iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမေတြရဲ႕ စိတ္ေနသေဘာထားက အေျပာင္းအလဲ ျမန္လြန္းတယ္ဆိုတာ မိန္းမေတြ ကိုယ္တိုင္ေတာင္ သိႏိုင္ပါရဲ႕လား? တစ္ခါတေလမွာ မိန္းမေတြရဲ႕စိတ္က မနက္ခင္း
 ေနေရာင္ျခည္လို ႏုပ်ဳိလန္းဆန္းတတ္သလို၊ တစ္ခါတေလမွာ ေဒါသၾကီးတဲ့ ျခေသၤ့လို အနားကပ္လာသူကို အလြယ္တကူ ဟိန္းေဟာက္တတ္တယ္။ မိန္းမေတြရဲ႕ စိတ္ေနသေဘာထားက အျမဲတမ္း ေျပာင္းလဲတတ္သလို ေျပာင္းလဲႏႈန္းကလည္း ျမန္လွပါတယ္။

ကုမၸဏီတစ္ခုမွာ အလုပ္လုပ္တဲ့ မိဆိုးက အလုပ္ဒဏ္၊ ပင္ပန္းဒဏ္ေၾကာင့္ အအိပ္မမွန္၊ အစားမမွန္ခဲ့ဘူး။ ဒါေၾကာင့္ မိန္းမသဘာဝ ဓမၼတာမလာခင္ ေရွ႕ရက္ေတြမွာ ပိုစိတ္တို၊
 ေဒါသထြက္လြယ္ခဲ့တယ္။ ဒီလိုျဖစ္လာတိုင္း မိဆိုးက ေဒါသစိတ္နဲ႔ ခ်စ္သူကို ဖုန္းဆက္ျပီး ဘာျဖစ္လို႔ မေန႔ညက ဖုန္းမဆက္တာလဲ? ဘာလုပ္ေနတာလဲ? စတာေတြ ေမးျမန္းျပီး ရန္ရွာတတ္တယ္။

ခ်စ္သူက "အခ်ိန္ပိုဆင္းေနတာ မဟုတ္လား? အလုပ္ပ်က္မွာစိုးလို႔ မဆက္တာ၊ မက္ေဆ့ ပို႔လိုက္တယ္ေလ.. မၾကည့္ရေသးဘူးလား?" လို႔ ညင္ညင္သာသာ ျပန္ေျဖပါတယ္။ ဒီလိုစကားေလး တစ္ခြန္းကပဲ ေဒါသစိတ္ေတြ ျပည့္ေနတဲ့ မိဆိုးရဲ႕စိတ္က ေရထိတဲ့မီးလို ျငိမ္းသြားခဲ့တယ္။ ခ်စ္သူကို တမင္ရန္ရွာမိတဲ့ ကိုယ့္စိတ္ကိုလဲ ရွက္ရြံ႔မိခဲ့တယ္။

စိတ္တိုတယ္၊ ေဒါသထြက္တယ္၊ ေပ်ာ္တယ္ .. စတဲ့ စိတ္အေျခအေန (mood)ေတြကို သက္ေရာက္ေစတဲ့ အခ်က္ေတြကလည္း မ်ားလွပါတယ္။ မိန္းကေလးေတြရဲ႕ ခႏၶာကိုယ္ ဟိုမုန္းအေျပာင္းအလဲကလည္း တစ္ခုအပါအဝင္ျဖစ္တယ္။ စိတ္အေျပာင္းအလဲက ဓမၼတာ မလာခင္ေရွ႕ရက္ေတြမွာ ပိုသိသာပါတယ္။ အဲဒီအခ်ိန္မွာ စိတ္ဟာ အရမ္းအားေပ်ာ့ျပီး စိတ္ညစ္ဝမ္းနည္းစရာ၊ အားငယ္စိတ္ေတြ အလြယ္တကူ ဝင္ေရာက္တတ္ပါတယ္။ ခ်စ္သူရဲ႕ မေတာ္တဆ စကားအမွားတစ္ခြန္းေၾကာင့္ စိတ္ေတြ မၾကည္မလင္ျဖစ္ျပီး ခံစားခ်က္ တြင္းနက္ၾကီးထဲ အလြယ္တကူ ခုန္ဆင္းတတ္ၾကတယ္။ ဒါေပမယ့္ ေနာက္တစကၠန္႔မွာ ခ်စ္သူရဲ႕ ယုယၾကင္နာစကားေၾကာင့္ မုန္တိုင္းမိျပီး ညိႇဳးႏြမ္းေနတဲ့ ပန္းတစ္ပြင့္ ေနထိသြားသလို ခ်က္ခ်င္းလန္းဆန္း လာတတ္ၾကတယ္။ ခ်စ္သူရဲ႕ အၾကင္နာေနေရာင္စကားနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ တစ္ဖန္ႏိုးထလာျပီး အေပ်ာ္ေတြ ဖူးပြင့္လာတတ္တယ္။

