iMyanmarHouse.com - Best Property Website for Myanmar
×

"မိန္းကေလးေတြ လွၾကစမ္းပါ" ေရးျပီး ေယာက္်ားေလးေတြ အတြက္လည္း ပဲြေတာင္းလာလို႔ ဒီပို႔စ္ကို ေရးလိုက္ပါတယ္။

တက္စီစီးတိုင္း ခရီးသည္ေတြနဲ႔ စကားေဖာင္ဖဲြ႔တတ္တဲ့ ကားဆရာကို ကြ်န္မ ေတြ႔ခဲ့ရတယ္။ ဒီတစ္ေခါက္ေတာ့ ဆံပင္ေတြ ေဖြးေဖြးျဖဴေနတဲ့ အမ်ဳိးသမီး ကားဆရာကို ကြ်န္မ ေတြ႔ခ့ဲပါတယ္။ ကားဆရာက သူ႔မွာ သမီးတစ္ေယာက္ရွိျပီး သမီးက ႏိုင္ငံျခား နာမည္ၾကီးေက်ာင္း တစ္ေက်ာင္းက ေက်ာင္းျပီးခဲ့ေၾကာင္း အခုခ်ိန္မွာ ကုမၸဏီၾကီးတစ္ခုမွာ အလုပ္လုပ္ေနေၾကာင္း
 ေျပာပါတယ္။ အသက္အရြယ္ မငယ္ေတာ့ေပမယ့္ ခ်စ္သူရီးစား မရွာခ်င္ေၾကာင္း ေျပာပါတယ္။ အေမရဲ႕ ဂုဏ္ယူဝင့္ၾကြားတဲ့ စကားသံေတြထဲမွာ အိမ္ေထာင္မျပဳခ်င္တဲ့ သမီးကို ဆူပူတဲ့ အသံေလးပါေနခဲ့တယ္။

အသက္(၃ဝ) အရြယ္တုန္းက ကြ်န္မအျဖစ္ကုိ သြားသတိရမိပါတယ္။ အဲဒီအခ်ိန္တုန္းက ေမေမဟာ အိမ္မွာ အိမ္ေထာင္မျပဳတဲ့ သမီးရွိေနရင္ မိခင္တာဝန္ မေက်ပြန္သလိုနဲ႔ ကြ်န္မကို ေန႔ေန႔ညည အိမ္ေထာင္ျပဳဖို႔ပဲ တိုက္တြန္းေနခဲ့တယ္။

တကယ္ေတာ့ ကြ်န္မတို႔လို အပ်ဳိၾကီးေတြရဲ႕ ရင္ထဲမွာလည္း စိုးရိမ္စိတ္ေတြ ရွိၾကပါတယ္။ ခ်စ္သူမရွိတဲ့ ဒုကၡကို ေျပာမထြက္ရဲသလို လမ္းေဘးက ေတြ႔ရလူကို ေကာက္ယူလို႔လည္း မရခဲ့ပါဘူး။ ဒီေခတ္ ေယာက္်ားေတြမွာလည္း ကိုယ့္ကို အားကိုးမွီခိုလာသူတစ္ေယာက္ကုိ လံုျခံဳေအာင္၊ ယံုၾကည္ေအာင္ ထားႏိုင္ၾကတာ မဟုတ္ပါဘူး။

အလွအပၾကိဳက္တဲ့ ေယာက္်ားေလးေတြ ဘာအသံုးဝင္လဲ?

တကယ့္ေယာက္်ား ပီသသူဆိုတာ အာဖိရိက ျမက္ခင္းျပင္က ရဲဝံ့တဲ့ ျခေသၤ့ေတြလို တစ္ေလာကလံုးကို ေအာင္ႏိုင္တဲ့ ရဲစြမ္းသတၱိနဲ႔ ျခေသၤ့မေတြကို ဆဲြေဆာင္ခဲ့တာကို ေခၚတာလား?

