iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာ့ အသန္မာဆံုး တိရစၦာန္ ကေတာ့ ေရဝက္ဝံ (Water Bear) အမည္ရ ပိုးေကာင္ ျဖစ္ပါတယ္။ သူ႔ကို Tardigrade လို႔လည္း ေခၚပါတယ္။

အရြယ္ အစား ကေတာ့ မီလီမီတာ အတိုင္း အတာ သာရွိၿပီး အလြန္ေသး ငယ္ပါတယ္။ ထူးျခား ခ်က္ကေတာ့ ေသၿပီးရင္ ျပန္ ရွင္ႏိုင္ ပါတယ္။ အသက္ရွင္ရန္ ခက္ခဲ ၾကမ္းတမ္း ပါတယ္ ဆုိတဲ့ ေနရာ ေဒသေတြ မွာေတာင္ အသက္ရွင္ ေနထိုင္ႏိုင္ ပါတယ္။
Related image
အပူခ်ိန္ သုည ဒီဂရီမွာလည္း ေနထုိင္ႏိုင္သလို ေရေႏြးပြက္ပြက္ဆူ ထဲမွာလည္း အသက္ရွင္ႏိုင္ပါတယ္။ လူသားေတြထက္လည္း ဓာတ္ေရာင္ျခည္ အဆ ၁ေထာင္မက ခံႏိုင္ရည္ရွိ ပါတယ္။ ေရမေသာက္ ပဲနဲ႔လည္း ဆယ္စုႏွစ္ တစ္ခုမက ေနႏိုင္ပါတယ္။ အနက္ဆံုး သမုဒၵရာ ၾကမ္းျပင္ေအာက္က ဖိအား ထက္ ၆ ဆ မ်ားနဲ႔ Pressure ေတာင္ ခံႏိုင္ရည္ ရွိပါတယ္။ အာကာသမွာလည္း အသက္ရွင္ႏိုင္ပါတယ္။
Image result for water bear
ပတ္ဝန္းက်င္အေျခအေနဆိုးတစ္ခုေၾကာင့္ ေသသြားတယ္ဆုိရင္ေတာင္ တကယ္ေသတာမဟုတ္ပါဘူး။ ကိုယ္တြင္းက လုပ္ေဆာင္ခ်က္မ်ား ယာယီ ရပ္တန္႔သြားျခင္း မွ်သာ ျဖစ္ျပီး ႏွစ္ေပါင္း ၁၂၀ ၾကာတဲ့အခါ ျပန္လည္ ရွင္သန္ ျပီး ယခင္ အတိုင္း ေနထုိင္ႏိုင္ပါတယ္။ water bear ဟာ အေသးစား သတၱဝါမွ် ျဖစ္ျပီး ေျခေထာက္၊ ေျခသည္း၊ မ်က္လံုး၊ ပါးစပ္၊ အစာအိမ္၊ ေသြးေၾကာ အစရွိသျဖင့္တုိ႔ဟာ တကယ္ပဲ ေသးငယ္ပါတယ္။

water bear ကို ေနရာတိုင္းမွာ ရွာေတြ႔ႏိုင္ပါတယ္။ ပင္လယ္၊ ေရခဲျပင္ေအာက္၊ ကႏၱာရ၊ ဟိမဝႏၱာ- ရာသီစံု၊ အပူခ်ိန္စံု ခံႏုိင္ရည္ရွိျပီး ေနရာအႏွံ႔မွာ ေနထိုင္ပါတယ္။ ေရညွိမွာလည္း စုဖြဲ႔ျပီး ေနတတ္ပါတယ္။

ဒါေတာင္ ပံုမွန္အတိုင္းဆုိရင္ ေသစရာ အေၾကာင္းမရွိပဲ အျမဲ စြမ္းအင္ ျပန္ လည္ ျပည့္ျဖိဳးေနတဲ့အတြက္ ကမၻာ့အသန္မာဆံုး တိရစၦာန္တုိ႔ ကမၻာက အသိမွတ္ျပဳထားၾကပါတယ္။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:မင္းသီဟ (Min Thiha)

#Unicode Version
ကမ္ဘာ့ အသန်မာဆုံး တိရစ္ဆာန် ကတော့ ရေဝက်ဝံ (Water Bear) အမည်ရ ပိုးကောင် ဖြစ်ပါတယ်။ သူ့ကို Tardigrade လို့လည်း ခေါ်ပါတယ်။

အရွယ် အစား ကတော့ မီလီမီတာ အတိုင်း အတာ သာရှိပြီး အလွန်သေး ငယ်ပါတယ်။ ထူးခြား ချက်ကတော့ သေပြီးရင် ပြန် ရှင်နိုင် ပါတယ်။ အသက်ရှင်ရန် ခက်ခဲ ကြမ်းတမ်း ပါတယ် ဆိုတဲ့ နေရာ ဒေသတွေ မှာတောင် အသက်ရှင် နေထိုင်နိုင် ပါတယ်။

အပူချိန် သုည ဒီဂရီမှာလည်း နေထိုင်နိုင်သလို ရေနွေးပွက်ပွက်ဆူ ထဲမှာလည်း အသက်ရှင်နိုင်ပါတယ်။ လူသားတွေထက်လည်း ဓာတ်ရောင်ခြည် အဆ ၁ထောင်မက ခံနိုင်ရည်ရှိ ပါတယ်။ ရေမသောက် ပဲနဲ့လည်း ဆယ်စုနှစ် တစ်ခုမက နေနိုင်ပါတယ်။ အနက်ဆုံး သမုဒ္ဒရာ ကြမ်းပြင်အောက်က ဖိအား ထက် ၆ ဆ များနဲ့ Pressure တောင် ခံနိုင်ရည် ရှိပါတယ်။ အာကာသမှာလည်း အသက်ရှင်နိုင်ပါတယ်။

ပတ်ဝန်းကျင်အခြေအနေဆိုးတစ်ခုကြောင့် သေသွားတယ်ဆိုရင်တောင် တကယ်သေတာမဟုတ်ပါဘူး။ ကိုယ်တွင်းက လုပ်ဆောင်ချက်များ ယာယီ ရပ်တန့်သွားခြင်း မျှသာ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါ ပြန်လည် ရှင်သန် ပြီး ယခင် အတိုင်း နေထိုင်နိုင်ပါတယ်။ water bear ဟာ အသေးစား သတ္တဝါမျှ ဖြစ်ပြီး ခြေထောက်၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ အစာအိမ်၊ သွေးကြော အစရှိသဖြင့်တို့ဟာ တကယ်ပဲ သေးငယ်ပါတယ်။

water bear ကို နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်။ ပင်လယ်၊ ရေခဲပြင်အောက်၊ ကန္တာရ၊ ဟိမဝန္တာ- ရာသီစုံ၊ အပူချိန်စုံ ခံနိုင်ရည်ရှိပြီး နေရာအနှံ့မှာ နေထိုင်ပါတယ်။ ရေညှိမှာလည်း စုဖွဲ့ပြီး နေတတ်ပါတယ်။

ဒါတောင် ပုံမှန်အတိုင်းဆိုရင် သေစရာ အကြောင်းမရှိပဲ အမြဲ စွမ်းအင် ပြန် လည် ပြည့်ဖြိုးနေတဲ့အတွက် ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်တို့ ကမ္ဘာက အသိမှတ်ပြုထားကြပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:မင်းသီဟ (Min Thiha)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top