခါမွာ သူတုိ႕ထဲက ၃၅.၉ရာခုိင္ႏႈန္းေသာ အမ်ိဳးသမီးေတြဟာ ပံုမွန္ခႏၶာကိုယ္အခ်ိဳးအစားမ်ိဳးရွိတဲ့ အမ်ိဳးသမီးေတြကို စိတ္၀င္စားၾကျပီး ၃၀.၁ရာခိုင္ႏႈန္းေသာ လိင္တူခ်စ္သူ အမ်ိဳးသမီးေတြကေတာ့ ခႏၶာကိုယ္ေကာက္ေၾကာင္းရွိတဲ့ အမ်ိဳးသမီးေတြကိုသာ သေဘာက်ပါတယ္တဲ့။ ဒါ့အျပင္ ၁၁.၂ရာခုိင္ႏႈန္းေသာ က်န္ရွိတဲ့ လိင္တူခ်စ္သူ အမ်ိဳးသမီးေတြက ဗလနည္းနည္းေတာင့္တဲ့ အမ်ိဳးသမီးကို စိတ္၀င္စားတယ္လို႕ စစ္တမ္းေကာက္ခ်က္အရသိရပါတယ္။

အမ်ိဳးသားေတြထဲမွာ ၄၈ရာခုိင္ႏႈန္းေသာ အမ်ိဳးသားေတြဟာ ခႏၶာကိုယ္ေကာက္ေၾကာင္းလွလွ ပိုင္ဆုိင္တဲ့ အမ်ိဳးသမီးေတြကို သေဘာက်ေၾကာင္း ဖြင့္ဟခဲ့ၾကျပီး ၂၄.၁ရာခုိင္ႏႈန္းေသာ အမ်ိဳးသားေတြကေတာ့ သာမာန္ခႏၶာကိုယ္အခ်ိဳးအစားနဲ့ အမ်ိဳးသမီးေတြကို စိတ္၀င္စားတယ္လုိ႕ဆုိသြားပါတယ္။ ဗလနည္းနည္းေတာင့္တဲ့ အမ်ိဳးသမီးေတြကို သေဘာက်တဲ့ အမ်ိဳးသားရာခုိင္ႏႈန္းကေတာ့ ၃.၈ရာခုိင္ႏႈန္းသာ ရွိပါတယ္။ လိင္တူခ်စ္သူ အမ်ိဳးသားေတြရဲ႕ အၾကိဳက္ေတြကလည္း မတူကြဲျပားေနၾကပါတယ္။ လိင္တူခ်စ္သူ အမ်ိဳးသား ၃၆.၁ ရာခုိင္ႏႈန္းက ဗလေတာင့္တဲ့ အမ်ိဳးသားေတြကို သေဘာက်စိတ္၀င္စားေနခ်ိန္ ၂၆.၇ရာခိုင္ႏႈန္းကေတာ့ သာမာန္ခႏၶာကိုယ္အခ်ိဳးအစားရွိတဲ့ အမ်ိဳးသားေတြကိုသာ သေဘာက်ပါတယ္တဲ့။

ဒီေတာ့ အမ်ိဳးသားေတြဟာ ခႏၶာကိုယ္ေကာက္ေၾကာင္းရွိတဲ့ အမ်ိဳးသမီးေတြကို ပိုစိတ္၀င္စားတယ္ဆုိတာ မျငင္းႏိုင္ပါဘူး။ ဒုတိယေနရာကလိုက္ေနတဲ့ အခ်ိဳးအစားကေတာ့ သာမာန္ခႏၶာကိုယ္အခ်ိဳးအစားျဖစ္တာမုိ႕ အဲ့ဒီေလာက္ အေနအထား ရွိေနရင္လည္း စိတ္ပူစရာေတာ့ မလိုပါဘူး။ တစ္ဖက္လူဘယ္အရာပဲ သေဘာက် စိတ္၀င္စားပါေစ ကိုယ့္အေနနဲ႕ ကိုယ့္ခႏၶာကိုယ္ကို ခ်စ္ျမတ္ႏိုးျပီး တန္ဖုိးထားေစာင့္ေရွာက္ဖုိ႕ကေတာ့ အေရးၾကီးဆံုးအခ်က္ပါပဲ။


Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

လူအမျိုးမျိုး စိတ်အထွေထွေလို့ ဆိုရမလို လူတစ်ဦးတစ်ယောက်က အခြားတစ်ယောက်ကို ကြည့်ရှုတဲ့အမြင်က မတူနိုင်ပါဘူး။ တစ်ချို့က မျက်ဝန်းနက်နက်တွေ သဘောကျကြတယ်၊ တစ်ချို့ကျတော့လည်း ခန္ဓာကိုယ်အချိုးအစား လှတဲ့သူကို သဘောကျကြသလို တစ်ချို့ကျတော့လည်း ပိန်ပိန်ပါးပါးအချိုးအစားမှ သဘောကျကြသူတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Fitrated ဆိုက်ကနေ အမေရိကန်က အမျိုးသား နဲ့ အမျိုးသမီး ၂၀၁၇ယောက်ကို စစ်တမ်းကောက်ခဲ့ပြီး သူတို့သဘောကျတဲ့ ခန္ဓာကိုယ်အချိုးအစား၊ ဆက်စီကျတယ်လို့ထင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စာရင်းပြုစုခဲ့ပါတယ်။