ဒါေပမယ့္ အခုေခတ္ အာရွမွာ ဂ်ပန္ႏိုင္ငံကေန စျပီး ၾကည့္မယ္ဆိုရင္ ဂ်ပန္အမ်ဳိးသားေတြရဲ႕ အလွအပၾကိဳက္ပံုက ေတာမီးလို ျပန္႔ႏွံ႔ေနခဲ့ပါတယ္။ သူတို႔ဟာ လွပေအာင္ ေဆးေရာင္ျခယ္ထားတဲ့ အေမြးအေတာင္နဲ႔ ငွက္မေတြကို ဆဲြေဆာင္ျမဴဆြယ္ေနတဲ့ ငွက္ေတြနဲ႔ တူေနတယ္။ ဒီလို အလွအပၾကိဳက္တဲ့ ေယာက္်ားေတြကို ဂ်ပန္ေတြက ပန္းပြင့္နဲ႔တူတဲ့ ေယာက္်ားလို႔ ခိုင္းႏိႈင္းပါတယ္။ ပန္းတစ္ပြင့္လို႔ ေနပေနလို႔ပါတဲ့...

အျပင္ပန္းကုိ သပ္သပ္ရပ္ရပ္ လွပေအာင္ ျပင္ဆင္တတ္တဲ့ ေယာက္်ားေတြကို နားလည္ေပးလို႔ ရေပမယ့္ ေယာက္်ားျဖစ္ျပီး ေန႔လယ္ေန႔ခင္းမွာ ျဗဴတီစလြန္းတက္မယ္၊ ညမွာ ကိုယ့္ခ်စ္သူနဲ႔ မွန္တင္ခံုလုျပီး မ်က္ႏွာေပါင္းတင္မယ္၊ မ်က္ခံုးေမြး ႏုတ္ေနမယ္ဆိုရင္ ဒီလိုေယာက္်ားေလးမ်ဳိးကို ရင့္က်က္တဲ့ အပ်ဳိၾကီးကြ်န္မ သီးခံႏိုင္မွာ မဟုတ္ပါဘူး။

ကြ်န္မတို႔ လိုခ်င္တာက ေရေဘစင္ကို ဘယ္လိုျပင္မယ္၊ ဖန္ေခ်ာင္းမီးသီးကို ဘယ္လိုလဲမယ္၊ တူကိုင္ျပီး အိမ္ကိုျပင္ဆင္တတ္တဲ့ ေယာက္်ားမ်ဳိးပါ။ကိုယ့္ထက္အသားအရည္ပိုႏူးညံ့ ေခ်ာမြတ္ေနတဲ့ ေယာက္်ားမ်ဳိး မဟုတ္ပါဘူး။ ေဒါင္းတစ္ေကာင္လို လွပေနတဲ့ ေယာက္်ားေလးထက္ ရဲဝံ့တဲ့ ျခေသၤ့တစ္ေကာင္ကိုပဲ ကြ်န္မ ေရြးခ်င္ပါတယ္။

အဖိအေထာင္း မခံႏိုင္တဲ့ စေတာ္ဘယ္ရီ ေယာက္်ားေတြ ဘာလုပ္မလဲ?

ဒီေခတ္မွာ ေယာက္်ားေတြနဲ႔ ရင္ေဘာင္တန္းျပီး အလုပ္လုပ္ေနၾကတဲ့ အမ်ဳိးသမီးေတြ မနည္းပါဘူး။ ပင္ပန္းေပမယ့္ မ်က္ေမွာင္တစ္ခ်က္ မၾကံဳ႕တဲ့ အမ်ဳိးသမီးေတြလည္း ဒုနဲ႔ေဒးပါ။ ဒါေပမယ့္ တစ္ခ်ဳိ႕ေယာက္်ားေတြက ၆ေပဆိုတ့ဲ ကိုယ့္အရပ္ ေထာင္ေထာင္ေမာင္းေမာင္းကိုမွ အားမနာ ပင္ပန္းမႈဒဏ္ကို ခံရတဲ့အခါ အားႏဲြ႔တ့ဲ စေတာ္ဘယ္ရီပင္လို အဖိအေထာင္း မခံႏိုင္ၾကပါဘူး။

