iMyanmarHouse.com - Best Property Website for Myanmar
×








Credit:Myanmarload

#Unicode Version
Lone Star Tick လို့အမည်ရတဲ့အကောင်လေး အကိုက်ခံရရင် သင်ဟာ အသားတွေနဲ့ ဓာတ်မတည့်သူတစ်ယောက်အဖြစ်ပြောင်းသွားပြီး တစ်သက်လုံးအသီးအရွက်တွေစားရင်းနဲ့ပဲ အသက်ရှင်ရဖို့ရှိပါတယ်။

ဒီပိုးကောင်လေးကို အမေရိကတိုက်ရဲ့ မြောက်အလယ်ပိုင်းဒေသမှာ တွေ့ရတတ်ပြီး များသောအားဖြင့် Wisconsin, Texas, နဲ့ Maine ပြည်နယ်တွေမှာ တွေ့ရပါတယ်။ ဒီပိုးကောင်လေးရဲ့ တံထွေးကြောင့် အကိုက်ခံရတဲ့သူဟာ " alpha gel " လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးပါဝင်တဲ့အသား၊ အထူးသဖြင့် ဝက်သား၊ သိုးသားနဲ့ အမဲသားတွေနဲ့ ဓာတ်မတည့်ဖြစ်ရတယ်လို့ ဆိုပါတယ်။ အဆိုပါပိုးကောင်လေးအကိုက်ခံရင် ပြင်းထန်လွန်းတာကြောင့် ချက်ချင်းဆေးကုသမှုခံရမယ်လို့ သိရပါတယ်။

ဓာတ်မတည့်တဲ့ အသားကိုစားမိရင် ပြနိုင်တဲ့လက္ခဏာတွေကတော့ ရင်ကျပ်တာ၊ အန်တာ၊ ယားတာနဲ့ ရောင်ရမ်းတာတွေ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အဆိုပါ Lone Star Tick အကောင်လေးကိုက်ခံရရင် ပြင်းထန်လွန်းတဲ့အတွက် ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်မယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ကံကောင်းစွာနဲ့ Allergic မဖြစ်စေတဲ့ အသားတွေကတော့ " alpha gel" မပါဝင်တဲ့ ကြက်သား၊ ငါးနဲ့ ဥတွေဖြစ်ပြီး ဒါကိုတော့ စားလို့ရသေးတယ်လို့ဆိုကြပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Myanmarload
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top