ခန္ဓာကိုယ်အချိုးအစားအနေနဲ့ကတော့ ပုံမှန်အနေအထား၊ ဗလတောင့်တောင့်၊ ကောက်ကြောင်းရှိတဲ့ ခန္ဓာကိုယ် နဲ့ ပိန်ပိန်ပါးပါး စတာတွေကို ရွေးချယ်စေခဲ့ပါတယ်။ အမျိုးသမီးတွေကို စတင်မေးမြန်းကြည့်လိုက်တော့ အမျိုးသမီးတွေထဲက ၄၁.၇ရာခိုင်နှုန်းဟာ သိပ်မပိန်သိပ်မဝတဲ့ ဘော်ဒီမျိုးရှိတဲ့ အမျိုးသားတွေကို သဘောကျတယ်လို့ ဆိုထားသလို  ၃၅.၈ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ ဗလတောင့်တဲ့ အမျိုးသားတွေကို သဘောကျပါတယ်တဲ့။

လိင်တူစိတ်ဝင်စားတဲ့ အမျိုုးသမီးတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ သူတို့ထဲက ၃၅.၉ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ပုံမှန်ခန္ဓာကိုယ်အချိုးအစားမျိုးရှိတဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားကြပြီး ၃၀.၁ရာခိုင်နှုန်းသော လိင်တူချစ်သူ အမျိုးသမီးတွေကတော့ ခန္ဓာကိုယ်ကောက်ကြောင်းရှိတဲ့ အမျိုးသမီးတွေကိုသာ သဘောကျပါတယ်တဲ့။ ဒါ့အပြင် ၁၁.၂ရာခိုင်နှုန်းသော ကျန်ရှိတဲ့ လိင်တူချစ်သူ အမျိုးသမီးတွေက ဗလနည်းနည်းတောင့်တဲ့ အမျိုးသမီးကို စိတ်ဝင်စားတယ်လို့ စစ်တမ်းကောက်ချက်အရသိရပါတယ်။

အမျိုးသားတွေထဲမှာ ၄၈ရာခိုင်နှုန်းသော အမျိုးသားတွေဟာ ခန္ဓာကိုယ်ကောက်ကြောင်းလှလှ ပိုင်ဆိုင်တဲ့ အမျိုးသမီးတွေကို သဘောကျကြောင်း ဖွင့်ဟခဲ့ကြပြီး ၂၄.၁ရာခိုင်နှုန်းသော အမျိုးသားတွေကတော့ သာမာန်ခန္ဓာကိုယ်အချိုးအစားနဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားတယ်လို့ဆိုသွားပါတယ်။ ဗလနည်းနည်းတောင့်တဲ့ အမျိုးသမီးတွေကို သဘောကျတဲ့ အမျိုးသားရာခိုင်နှုန်းကတော့ ၃.၈ရာခိုင်နှုန်းသာ ရှိပါတယ်။ လိင်တူချစ်သူ အမျိုးသားတွေရဲ့ အကြိုက်တွေကလည်း မတူကွဲပြားနေကြပါတယ်။ လိင်တူချစ်သူ အမျိုးသား ၃၆.၁ ရာခိုင်နှုန်းက ဗလတောင့်တဲ့ အမျိုးသားတွေကို သဘောကျစိတ်ဝင်စားနေချိန် ၂၆.၇ရာခိုင်နှုန်းကတော့ သာမာန်ခန္ဓာကိုယ်အချိုးအစားရှိတဲ့ အမျိုးသားတွေကိုသာ သဘောကျပါတယ်တဲ့။

ဒီတော့ အမျိုးသားတွေဟာ ခန္ဓာကိုယ်ကောက်ကြောင်းရှိတဲ့ အမျိုးသမီးတွေကို ပိုစိတ်ဝင်စားတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒုတိယနေရာကလိုက်နေတဲ့ အချိုးအစားကတော့ သာမာန်ခန္ဓာကိုယ်အချိုးအစားဖြစ်တာမို့ အဲ့ဒီလောက် အနေအထား ရှိနေရင်လည်း စိတ်ပူစရာတော့ မလိုပါဘူး။ တစ်ဖက်လူဘယ်အရာပဲ သဘောကျ စိတ်ဝင်စားပါစေ ကိုယ့်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားစောင့်ရှောက်ဖို့ကတော့ အရေးကြီးဆုံးအချက်ပါပဲ။



Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top