လြန္ခဲ့တဲ့ တစ္ႏွစ္ခန္႔က ကြ်န္မ သူငယ္ခ်င္း တစ္ေယာက္ရဲ႕ခ်စ္သူ အလုပ္ထုတ္ခံလိုက္ရပါတယ္။ ယံုၾကည္မႈေတြ လဲျဖိဳခံခဲ့ရလို႔ သူ႔ခ်စ္သူက အိမ္ထဲအိမ္ျပင္ မထြက္ဘဲ အိမ္တြင္းပဲ ပုန္းေနခဲ့တယ္။ သူငယ္ခ်င္း မိတ္ေဆြေတြက အလုပ္ရွာေပးမယ္လို႔ သြားေရာက္ အားေပးစကားေျပာခဲ့ေပမယ့္ ခ်စ္သူေမာင္ေတာ္က အျပင္အလုပ္လုပ္ရင္ ပင္ပန္းတယ္၊ ရံုးခန္းထိုင္ျပန္ရင္လည္း ပ်င္းတယ္ဆိုျပီး ဟိုအေၾကာင္းျပ၊ ဒီအေၾကာင္းျပနဲ႔ အလုပ္မရွာဘဲ ေနခဲ့ပါတယ္။

သူငယ္ခ်င္းက အသံုးမက်တဲ့ သူ႔ခ်စ္သူကို ကြ်န္မဆီရင္ဖြင့္တိုင္း ေျပာမကုန္တဲ့ စကားေတြရွိခဲ့ပါတယ္။ ႏွစ္ေယာက္သား ေရွ႕ဆက္ေလွ်ာက္ၾကရမယ့္ လမ္းခရီးက မႈန္ဝါးေနခဲ့တယ္။ သူငယ္ခ်င္းက "သူက ဘာကိုမွ ၾကံ့ၾက့ံမခံႏိုင္တ့ဲ စေတာ္ဘယ္ရီ ေယာက္်ားဆိုတာ အခုမွ ငါသိလိုက္ရတယ္။ အခက္အခဲၾကံဳတာနဲ႔ စိတ္ဓာတ္က ပိျပားသြားရတယ္။ ေယာက္်ားတစ္ေယာက္နဲ႔ကို မတူဘူး။ ကံေကာင္းလို႔ ငါသူ႔ကို မယူေသးတာ" လို႔ ရင္ဖြင့္ခ့ဲတယ္။ ၾကည့္ရတာ ဒီလိုပ်င္းရိတဲ့ မၾကံ့ခိုင္တဲ့ ေယာက္်ားကို လက္ထပ္ဖို႔အထိ သူေရြးခဲ့ေတာ့မယ္ မထင္ပါဘူး။

အက်င့္သီလ မျမဲတဲ့ ေယာက္်ားေတြ ဘာအသံုးဝင္လဲ?

ေနာက္တစ္မ်ဳိးက ဆိုးေပတဲ့ ေခတ္စတုိင္လ္ ေယာက္်ားမ်ဳိးပါ။ အခ်စ္ရဲ႕ စံႏႈန္းကို က်ယ္က်ယ္ျပန္႔ျပန္႔ထားတယ္။ အျမင္ေတြကို လြတ္လပ္ခြင့္ေပးထားတယ္၊ မတူတဲ့ ဘဝအေတြ႔အၾကံဳေတြကို လက္ခံတယ္လို႔ ဆိုေပမယ့္ သီလမရွိတဲ့ ေယာက္်ားမ်ဳိးပါ။