မိန္းမေတြရဲ႕ ခႏၶာတည္ေဆာက္ပံုက ေယာက္်ားေတြထက္ ပိုရႈပ္ေထြးပါတယ္။ ဒါေၾကာင့္ စိတ္အေျပာင္းအလဲေတြ ျမန္တတ္ၾကတယ္။ ဒါေပမယ့္ ေယာက္်ားေတြရဲ႕ ဂရုစိုက္မႈ၊ ႏွစ္သိမ့္မႈ၊ ၾကင္နာမႈ၊ နားေထာင္ေပးမႈေတြက အဲဒီစိတ္ အေျပာင္းအလဲေတြအတြက္ အေကာင္းဆံုးေဆးျဖစ္တယ္။ မိန္းမေတြကလည္း ပင္ပန္းတဲ့၊ ဖိစီးမႈေတြမ်ားတဲ့ ကိုယ့္စိတ္ကို ေျဖေလွ်ာ့တတ္ဖို႔ လိုအပ္ပါတယ္။ တစ္ေယာက္တည္း ထီးထီးမေနဘဲ မိတ္ေဆြ သူငယ္ခ်င္း၊ ခ်စ္သူ၊ မိသားစုေတြနဲ႔ ေရာေႏွာဆက္ဆံ၊ ေျပာဆိုဖို႔လည္း လိုပါတယ္။ ဓမၼတာေရွ႕ (Premenstrual Syndrome) စိတ္အေျခအေန အေျပာင္းအလဲေတြနဲ႔ အလုပ္၊ လူမႈေရး၊ စားဝတ္ေနေရးေတြကို မထိခိုက္ေအာင္ေနတတ္မွ တကယ့္ထက္ျမက္တဲ့ မိန္းမေတြရဲ႕ အျပဳအမႈေတြျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

Credit:မနိုင္းနုိင္းရဲ့ အိမ္ေထာင္ေရး ဗဟုသုတ





#Unicode Version
မိန်းမတွေရဲ့ စိတ်နေသဘောထားက အပြောင်းအလဲ မြန်လွန်းတယ်ဆိုတာ မိန်းမတွေ ကိုယ်တိုင်တောင် သိနိုင်ပါရဲ့လား? တစ်ခါတလေမှာ မိန်းမတွေရဲ့စိတ်က မနက်ခင်း
 နေရောင်ခြည်လို နုပျိုလန်းဆန်းတတ်သလို၊ တစ်ခါတလေမှာ ဒေါသကြီးတဲ့ ခင်္သြေ့လို အနားကပ်လာသူကို အလွယ်တကူ ဟိန်းဟောက်တတ်တယ်။ မိန်းမတွေရဲ့ စိတ်နေသဘောထားက အမြဲတမ်း ပြောင်းလဲတတ်သလို ပြောင်းလဲနှုန်းကလည်း မြန်လှပါတယ်။

ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ မိဆိုးက အလုပ်ဒဏ်၊ ပင်ပန်းဒဏ်ကြောင့် အအိပ်မမှန်၊ အစားမမှန်ခဲ့ဘူး။ ဒါကြောင့် မိန်းမသဘာဝ ဓမ္မတာမလာခင် ရှေ့ရက်တွေမှာ ပိုစိတ်တို၊
 ဒေါသထွက်လွယ်ခဲ့တယ်။ ဒီလိုဖြစ်လာတိုင်း မိဆိုးက ဒေါသစိတ်နဲ့ ချစ်သူကို ဖုန်းဆက်ပြီး ဘာဖြစ်လို့ မနေ့ညက ဖုန်းမဆက်တာလဲ? ဘာလုပ်နေတာလဲ? စတာတွေ မေးမြန်းပြီး ရန်ရှာတတ်တယ်။

