iMyanmarHouse.com - Best Property Website for Myanmar
×

လကုန္ရက္ကို ေရာက္လာၿပီဆုိေတာ့ ဝန္ထမ္းေတြ ေပ်ာ္ၾကတဲ့ေန႔ေပါ့။ တစ္လလံုး ပင္ပင္ပန္းပန္း လုပ္ကိုင္ခဲ့သမွ် လစာေလးရလာၿပီဆုိေတာ့ ေနရထုိင္ရတာ တက္တက္ၾကြၾကြေလး ျဖစ္လာပါတယ္။ လခထုတ္ၿပီး ၁၀ ရက္အတြင္းမွာပဲ လက္ထဲ အသံုးျပတ္သြားလို႔ ေခ်းငွားသံုးရတာမ်ိဳးေတြ အျဖစ္မခံပါနဲ႔။ ေငြအသံုးအစြဲကို ဆင္ဆင္ျခင္ျခင္သံုးမွ ကိုယ့္လက္ထဲ ေငြၿမဲမွာပါ။

၁။ ကိုယ့္အေၾကာင္းကိုယ္သိ

ကိုယ္က ေငြသံုးလြယ္သူလားဆိုတာ ကိုယ္တုိင္အသိဆံုးျဖစ္မွာပါ။ ကိုယ့္ရဲ႕လစာဆုိတာ မိုးေပၚကက်လာတာမဟုတ္ဘူးေလ။ လိုသမွ်ဝယ္ေနလို႔ မျဖစ္ပါဘူး။ ကိုယ့္မွာ႐ွိသမွ်နဲ႔ ေက်နပ္ေနႏိုင္ဖုိ႔ ႀကိဳးစားပါ။ လခရတာနဲ႔ လိုခ်င္သမွ်ဝယ္လိုက္ၿပီး ေနာက္ရက္ေတြမွာ သံုးစရာမ႐ွိေတာ့တဲ့ဘဝမ်ိဳး အျဖစ္မခံပါနဲ႔။ လကုန္ထိ သံုးစရာေငြ လက္က်န္႐ွိေနတယ္ဆုိတဲ့ ခံစားခ်က္ကလည္း စိတ္ကိုသက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။

၂။ စိစိစစ္စစ္သံုး

ဘာေတြကုန္လို႔ ကုန္သြားမွန္း မသိလိုက္ဘူး ဆိုတာမ်ိဳးလည္း ျဖစ္ရတယ္မဟုတ္လား။ ဖုန္းေဘလ္ဘယ္ေလာက္သံုးတယ္၊ ဘယ္သူ႔ကို ဘယ္ေလာက္ေခ်းလိုက္တယ္ဆုိတာေတြကို ေရးမွတ္ထားသင့္ပါတယ္။ ဒီလ ဝင္ေငြဘယ္ေလာက္၊ သံုးေငြဘယ္ေလာက္ ဆုိတာကို မွတ္ထားမယ္ဆုိရင္ ေနာက္ပိုင္းမွာ မကုန္သင့္တာ မကုန္ေအာင္ ေခၽြတာႏိုင္လာပါလိမ့္မယ္။

၃။ ေငြသားကိုသံုး

ကတ္ကိုကိုင္ထားရင္ ပိုသံုးမိပါတယ္။ ေငြသားဆုိေတာ့ အိတ္ထဲမွာ အမ်ားႀကီးလည္းမဆံ့ေတာ့ သိပ္အမ်ားႀကီးမသံုးျဖစ္ေတာ့ဘူးေပါ့။ ေငြေခ်လို႔ရတဲ့ကတ္ေတြနဲ႔ဆို ဘယ္ေလာက္သံုးလို႔သံုးမိမွန္း သတိမထားမိဘဲ လက္လႊတ္စပယ္သံုးျဖစ္ေနေရာေလ။

၄။ အေျပာင္းအလဲေလးေတြ

ျဖစ္ႏိုင္ရင္ ေန႔လယ္စာကို အိမ္စီစဥ္ေပးလိုက္တာကို စားပါ။ ေန႔လယ္စာက မ်ားမ်ားစားတ့ဲအခ်ိန္ဆုိေတာ့ အျပင္မွာစားမယ္ဆုိ ပိုကုန္ပါတယ္။ မလိုအပ္တဲ့ အသံုးစရိတ္ေတြကိုလည္း ေလွ်ာ့ခ်ပါ။ Gym သြားဖုိ႔ အစီအစဥ္မ႐ွိေတာ့ဘူးဆုိရင္ မန္ဘာေၾကးကိုလည္း ဆက္သြင္းမေနပါနဲ႔ေတာ့။ အေသးသံုးေတြကိုလည္း ဂ႐ုစိုက္ပါ။ ၅၀၀ ၊ ၁၀၀၀ ဆိုၿပီး လြယ္လြယ္ေလးသံုးမိတာေတြက ပိုမ်ားေနမိတာမို႔ ေငြဝင္၊ေငြထြက္ကို စာရင္းလုပ္ဖုိ႔ အၾကံေပးတာပါ။

၅။ ပိုႀကီးတဲ့ပန္းတိုင္

လစာထုတ္ရင္ လက္ကိုင္အိတ္အသစ္ဝယ္မယ္၊ ခရီးတိုသြားမယ္လို႔ ရည္မွန္းထားတယ္မဟုတ္လား။ အဲ့ဒီအစား အဝတ္ေလွ်ာ္စက္ဝယ္ဖုိ႔၊ ျပည္ပခရီးသြားဖုိ႔၊ စိန္လက္စြပ္ေလးဝယ္ဖုိ႔ စတဲ့ ပိုႀကီးတဲ့ပန္းတိုင္ကို ခ်မွတ္လိုက္ပါ။ ဒီပန္းတိုင္ကို ေခါင္းထဲဲထည့္ထားၿပီး အထက္မွာေဖာ္ျပထားတဲ့အခ်က္ေတြအတုိင္း အသံုးအစြဲကို ဆင္ျခင္ရပါမယ္။ လြယ္လြယ္နဲ႔လည္း မသံုးခ်င္ေတာ့ဘူးေပါ့။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:duwun