မိန္းမမယူ၊ ေယာက္်ားမယူေသးရင္ ပတ္သက္လို႔ရတယ္၊ ခိုးစားရင္ အျပစ္မရွိဘူးလို႔ ထင္သူေတြျဖစ္ျပီး "ရီးစားမ်ားမ်ား မထားၾကည့္ရင္ ကိုယ္နဲ႔ ဘယ္တစ္ေယာက္ သင့္ေလွ်ာ္မယ္ဆိုတာ မသိႏိုင္ဘူး" လို႔ ေျပာတတ္သူေတြျဖစ္တယ္။ "အခ်စ္နဲ႔ ခႏၶာ(လိင္) မတူဘူး" လို႔လဲ ထင္တတ္သူေတြျဖစ္တယ္။ သူတို႔ရဲ႕ စကားကို မိန္းကေလး ဘယ္ႏွစ္ေယာက္ကမ်ား သေဘာတူႏိုင္မလဲ?

တစ္ေလာက နာမည္ၾကီး ႏိုင္ငံလက္ေရြးစင္ ဘတ္စကက္ေဘာသမားလို ေမြးလုဆဲခ်စ္သူကို ထားျပီး အဆိုေတာ္တစ္ေယာက္နဲ႔ တိတ္တိတ္ပုန္း ခဲ့ပါတယ္။ ကေလးေမြးေတာ့မယ္ ဆိုေပမယ့္ လက္မထပ္ရေသးလို႔ လက္မထပ္ခင္ အခြင့္အေရးေလးယူ၊ ကိုယ့္ကို တစ္ကိုယ္ေတာ္ လူလြတ္ပါဆိုျပီး ခိုးစားခဲ့တယ္။ ေနာက္ပိုင္း လက္ထပ္ျပီးတာေတာင္ ဆက္ခိုးစားေနခဲ့တယ္။ ေနာက္ဆံုး သတင္းစာတစ္ေစာင္က ထုတ္ေဖာ္ေျပာခဲ့မွ ဇာတ္သိမ္းသြားခဲ့ရတယ္။ ဒီလို သီလမရွိ၊ မစင္ၾကယ္တ့ဲ ေယာက္်ားမ်ဳိးကို တစ္သက္လံုး လက္တဲြေဖာ္အျဖစ္ ကြ်န္မ မေရြးရဲပါဘူး။

တကယ့္ေယာက္်ား ပီသသူေတြ ဘယ္ေရာက္ကုန္ျပီလဲ? ကြ်န္မတို႔ အပ်ဳိၾကီးေတြ ေရြးလြန္းတယ္၊ ဂ်ီးမ်ားလြန္းတယ္လို႔ မထင္ပါနဲ႔။ ကြ်န္မတို႔လည္း ကြ်န္မတို႔ကို ယံုၾကည္မႈေပးႏိုင္တဲ့ " လူေကာင္း၊ သက္ဆံုးတိုင္လက္တဲြသြားႏိုင္သူ"ကိုရွာခ်င္တာေလးပါပဲ။ ေယာက္်ားေတြရယ္.. ေယာက္်ားပီသၾကစမ္းပါ။


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

 Credit:မနိုင္းနိုင္းရဲ့ အိမ္ေထာင္ေရး ဗဟုသုတ

#Unicode Version
"မိန်းကလေးတွေ လှကြစမ်းပါ" ရေးပြီး ယောက်ျားလေးတွေ အတွက်လည်း ပွဲတောင်းလာလို့ ဒီပို့စ်ကို ရေးလိုက်ပါတယ်။

တက်စီစီးတိုင်း ခရီးသည်တွေနဲ့ စကားဖောင်ဖွဲ့တတ်တဲ့ ကားဆရာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဒီတစ်ခေါက်တော့ ဆံပင်တွေ ဖွေးဖွေးဖြူနေတဲ့ အမျိုးသမီး ကားဆရာကို ကျွန်မ တွေ့ခဲ့ပါတယ်။ ကားဆရာက သူ့မှာ သမီးတစ်ယောက်ရှိပြီး သမီးက နိုင်ငံခြား နာမည်ကြီးကျောင်း တစ်ကျောင်းက ကျောင်းပြီးခဲ့ကြောင်း အခုချိန်မှာ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေကြောင်း
 ပြောပါတယ်။ အသက်အရွယ် မငယ်တော့ပေမယ့် ချစ်သူရီးစား မရှာချင်ကြောင်း ပြောပါတယ်။ အမေရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ စကားသံတွေထဲမှာ အိမ်ထောင်မပြုချင်တဲ့ သမီးကို ဆူပူတဲ့ အသံလေးပါနေခဲ့တယ်။

