iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းရာသီ ၀င္လာ တာမုိ ့လူေတြ အေအးမိ၊ ေခ်ာင္းဆုိးေတြ အျဖစ္မ်ား ေနျပီ ျဖစ္ပါတယ္။ အေအးမိ ေခ်ာင္းဆုိးတဲ့ အခါ ပုိက္ဆံ အကုန္ခံျပီး နာမည္ၾကီး တံဆိပ္နဲ ့ေခ်ာင္းဆုိး ေပ်ာက္ေဆး ၀ယ္ေသာက္ ေနမယ့္ အစား ျဗိတိန္ရဲ့ နာမည္ၾကီး ဆရာ၀န္ တစ္ေယာက္က သဘာ၀ ေဆးနည္းကိုသာ ေသာက္ဖုိ ့ညႊန္းလုိက္ ပါတယ္။

ေခ်ာင္းဆုိး ေပ်ာက္ေဆး ေတြဟာ အလကား ၊ပုိက္ဆံျဖဳန္းမွဳ သက္သက္ ျဖစ္ျပီး၊ ေခ်ာင္းဆုိး ေပ်ာက္ေဆး ေတြရဲ့ ေနာက္ကြယ္မွာ ေဆးပညာ ဆုိင္ရာ အေထာက္ အထားျပစရာ ေကာင္းေကာင္း မရွိဘူးလုိ ့အေထြေထြ ေရာဂါကု ဆရာ၀န္မ်ား ေတာ္၀င္ ေကာလိပ္ရဲ့ ဒုတိယ ပါေမာကၡ Dr Tim Ballard က အၾကံျပဳ ေျပာၾကား လုိက္ပါတယ္။

အလားတူ စြာပဲ NGS ရဲ့ ျပည္သူေတြကို က်န္းမာေရး ဆုိင္ရာ အၾကံေပးခ်က္ေတြ ေဖာ္ျပတဲ့ ၀က္ဘ္ဆုိဒ္ မွာလည္း “ ဗိုင္းရပ္စ္ ကူးစက္ မွဳေၾကာင့္ ေခ်ာင္းဆုိးတာကို အျမန္ တုိက္ဖ်က္ႏိုင္တဲ့ နည္းလမ္း ဆုိတာ မရွိေသး ပါဘူး။ ပုံမွန္ အားျဖင့္ ခႏၶာကိုယ္ရဲ့ ခုခံအား စနစ္က ဗိုင္းရပ္စ္ကို ရွင္းထုတ္ လိုက္ျပီး ခ်ိန္မွာမွ ေခ်ာင္းဆုိး ေပ်ာက္သြားမွာ ျဖစ္ပါတယ္။

ေခ်ာင္းၾကာရွည္ ဆုိးရတဲ့ ေနာက္ကြယ္မွာ အေၾကာင္းရင္း တစ္ခုခု ရွိမယ္ ဆုိရင္လည္း၊ သီးျခား ကုသမွဳ ခံယူဖို ့လိုပါတယ္”

“ ကာလတုိ ေခ်ာင္းဆုိး တာကို ကုသဖုိ ့အလြယ္ကူဆုံး နည္းနဲ ့ကုန္က် စရိ္တ္ အနည္းဆုံး နည္းကေတာ့ ပ်ားရည္နဲ ့ေရွာက္သီး အိမ္တြင္း ေဆးနည္းပဲ ျဖစ္ပါတယ္။ ပ်ားရည္ဟာ ပါးစပ္ထဲက ခၽြဲ၊သလိပ္ ေတြကို ထြက္ေစတဲ့ အေျမွးကို အလႊာပါး တစ္ထပ္ အုပ္ေပးကာ ယားယံမွဳကိုသက္သာ ေစတဲ့ ပစၥည္းတစ္ခု ျဖစ္ပါတယ္။ ဒီအေျမွးပါး ယားယံမွဳေၾကာင့္ ကၽြန္ေတာ္တုိ ့ေတြ ေခ်ာင္းဆုိး ရတာပါ”

ပ်ားရည္နဲ ့ေရွာက္သီး ေဆးနည္း ကေတာ့ ပ်ားရည္နဲ ့ေရွာက္သီး၊ သံပရိုသီး အရည္ကို မတ္ခြက္၊ ဒါမွမဟုတ္ လက္ဖက္ရည္ ခြက္ထဲ ထည့္ပါ။ ေရေႏြး နည္းနည္း ထည့္ၿပီး ေမႊကာ ေသာက္ေပး ရတာ ျဖစ္ပါတယ္။

