iMyanmarHouse.com - Best Property Website for Myanmar
×


ကုိယ္ခ်စ္ရတဲ့ ေကာင္မေလးေတြဆီမွာ ေသခ်ာေပါက္ ခ်စ္သူေကာင္ေလးကို အသဲယားေစတဲ့ အျပဳအမူေလးမ်ား

ကုိယ္ခ်စ္ရတဲ့ ေကာင္မေလးေတြဆီမွာ ေသခ်ာေပါက္ ခ်စ္သူေကာင္ေလးကို အသဲယားေစတဲ့ အျပဳအမူေလးေတြ ရွိပါတယ္။

အဲဒီအျပဳအမူေလးေတြကုိ မိန္းကေလးေတြက မထင္မွတ္ပဲ ျပဳမူတတ္ၾကၿပီး၊ သူမတုိ႔ဘာသာ ဒီလုိ ျပဳမူလုိက္ျခင္းေၾကာင့္

ဒီေလာက္ ခ်စ္စရာေကာင္းသြားလိမ့္မယ္မွန္း သိေလ့မရွိၾကပါဘူး။ ဒီေတာ့ ေယာက္်ားေလးေတြကုိ အသဲအရမ္းယားေစတဲ့

မိန္းကေလးေတြရဲ့ အျပဳအမူေလးေတြကို ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) နာမည္ေခၚတဲ့အခါ

ေကာင္မေလးေတြက သူတုိ႔ခ်စ္ရတဲ့ ခ်စ္သူကုိ ဘယ္လုိနာမည္မ်ိဳးေခၚမလဲဆုိၿပီး ႀကိဳေတြးထားတတ္ၾကပါတယ္။

ဥပမာအားျဖင့္ ကုိဇင္လင္းထက္ဆုိတဲ့ နာမည္ကုိ ကုိလင္းလုိ႔ ေခၚမယ္ဆုိၿပီး စိတ္ထဲက ႀကိဳေတြထားတဲ့ သေဘာမ်ိဳးေပါ့။

တစ္ခါတေလ ကုိ-ေမာင္-ခ်ီးထုတ္-ဂ်ပုိး-စတဲ့ နာမည္ေျပာင္ေလးေတြလည္း ျဖစ္ေနတတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလုိ ေခၚလုိက္တဲ့

ခဏမွာ အမ်ိဳးသားေတြကို ခ်စ္စိတ္ေတြ ပြားေစပါတယ္။ (မႀကိဳက္ဖူးဆုိတဲ့ နာမည္ကိုေတာ့ မေခၚနဲ႔ေပါ့ေနာ)

(၂) ေရခ်ိဳးေနရင္း ျပဳမူတတ္တဲ့ အေလ့အထ

ခ်စ္သူေကာင္မေလး ေရခ်ိဳးတာကို တစိမ့္စိမ့္ ထုိင္ၾကည့္ခြင့္ရတဲ့ ခ်စ္သူေကာင္ေလးရယ္လုိ႔ေတာ့ မရင္းနီးခင္ စပ္ၾကားမွာရွိမွာေတာ့ မဟုတ္ပါဘူး။ ဒီေတာ့ သူနဲ႔ကုိယ္နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ေနေပမယ့္၊ တစ္ေယာက္နဲ႔တစ္ေယာက္

႐ိႈးတုိ႔ရွန္းတန္႔ျဖစ္ေနဆဲအခ်ိန္မ်ိဳးမွာ ေကာင္မေလးက ေရခ်ိဳးရင္း သီခ်င္းဆုိလုိက္၊ သ႐ုပ္ေဆာင္လုိက္၊ ေပါက္တက္ကရ ေအာ္လုိက္လုပ္ေနတာမ်ိဳးကုိ ကာယကံရွင္ ေကာင္ေလးက ေတြ႕ဖူးသြားတယ္ဆုိရင္ အေတာ္ေလး အသဲယားစရာ ေကာင္းပါတယ္။