အသက်(၃ဝ) အရွယ်တုန်းက ကျွန်မအဖြစ်ကို သွားသတိရမိပါတယ်။ အဲဒီအချိန်တုန်းက မေမေဟာ အိမ်မှာ အိမ်ထောင်မပြုတဲ့ သမီးရှိနေရင် မိခင်တာဝန် မကျေပွန်သလိုနဲ့ ကျွန်မကို နေ့နေ့ညည အိမ်ထောင်ပြုဖို့ပဲ တိုက်တွန်းနေခဲ့တယ်။

တကယ်တော့ ကျွန်မတို့လို အပျိုကြီးတွေရဲ့ ရင်ထဲမှာလည်း စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ ချစ်သူမရှိတဲ့ ဒုက္ခကို ပြောမထွက်ရဲသလို လမ်းဘေးက တွေ့ရလူကို ကောက်ယူလို့လည်း မရခဲ့ပါဘူး။ ဒီခေတ် ယောက်ျားတွေမှာလည်း ကိုယ့်ကို အားကိုးမှီခိုလာသူတစ်ယောက်ကို လုံခြုံအောင်၊ ယုံကြည်အောင် ထားနိုင်ကြတာ မဟုတ်ပါဘူး။

အလှအပကြိုက်တဲ့ ယောက်ျားလေးတွေ ဘာအသုံးဝင်လဲ?

တကယ့်ယောက်ျား ပီသသူဆိုတာ အာဖိရိက မြက်ခင်းပြင်က ရဲဝံ့တဲ့ ခင်္သြေ့တွေလို တစ်လောကလုံးကို အောင်နိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ ခင်္သြေ့မတွေကို ဆွဲဆောင်ခဲ့တာကို ခေါ်တာလား?

ဒါပေမယ့် အခုခေတ် အာရှမှာ ဂျပန်နိုင်ငံကနေ စပြီး ကြည့်မယ်ဆိုရင် ဂျပန်အမျိုးသားတွေရဲ့ အလှအပကြိုက်ပုံက တောမီးလို ပြန့်နှံ့နေခဲ့ပါတယ်။ သူတို့ဟာ လှပအောင် ဆေးရောင်ခြယ်ထားတဲ့ အမွေးအတောင်နဲ့ ငှက်မတွေကို ဆွဲဆောင်မြူဆွယ်နေတဲ့ ငှက်တွေနဲ့ တူနေတယ်။ ဒီလို အလှအပကြိုက်တဲ့ ယောက်ျားတွေကို ဂျပန်တွေက ပန်းပွင့်နဲ့တူတဲ့ ယောက်ျားလို့ ခိုင်းနှိုင်းပါတယ်။ ပန်းတစ်ပွင့်လို့ နေပနေလို့ပါတဲ့...

အပြင်ပန်းကို သပ်သပ်ရပ်ရပ် လှပအောင် ပြင်ဆင်တတ်တဲ့ ယောက်ျားတွေကို နားလည်ပေးလို့ ရပေမယ့် ယောက်ျားဖြစ်ပြီး နေ့လယ်နေ့ခင်းမှာ ဗြူတီစလွန်းတက်မယ်၊ ညမှာ ကိုယ့်ချစ်သူနဲ့ မှန်တင်ခုံလုပြီး မျက်နှာပေါင်းတင်မယ်၊ မျက်ခုံးမွေး နုတ်နေမယ်ဆိုရင် ဒီလိုယောက်ျားလေးမျိုးကို ရင့်ကျက်တဲ့ အပျိုကြီးကျွန်မ သီးခံနိုင်မှာ မဟုတ်ပါဘူး။

