iMyanmarHouse.com - Best Property Website for Myanmar
×

အခြံမာသီးနဲ႕ ေျမပဲကဲ့သုိ႕ အေစ့အဆန္မ်ား ေန႕စဥ္စားျခင္းျဖင့္ ႏွလုံးေရာဂါနဲ႕ ကင္ဆာေရာဂါ အပါအဝင္ ေရာဂါမ်ားျဖစ္ႏုိင္ေျခကုိ ေလ်ာ့နည္းေစေၾကာင္း BMC ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ သုေတသနက ေျပာပါတယ္။ အခြံမာသီး အနည္းဆုံး ၂၀ ဂရမ္ (တစ္က်ပ္သားေက်ာ္) ကုိ ေန႕စဥ္စားေပးျခင္းျဖင့္ ေရာဂါမ်ားျဖစ္ႏုိင္ေျခကုိ ေလ်ာ့နည္းေစေၾကာင္း သုေတတနရလဒ္က ဆုိပါတယ္။

Imperial College London နဲ႕ Norwegian University of Science and Technology မွ သုေတသီက ကမာၻတစ္ဝန္းမွ လူေပါင္း ၈၀၀,၀၀၀ ပါဝင္တဲ့ ေလ့လာမႈ ၂၉ ခုကုိ သုေတသနျပဳခဲ့တာ ျဖစ္ပါတယ္။ သုေတသနျပဳလုပ္ခဲ့တဲ့ လူဦးေရအတြင္း ကြဲျပားမႈအခ်ဳိ႕ ႐ွိႏုိင္ေပမဲ့ အခြံမာသီးစားျခင္းက သုေတသနမွာ ပါဝင္ခဲ့သူေတြအတြက္ ေရာဂါျဖစ္ပြားမႈကုိ ေလ်ာ့နည္းေစခဲ့ေၾကာင္း သုေတသီေတြက ေျပာပါတယ္။

သုေတသန ေတြ႕႐ွိခ်က္အရ အခြံမာသီးပမာဏ အနည္းဆုံး ၂၀ ဂရမ္ (တစ္က်ပ္သားေက်ာ္) ေန႕စဥ္စားျခင္းက ႏွလုံးေရာဂါျဖစ္မႈကုိ ၃၀ ရာခုိင္ႏႈန္း၊ ကင္ဆာေရာဂါျဖစ္မႈကုိ ၁၅ ရာခုိင္ႏႈန္းနဲ႕ အ႐ြယ္မတုိင္မီ ေသဆုံးမႈကုိ ၂၂ ရာခုိင္ႏႈန္း ေလ်ာ့နည္းေစေၾကာင္း သိရပါတယ္။ ဒါ့အျပင္ အခြံမာသီးစားျခင္းျဖင့္ အသက္႐ႈလမ္းေၾကာင္းဆုိင္ရာ ေရာဂါျဖစ္မႈကုိ ၅၀ ရာခုိင္ႏႈန္းနဲ႕ ဆီးခ်ဳိေရာဂါျဖစ္မႈကုိ ၄၀ ရာခုိင္ႏႈန္းနီးပါး ေလ်ာ့နည္ေစႏုိင္ေၾကာင္း သုေတသီေတြက ေျပာပါတယ္။

အခြံမာသီေတြနဲ႕ ေျမပဲတုိ႕မွာ အမွ်င္ဓာတ္၊ မဂၢနီစီယမ္နဲ႕ ေသြးအတြင္း ကုိလက္စထေရာ မျဖစ္ေစႏုိင္တဲ့ အဆီဓာတ္တုိ႕ ၾကြယ္ဝစြာပါဝင္ပါတယ္။ အဆုိပါ အာဟာရဓာတ္ေတြက ႏွလုံးေရာဂါျဖစ္ႏုိင္ေျခကုိ ေလ်ာ့နည္းေစႏုိင္ၿပီး ကုိလက္စထေရာ ပမာဏကုိလည္း ေလွ်ာ့ခ်ေပးႏုိင္ေၾကာင္း သိရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun

#Unicode Version

အခွံမာသီးနဲ့ မြေပဲကဲ့သို့ အစေ့အဆန်များ နေ့စဉ်စားခြင်းဖြင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါ အပါအဝင် ရောဂါများဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း BMC ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနက ပြောပါတယ်။ အခွံမာသီး အနည်းဆုံး ၂၀ ဂရမ် (တစ်ကျပ်သားကျော်) ကို နေ့စဉ်စားပေးခြင်းဖြင့် ရောဂါများဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း သုတေတနရလဒ်က ဆိုပါတယ်။

Imperial College London နဲ့ Norwegian University of Science and Technology မှ သုတေသီက ကမ္ဘာတစ်ဝန်းမှ လူပေါင်း ၈၀၀,၀၀၀ ပါဝင်တဲ့ လေ့လာမှု ၂၉ ခုကို သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။ သုတေသနပြုလုပ်ခဲ့တဲ့ လူဦးရေအတွင်း ကွဲပြားမှုအချို့ ရှိနိုင်ပေမဲ့ အခွံမာသီးစားခြင်းက သုတေသနမှာ ပါဝင်ခဲ့သူတွေအတွက် ရောဂါဖြစ်ပွားမှုကို လျော့နည်းစေခဲ့ကြောင်း သုတေသီတွေက ပြောပါတယ်။

 သုတေသန တွေ့ရှိချက်အရ အခွံမာသီးပမာဏ အနည်းဆုံး ၂၀ ဂရမ် (တစ်ကျပ်သားကျော်) နေ့စဉ်စားခြင်းက နှလုံးရောဂါဖြစ်မှုကို ၃၀ ရာခိုင်နှုန်း၊ ကင်ဆာရောဂါဖြစ်မှုကို ၁၅ ရာခိုင်နှုန်းနဲ့ အရွယ်မတိုင်မီ သေဆုံးမှုကို ၂၂ ရာခိုင်နှုန်း လျော့နည်းစေကြောင်း သိရပါတယ်။ ဒါ့အပြင် အခွံမာသီးစားခြင်းဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မှုကို ၅၀ ရာခိုင်နှုန်းနဲ့ ဆီးချိုရောဂါဖြစ်မှုကို ၄၀ ရာခိုင်နှုန်းနီးပါး လျော့နည်စေနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။

အခွံမာသီတွေနဲ့ မြေပဲတို့မှာ အမျှင်ဓာတ်၊ မဂ္ဂနီစီယမ်နဲ့ သွေးအတွင်း ကိုလက်စထရော မဖြစ်စေနိုင်တဲ့ အဆီဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပြီး ကိုလက်စထရော ပမာဏကိုလည်း လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top