(၃) အားကစား၀တ္စုံေလးနဲ႔

မိန္းကေလးေတြ ခႏၶာကုိယ္အလွကို အေပၚလြင္ဆုံးအခ်ိန္က ဘီကီနီ၀တ္မွမဟုတ္ပါဘူး။ အားကစား၀တ္စုံ၀တ္ၿပီး၊အားကစားေလ့က်င့္ခန္းေတြ လုပ္ေနတဲ့အခ်ိန္ဟာ ခႏၶာကိုယ္ အလွဆုံးအခ်ိန္ပါဘဲ။ ဒီလုိ ကိုယ့္ခ်စ္သူကုိ အားကစား၀တ္စုံနဲ႔

အတူတူေတြ႕လုိက္ရတဲ့ အခိုက္အတန္႔မွာ ေကာင္ေလးတစ္ေယာက္ ရင္ကုိ ဗရမ္းဗတာ ခုန္ေစပါတယ္။

(၄) တစ္ခုခု ခ်က္ျပဳတ္ေနတဲ့အခါ

အခ်က္အျပဳတ္ဆုိတာ ပ်ိဳေမတုိ႔ မျဖစ္မေန တက္ေျမာက္ထားသင့္တဲ့ ပညာလုိ႔ ဆုိပါရေစ။ ခင္ပြနး္ကို ထမင္းေကၽြးတဲ့အခါတုိင္းမွာအိမ္အကူခ်က္ျပဳတ္ေပးထားေတြကို စားပြဲေပၚတင္ေပးႏုိင္႐ုံေလာက္ နဲ႔ေတာ့ ခင္ပြန္းသည္ရဲ႕အခ်စ္ကုိ ျပည့္ျပည့္၀၀ ရႏုိင္မွာ မဟုတ္ပါဘူး။

ဒီေတာ့ ေယာက္်ားေလးေတြ အမ်ိဴးသမီးတစ္ေယာက္ကုိ အထင္ႀကီးေလးစားမႈျဖစ္ေစတဲ့ အခ်ိန္ကေတာ့ ထမင္းဟင္းခ်က္ေနတာကိုပထမဆုံးျမင္ေတြ႕ရခ်ိန္လုိ႔ ဆုိရမွာပါ။

(၅) ကုိယ့္အ၀တ္အစားေတြ ယူ၀တ္တဲ့အခါ

သူနဲ႔သင္က သိပ္ကုိ ခင္မင္ရင္းနီးေနတယ္ဆုိရင္၊ တစ္ခါတေလ တမင္တကာပဲျဖစ္ျဖစ္၊ ခရီးသြားဟန္လႊဲပဲျဖစ္ျဖစ္၊ သူ႕အ၀တ္အစားေတြကို အေျခအေနအရ ယူ၀တ္လုိက္ရတာမ်ိဳး ရွိေကာင္းရွိႏုိင္ပါတယ္။ ဥပမာ ႏွစ္ဦးသား မုိးမိၿပီး၊ သူ႕အိမ္ကုိ သင္ေရာက္ေနတဲ့အခါမ်ိဳးဆုိပါေတာ့။
အမ်ိဳးသားတစ္ေယာက္ရဲ႕ ပုံမက်ပန္းမက် အ၀တ္အစားေတြဟာ အမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္ေပၚမွာ အလြန္စြဲေဆာင္အားေကာင္းတဲ့အဆင္တန္ဆာေတြ ျဖစ္ေစပါတယ္။

(၆) ဘာမွ မလိမ္းျခယ္တဲ့ ပကတိအလွ

တစ္ခ်ိဳ႕ေသာ မိမိကိုယ္ကိုယ္ ယုံၾကည္မႈရွိတဲ့ အမ်ိဳးသမီးေတြက ဘာကိုမွ မလိမ္းျခယ္ပဲ ဧည့္သည္ေတြနဲ႔ လက္ခံေတြ႕ဆုံႏုိင္ၾကပါတယ္။အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက အလွျပင္လုိက္မွ အလွေပၚလြင္တယ္ဆုိေပမယ့္၊ တစ္ခါတေလ ဘာမွျပဳျပင္ထားျခင္းမရွိတဲ့ပကတိအလွဟာ ေယာက္်ားတစ္ေယာက္ရဲ႕ ဘ၀တစ္ခုလုံးကုိေတာင္ သိမ္းပုိက္ႏုိင္ပါတယ္။