ကျွန်မတို့ လိုချင်တာက ရေဘေစင်ကို ဘယ်လိုပြင်မယ်၊ ဖန်ချောင်းမီးသီးကို ဘယ်လိုလဲမယ်၊ တူကိုင်ပြီး အိမ်ကိုပြင်ဆင်တတ်တဲ့ ယောက်ျားမျိုးပါ။ကိုယ့်ထက်အသားအရည်ပိုနူးညံ့ ချောမွတ်နေတဲ့ ယောက်ျားမျိုး မဟုတ်ပါဘူး။ ဒေါင်းတစ်ကောင်လို လှပနေတဲ့ ယောက်ျားလေးထက် ရဲဝံ့တဲ့ ခင်္သြေ့တစ်ကောင်ကိုပဲ ကျွန်မ ရွေးချင်ပါတယ်။

အဖိအထောင်း မခံနိုင်တဲ့ စတော်ဘယ်ရီ ယောက်ျားတွေ ဘာလုပ်မလဲ?

ဒီခေတ်မှာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ မနည်းပါဘူး။ ပင်ပန်းပေမယ့် မျက်မှောင်တစ်ချက် မကြုံ့တဲ့ အမျိုးသမီးတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် တစ်ချို့ယောက်ျားတွေက ၆ပေဆိုတဲ့ ကိုယ့်အရပ် ထောင်ထောင်မောင်းမောင်းကိုမှ အားမနာ ပင်ပန်းမှုဒဏ်ကို ခံရတဲ့အခါ အားနွဲ့တဲ့ စတော်ဘယ်ရီပင်လို အဖိအထောင်း မခံနိုင်ကြပါဘူး။

လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ကျွန်မ သူငယ်ချင်း တစ်ယောက်ရဲ့ချစ်သူ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ယုံကြည်မှုတွေ လဲဖြိုခံခဲ့ရလို့ သူ့ချစ်သူက အိမ်ထဲအိမ်ပြင် မထွက်ဘဲ အိမ်တွင်းပဲ ပုန်းနေခဲ့တယ်။ သူငယ်ချင်း မိတ်ဆွေတွေက အလုပ်ရှာပေးမယ်လို့ သွားရောက် အားပေးစကားပြောခဲ့ပေမယ့် ချစ်သူမောင်တော်က အပြင်အလုပ်လုပ်ရင် ပင်ပန်းတယ်၊ ရုံးခန်းထိုင်ပြန်ရင်လည်း ပျင်းတယ်ဆိုပြီး ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ အလုပ်မရှာဘဲ နေခဲ့ပါတယ်။

သူငယ်ချင်းက အသုံးမကျတဲ့ သူ့ချစ်သူကို ကျွန်မဆီရင်ဖွင့်တိုင်း ပြောမကုန်တဲ့ စကားတွေရှိခဲ့ပါတယ်။ နှစ်ယောက်သား ရှေ့ဆက်လျှောက်ကြရမယ့် လမ်းခရီးက မှုန်ဝါးနေခဲ့တယ်။ သူငယ်ချင်းက "သူက ဘာကိုမှ ကြံ့ကြံ့မခံနိုင်တဲ့ စတော်ဘယ်ရီ ယောက်ျားဆိုတာ အခုမှ ငါသိလိုက်ရတယ်။ အခက်အခဲကြုံတာနဲ့ စိတ်ဓာတ်က ပိပြားသွားရတယ်။ ယောက်ျားတစ်ယောက်နဲ့ကို မတူဘူး။ ကံကောင်းလို့ ငါသူ့ကို မယူသေးတာ" လို့ ရင်ဖွင့်ခဲ့တယ်။ ကြည့်ရတာ ဒီလိုပျင်းရိတဲ့ မကြံ့ခိုင်တဲ့ ယောက်ျားကို လက်ထပ်ဖို့အထိ သူရွေးခဲ့တော့မယ် မထင်ပါဘူး။

အကျင့်သီလ မမြဲတဲ့ ယောက်ျားတွေ ဘာအသုံးဝင်လဲ?