မိမိ ၾကိဳက္ႏွစ္သက္တဲ့ အရသာ အတုိင္း ေရေႏြး၊ ေရွာက္ရည္နဲ ့ပ်ားရည္တုိ ့ကို လုိတုိး ပုိေလွ်ာ့ ထည့္ႏိုင္ ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Mirror

#Unicode Version

ဆောင်းရာသီ ဝင်လာ တာမို့လူတွေ အအေးမိ၊ ချောင်းဆိုးတွေ အဖြစ်များ နေပြီ ဖြစ်ပါတယ်။ အအေးမိ ချောင်းဆိုးတဲ့ အခါ ပိုက်ဆံ အကုန်ခံပြီး နာမည်ကြီး တံဆိပ်နဲ့ချောင်းဆိုး ပျောက်ဆေး ဝယ်သောက် နေမယ့် အစား ဗြိတိန်ရဲ့ နာမည်ကြီး ဆရာဝန် တစ်ယောက်က သဘာ၀ ဆေးနည်းကိုသာ သောက်ဖို့ညွှန်းလိုက် ပါတယ်။

ချောင်းဆိုး ပျောက်ဆေး တွေဟာ အလကား ၊ပိုက်ဆံဖြုန်းမှု သက်သက် ဖြစ်ပြီး၊ ချောင်းဆိုး ပျောက်ဆေး တွေရဲ့ နောက်ကွယ်မှာ ဆေးပညာ ဆိုင်ရာ အထောက် အထားပြစရာ ကောင်းကောင်း မရှိဘူးလို့အထွေထွေ ရောဂါကု ဆရာဝန်များ တော်ဝင် ကောလိပ်ရဲ့ ဒုတိယ ပါမောက္ခ Dr Tim Ballard က အကြံပြု ပြောကြား လိုက်ပါတယ်။

အလားတူ စွာပဲ NGS ရဲ့ ပြည်သူတွေကို ကျန်းမာရေး ဆိုင်ရာ အကြံပေးချက်တွေ ဖော်ပြတဲ့ ဝက်ဘ်ဆိုဒ် မှာလည်း “ ဗိုင်းရပ်စ် ကူးစက် မှုကြောင့် ချောင်းဆိုးတာကို အမြန် တိုက်ဖျက်နိုင်တဲ့ နည်းလမ်း ဆိုတာ မရှိသေး ပါဘူး။ ပုံမှန် အားဖြင့် ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်က ဗိုင်းရပ်စ်ကို ရှင်းထုတ် လိုက်ပြီး ချိန်မှာမှ ချောင်းဆိုး ပျောက်သွားမှာ ဖြစ်ပါတယ်။

ချောင်းကြာရှည် ဆိုးရတဲ့ နောက်ကွယ်မှာ အကြောင်းရင်း တစ်ခုခု ရှိမယ် ဆိုရင်လည်း၊ သီးခြား ကုသမှု ခံယူဖို့လိုပါတယ်”

“ ကာလတို ချောင်းဆိုး တာကို ကုသဖို့အလွယ်ကူဆုံး နည်းနဲ့ကုန်ကျ စရိတ် အနည်းဆုံး နည်းကတော့ ပျားရည်နဲ့ရှောက်သီး အိမ်တွင်း ဆေးနည်းပဲ ဖြစ်ပါတယ်။ ပျားရည်ဟာ ပါးစပ်ထဲက ချွဲ၊သလိပ် တွေကို ထွက်စေတဲ့ အမြှေးကို အလွှာပါး တစ်ထပ် အုပ်ပေးကာ ယားယံမှုကိုသက်သာ စေတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီအမြှေးပါး ယားယံမှုကြောင့် ကျွန်တော်တို့တွေ ချောင်းဆိုး ရတာပါ”

ပျားရည်နဲ့ရှောက်သီး ဆေးနည်း ကတော့ ပျားရည်နဲ့ရှောက်သီး၊ သံပရိုသီး အရည်ကို မတ်ခွက်၊ ဒါမှမဟုတ် လက်ဖက်ရည် ခွက်ထဲ ထည့်ပါ။ ရေနွေး နည်းနည်း ထည့်ပြီး မွှေကာ သောက်ပေး ရတာ ဖြစ်ပါတယ်။

မိမိ ကြိုက်နှစ်သက်တဲ့ အရသာ အတိုင်း ရေနွေး၊ ရှောက်ရည်နဲ့ပျားရည်တို့ကို လိုတိုး ပိုလျှော့ ထည့်နိုင် ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Mirror
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top