(၇) သီခ်င္းေဟာ္ႀကီးဟစ္က်ယ္ ဆုိတဲ့အခါ တစ္ခါတေလ ကားအတူတူစီးျဖစ္လုိ႔ သီးခ်င္းအတူတူ နားေထာင္ျဖစ္တဲ့အခါ သူ သိပ္မရတဲ့ သီခ်င္းကုိလည္း ခပ္တည္တည္ ေပါက္တက္ကရ လုိက္ဆုိတတ္တဲ့ အမူအယာေတြကလည္း အသဲယားဖုိ႔ အလြန္ေကာင္းပါတယ္။

Credit:မဒီေလး

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေဆီမှာ သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးများ

ကိုယ်ချစ်ရတဲ့ ကောင်မလေးတွေဆီမှာ သေချာပေါက် ချစ်သူကောင်လေးကို အသဲယားစေတဲ့ အပြုအမူလေးတွေ ရှိပါတယ်။

အဲဒီအပြုအမူလေးတွေကို မိန်းကလေးတွေက မထင်မှတ်ပဲ ပြုမူတတ်ကြပြီး၊ သူမတို့ဘာသာ ဒီလို ပြုမူလိုက်ခြင်းကြောင့်

ဒီလောက် ချစ်စရာကောင်းသွားလိမ့်မယ်မှန်း သိလေ့မရှိကြပါဘူး။ ဒီတော့ ယောက်ျားလေးတွေကို အသဲအရမ်းယားစေတဲ့

မိန်းကလေးတွေရဲ့ အပြုအမူလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) နာမည်ခေါ်တဲ့အခါ

ကောင်မလေးတွေက သူတို့ချစ်ရတဲ့ ချစ်သူကို ဘယ်လိုနာမည်မျိုးခေါ်မလဲဆိုပြီး ကြိုတွေးထားတတ်ကြပါတယ်။

ဥပမာအားဖြင့် ကိုဇင်လင်းထက်ဆိုတဲ့ နာမည်ကို ကိုလင်းလို့ ခေါ်မယ်ဆိုပြီး စိတ်ထဲက ကြိုတွေထားတဲ့ သဘောမျိုးပေါ့။

တစ်ခါတလေ ကို-မောင်-ချီးထုတ်-ဂျပိုး-စတဲ့ နာမည်ပြောင်လေးတွေလည်း ဖြစ်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ခေါ်လိုက်တဲ့

ခဏမှာ အမျိုးသားတွေကို ချစ်စိတ်တွေ ပွားစေပါတယ်။ (မကြိုက်ဖူးဆိုတဲ့ နာမည်ကိုတော့ မခေါ်နဲ့ပေါ့နော)

(၂) ရေချိုးနေရင်း ပြုမူတတ်တဲ့ အလေ့အထ

ချစ်သူကောင်မလေး ရေချိုးတာကို တစိမ့်စိမ့် ထိုင်ကြည့်ခွင့်ရတဲ့ ချစ်သူကောင်လေးရယ်လို့တော့ မရင်းနီးခင် စပ်ကြားမှာရှိမှာတော့ မဟုတ်ပါဘူး။ ဒီတော့ သူနဲ့ကိုယ်နဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်နေပေမယ့်၊ တစ်ယောက်နဲ့တစ်ယောက်

ရှိုးတို့ရှန်းတန့်ဖြစ်နေဆဲအချိန်မျိုးမှာ ကောင်မလေးက ရေချိုးရင်း သီချင်းဆိုလိုက်၊ သရုပ်ဆောင်လိုက်၊ ပေါက်တက်ကရ အော်လိုက်လုပ်နေတာမျိုးကို ကာယကံရှင် ကောင်လေးက တွေ့ဖူးသွားတယ်ဆိုရင် အတော်လေး အသဲယားစရာ ကောင်းပါတယ်။