နောက်တစ်မျိုးက ဆိုးပေတဲ့ ခေတ်စတိုင်လ် ယောက်ျားမျိုးပါ။ အချစ်ရဲ့ စံနှုန်းကို ကျယ်ကျယ်ပြန့်ပြန့်ထားတယ်။ အမြင်တွေကို လွတ်လပ်ခွင့်ပေးထားတယ်၊ မတူတဲ့ ဘဝအတွေ့အကြုံတွေကို လက်ခံတယ်လို့ ဆိုပေမယ့် သီလမရှိတဲ့ ယောက်ျားမျိုးပါ။

မိန်းမမယူ၊ ယောက်ျားမယူသေးရင် ပတ်သက်လို့ရတယ်၊ ခိုးစားရင် အပြစ်မရှိဘူးလို့ ထင်သူတွေဖြစ်ပြီး "ရီးစားများများ မထားကြည့်ရင် ကိုယ်နဲ့ ဘယ်တစ်ယောက် သင့်လျှော်မယ်ဆိုတာ မသိနိုင်ဘူး" လို့ ပြောတတ်သူတွေဖြစ်တယ်။ "အချစ်နဲ့ ခန္ဓာ(လိင်) မတူဘူး" လို့လဲ ထင်တတ်သူတွေဖြစ်တယ်။ သူတို့ရဲ့ စကားကို မိန်းကလေး ဘယ်နှစ်ယောက်ကများ သဘောတူနိုင်မလဲ?

တစ်လောက နာမည်ကြီး နိုင်ငံလက်ရွေးစင် ဘတ်စကက်ဘောသမားလို မွေးလုဆဲချစ်သူကို ထားပြီး အဆိုတော်တစ်ယောက်နဲ့ တိတ်တိတ်ပုန်း ခဲ့ပါတယ်။ ကလေးမွေးတော့မယ် ဆိုပေမယ့် လက်မထပ်ရသေးလို့ လက်မထပ်ခင် အခွင့်အရေးလေးယူ၊ ကိုယ့်ကို တစ်ကိုယ်တော် လူလွတ်ပါဆိုပြီး ခိုးစားခဲ့တယ်။ နောက်ပိုင်း လက်ထပ်ပြီးတာတောင် ဆက်ခိုးစားနေခဲ့တယ်။ နောက်ဆုံး သတင်းစာတစ်စောင်က ထုတ်ဖော်ပြောခဲ့မှ ဇာတ်သိမ်းသွားခဲ့ရတယ်။ ဒီလို သီလမရှိ၊ မစင်ကြယ်တဲ့ ယောက်ျားမျိုးကို တစ်သက်လုံး လက်တွဲဖော်အဖြစ် ကျွန်မ မရွေးရဲပါဘူး။

တကယ့်ယောက်ျား ပီသသူတွေ ဘယ်ရောက်ကုန်ပြီလဲ? ကျွန်မတို့ အပျိုကြီးတွေ ရွေးလွန်းတယ်၊ ဂျီးများလွန်းတယ်လို့ မထင်ပါနဲ့။ ကျွန်မတို့လည်း ကျွန်မတို့ကို ယုံကြည်မှုပေးနိုင်တဲ့ " လူကောင်း၊ သက်ဆုံးတိုင်လက်တွဲသွားနိုင်သူ"ကိုရှာချင်တာလေးပါပဲ။ ယောက်ျားတွေရယ်.. ယောက်ျားပီသကြစမ်းပါ။


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာပို့သပေးပါတယ်။


 Credit:မနိုင်းနိုင်းရဲ့ အိမ်ထောင်ရေး ဗဟုသုတ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top