iMyanmarHouse.com - Best Property Website for Myanmar
×
Credit : duwun
#Unicode Version
ဂျက်စတင်ဘီဘာဟာ သူ့ရဲ့ Purpose ကမ္ဘာလှည့်ဖျော်ဖြေပွဲစတင်တဲ့ မတ်လကတည်းကစလို့ အချစ်ရေးအတွက် အချိန်သိပ်မပေးနိုင်တော့ပါဘူး။
 အခုလောလောဆယ် သူ့ဘဝထဲမှာ အလေးထားရတဲ့အမျိုးသမီးမရှိသေးဘူးလို့ Ellen DeGeneres နဲ့ စကားပြောစဉ်မှာ ဂျက်စတင်ဘီဘာက အတည်ပြုပြောကြားခဲ့ပါတယ်။
"ကျွန်တော် ဘယ်သူနဲ့မှ တွဲမနေပါဘူး။ တစ်ကိုယ်တည်းပါပဲ။ ရှာလည်း ရှာမနေပါဘူး" လို့ အသက် ၂၂ နှစ်အရွယ် အဆိုတော်လေးက ပြောခဲ့ပါတယ်။
ကမ္ဘာလှည့်နေစဉ်မှာ အထီးကျန်မှုကို ခံနိုင်ဖို့ ခက်ခဲလှပေမဲ့ သူနဲ့အတူ ခွေးလေး တော့ဒ်ပါတဲ့အတွက် ပျော်မိတယ်လို့ ဂျေဘီက ဆိုပါတယ်။
ဂျေဘီရဲ့ချစ်စရာခွေးဖြူလေးဟာ @toddthestud ဆိုတဲ့ နာမည်နဲ့ ကိုယ်ပိုင်အင်စတာဂရမ်အကောင့် ရှိပြီး Follower ၁၆၁,၀၀၀ တောင် ရှိပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top