(၃) အားကစားဝတ်စုံလေးနဲ့

မိန်းကလေးတွေ ခန္ဓာကိုယ်အလှကို အပေါ်လွင်ဆုံးအချိန်က ဘီကီနီဝတ်မှမဟုတ်ပါဘူး။ အားကစားဝတ်စုံဝတ်ပြီး၊အားကစားလေ့ကျင့်ခန်းတွေ လုပ်နေတဲ့အချိန်ဟာ ခန္ဓာကိုယ် အလှဆုံးအချိန်ပါဘဲ။ ဒီလို ကိုယ့်ချစ်သူကို အားကစားဝတ်စုံနဲ့

အတူတူတွေ့လိုက်ရတဲ့ အခိုက်အတန့်မှာ ကောင်လေးတစ်ယောက် ရင်ကို ဗရမ်းဗတာ ခုန်စေပါတယ်။

(၄) တစ်ခုခု ချက်ပြုတ်နေတဲ့အခါ

အချက်အပြုတ်ဆိုတာ ပျိုမေတို့ မဖြစ်မနေ တက်မြောက်ထားသင့်တဲ့ ပညာလို့ ဆိုပါရစေ။ ခင်ပွန်းကို ထမင်းကျွေးတဲ့အခါတိုင်းမှာအိမ်အကူချက်ပြုတ်ပေးထားတွေကို စားပွဲပေါ်တင်ပေးနိုင်ရုံလောက် နဲ့တော့ ခင်ပွန်းသည်ရဲ့အချစ်ကို ပြည့်ပြည့်၀၀ ရနိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ ယောက်ျားလေးတွေ အမျိူးသမီးတစ်ယောက်ကို အထင်ကြီးလေးစားမှုဖြစ်စေတဲ့ အချိန်ကတော့ ထမင်းဟင်းချက်နေတာကိုပထမဆုံးမြင်တွေ့ရချိန်လို့ ဆိုရမှာပါ။

(၅) ကိုယ့်အဝတ်အစားတွေ ယူဝတ်တဲ့အခါ

သူနဲ့သင်က သိပ်ကို ခင်မင်ရင်းနီးနေတယ်ဆိုရင်၊ တစ်ခါတလေ တမင်တကာပဲဖြစ်ဖြစ်၊ ခရီးသွားဟန်လွှဲပဲဖြစ်ဖြစ်၊ သူ့အဝတ်အစားတွေကို အခြေအနေအရ ယူဝတ်လိုက်ရတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ နှစ်ဦးသား မိုးမိပြီး၊ သူ့အိမ်ကို သင်ရောက်နေတဲ့အခါမျိုးဆိုပါတော့။
အမျိုးသားတစ်ယောက်ရဲ့ ပုံမကျပန်းမကျ အဝတ်အစားတွေဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အလွန်စွဲဆောင်အားကောင်းတဲ့အဆင်တန်ဆာတွေ ဖြစ်စေပါတယ်။

(၆) ဘာမှ မလိမ်းခြယ်တဲ့ ပကတိအလှ

တစ်ချို့သော မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက ဘာကိုမှ မလိမ်းခြယ်ပဲ ဧည့်သည်တွေနဲ့ လက်ခံတွေ့ဆုံနိုင်ကြပါတယ်။အမျိုးသမီးတော်တော်များများက အလှပြင်လိုက်မှ အလှပေါ်လွင်တယ်ဆိုပေမယ့်၊ တစ်ခါတလေ ဘာမှပြုပြင်ထားခြင်းမရှိတဲ့ပကတိအလှဟာ ယောက်ျားတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကိုတောင် သိမ်းပိုက်နိုင်ပါတယ်။

(၇) သီချင်းဟော်ကြီးဟစ်ကျယ် ဆိုတဲ့အခါ တစ်ခါတလေ ကားအတူတူစီးဖြစ်လို့ သီးချင်းအတူတူ နားထောင်ဖြစ်တဲ့အခါ သူ သိပ်မရတဲ့ သီချင်းကိုလည်း ခပ်တည်တည် ပေါက်တက်ကရ လိုက်ဆိုတတ်တဲ့ အမူအယာတွေကလည်း အသဲယားဖို့ အလွန်ကောင်းပါတယ်။

Credit:မဒီလေး

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top