ချစ်သူက "အချိန်ပိုဆင်းနေတာ မဟုတ်လား? အလုပ်ပျက်မှာစိုးလို့ မဆက်တာ၊ မက်ဆေ့ ပို့လိုက်တယ်လေ.. မကြည့်ရသေးဘူးလား?" လို့ ညင်ညင်သာသာ ပြန်ဖြေပါတယ်။ ဒီလိုစကားလေး တစ်ခွန်းကပဲ ဒေါသစိတ်တွေ ပြည့်နေတဲ့ မိဆိုးရဲ့စိတ်က ရေထိတဲ့မီးလို ငြိမ်းသွားခဲ့တယ်။ ချစ်သူကို တမင်ရန်ရှာမိတဲ့ ကိုယ့်စိတ်ကိုလဲ ရှက်ရွံ့မိခဲ့တယ်။

စိတ်တိုတယ်၊ ဒေါသထွက်တယ်၊ ပျော်တယ် .. စတဲ့ စိတ်အခြေအနေ (mood)တွေကို သက်ရောက်စေတဲ့ အချက်တွေကလည်း များလှပါတယ်။ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် ဟိုမုန်းအပြောင်းအလဲကလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ စိတ်အပြောင်းအလဲက ဓမ္မတာ မလာခင်ရှေ့ရက်တွေမှာ ပိုသိသာပါတယ်။ အဲဒီအချိန်မှာ စိတ်ဟာ အရမ်းအားပျော့ပြီး စိတ်ညစ်ဝမ်းနည်းစရာ၊ အားငယ်စိတ်တွေ အလွယ်တကူ ဝင်ရောက်တတ်ပါတယ်။ ချစ်သူရဲ့ မတော်တဆ စကားအမှားတစ်ခွန်းကြောင့် စိတ်တွေ မကြည်မလင်ဖြစ်ပြီး ခံစားချက် တွင်းနက်ကြီးထဲ အလွယ်တကူ ခုန်ဆင်းတတ်ကြတယ်။ ဒါပေမယ့် နောက်တစက္ကန့်မှာ ချစ်သူရဲ့ ယုယကြင်နာစကားကြောင့် မုန်တိုင်းမိပြီး ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့် နေထိသွားသလို ချက်ချင်းလန်းဆန်း လာတတ်ကြတယ်။ ချစ်သူရဲ့ အကြင်နာနေရောင်စကားနဲ့ မျှော်လင့်ချက်တွေ တစ်ဖန်နိုးထလာပြီး အပျော်တွေ ဖူးပွင့်လာတတ်တယ်။

မိန်းမတွေရဲ့ ခန္ဓာတည်ဆောက်ပုံက ယောက်ျားတွေထက် ပိုရှုပ်ထွေးပါတယ်။ ဒါကြောင့် စိတ်အပြောင်းအလဲတွေ မြန်တတ်ကြတယ်။ ဒါပေမယ့် ယောက်ျားတွေရဲ့ ဂရုစိုက်မှု၊ နှစ်သိမ့်မှု၊ ကြင်နာမှု၊ နားထောင်ပေးမှုတွေက အဲဒီစိတ် အပြောင်းအလဲတွေအတွက် အကောင်းဆုံးဆေးဖြစ်တယ်။ မိန်းမတွေကလည်း ပင်ပန်းတဲ့၊ ဖိစီးမှုတွေများတဲ့ ကိုယ့်စိတ်ကို ဖြေလျှော့တတ်ဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်း ထီးထီးမနေဘဲ မိတ်ဆွေ သူငယ်ချင်း၊ ချစ်သူ၊ မိသားစုတွေနဲ့ ရောနှောဆက်ဆံ၊ ပြောဆိုဖို့လည်း လိုပါတယ်။ ဓမ္မတာရှေ့ (Premenstrual Syndrome) စိတ်အခြေအနေ အပြောင်းအလဲတွေနဲ့ အလုပ်၊ လူမှုရေး၊ စားဝတ်နေရေးတွေကို မထိခိုက်အောင်နေတတ်မှ တကယ့်ထက်မြက်တဲ့ မိန်းမတွေရဲ့ အပြုအမှုတွေဖြစ်ပါတယ်။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာပို့သပေးပါတယ်။

Credit:မနိုင်းနိုင်းရဲ့ အိမ်ထောင်ရေး ဗဟုသုတ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top