#Unicode Version
လကုန်ရက်ကို ရောက်လာပြီဆိုတော့ ဝန်ထမ်းတွေ ပျော်ကြတဲ့နေ့ပေါ့။ တစ်လလုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့သမျှ လစာလေးရလာပြီဆိုတော့ နေရထိုင်ရတာ တက်တက်ကြွကြွလေး ဖြစ်လာပါတယ်။ လခထုတ်ပြီး ၁၀ ရက်အတွင်းမှာပဲ လက်ထဲ အသုံးပြတ်သွားလို့ ချေးငှားသုံးရတာမျိုးတွေ အဖြစ်မခံပါနဲ့။ ငွေအသုံးအစွဲကို ဆင်ဆင်ခြင်ခြင်သုံးမှ ကိုယ့်လက်ထဲ ငွေမြဲမှာပါ။

၁။ ကိုယ့်အကြောင်းကိုယ်သိ

ကိုယ်က ငွေသုံးလွယ်သူလားဆိုတာ ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ကိုယ့်ရဲ့လစာဆိုတာ မိုးပေါ်ကကျလာတာမဟုတ်ဘူးလေ။ လိုသမျှဝယ်နေလို့ မဖြစ်ပါဘူး။ ကိုယ့်မှာရှိသမျှနဲ့ ကျေနပ်နေနိုင်ဖို့ ကြိုးစားပါ။ လခရတာနဲ့ လိုချင်သမျှဝယ်လိုက်ပြီး နောက်ရက်တွေမှာ သုံးစရာမရှိတော့တဲ့ဘဝမျိုး အဖြစ်မခံပါနဲ့။ လကုန်ထိ သုံးစရာငွေ လက်ကျန်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကလည်း စိတ်ကိုသက်တောင့်သက်သာ ဖြစ်စေပါတယ်။

၂။ စိစိစစ်စစ်သုံး

ဘာတွေကုန်လို့ ကုန်သွားမှန်း မသိလိုက်ဘူး ဆိုတာမျိုးလည်း ဖြစ်ရတယ်မဟုတ်လား။ ဖုန်းဘေလ်ဘယ်လောက်သုံးတယ်၊ ဘယ်သူ့ကို ဘယ်လောက်ချေးလိုက်တယ်ဆိုတာတွေကို ရေးမှတ်ထားသင့်ပါတယ်။ ဒီလ ဝင်ငွေဘယ်လောက်၊ သုံးငွေဘယ်လောက် ဆိုတာကို မှတ်ထားမယ်ဆိုရင် နောက်ပိုင်းမှာ မကုန်သင့်တာ မကုန်အောင် ချွေတာနိုင်လာပါလိမ့်မယ်။

၃။ ငွေသားကိုသုံး

ကတ်ကိုကိုင်ထားရင် ပိုသုံးမိပါတယ်။ ငွေသားဆိုတော့ အိတ်ထဲမှာ အများကြီးလည်းမဆံ့တော့ သိပ်အများကြီးမသုံးဖြစ်တော့ဘူးပေါ့။ ငွေချေလို့ရတဲ့ကတ်တွေနဲ့ဆို ဘယ်လောက်သုံးလို့သုံးမိမှန်း သတိမထားမိဘဲ လက်လွှတ်စပယ်သုံးဖြစ်နေရောလေ။

၄။ အပြောင်းအလဲလေးတွေ

ဖြစ်နိုင်ရင် နေ့လယ်စာကို အိမ်စီစဉ်ပေးလိုက်တာကို စားပါ။ နေ့လယ်စာက များများစားတဲ့အချိန်ဆိုတော့ အပြင်မှာစားမယ်ဆို ပိုကုန်ပါတယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေကိုလည်း လျှော့ချပါ။ Gym သွားဖို့ အစီအစဉ်မရှိတော့ဘူးဆိုရင် မန်ဘာကြေးကိုလည်း ဆက်သွင်းမနေပါနဲ့တော့။ အသေးသုံးတွေကိုလည်း ဂရုစိုက်ပါ။ ၅၀၀ ၊ ၁၀၀၀ ဆိုပြီး လွယ်လွယ်လေးသုံးမိတာတွေက ပိုများနေမိတာမို့ ငွေဝင်၊ငွေထွက်ကို စာရင်းလုပ်ဖို့ အကြံပေးတာပါ။

၅။ ပိုကြီးတဲ့ပန်းတိုင်

လစာထုတ်ရင် လက်ကိုင်အိတ်အသစ်ဝယ်မယ်၊ ခရီးတိုသွားမယ်လို့ ရည်မှန်းထားတယ်မဟုတ်လား။ အဲ့ဒီအစား အဝတ်လျှော်စက်ဝယ်ဖို့၊ ပြည်ပခရီးသွားဖို့၊ စိန်လက်စွပ်လေးဝယ်ဖို့ စတဲ့ ပိုကြီးတဲ့ပန်းတိုင်ကို ချမှတ်လိုက်ပါ။ ဒီပန်းတိုင်ကို ခေါင်းထဲထည့်ထားပြီး အထက်မှာဖော်ပြထားတဲ့အချက်တွေအတိုင်း အသုံးအစွဲကို ဆင်ခြင်ရပါမယ်။ လွယ်လွယ်နဲ့လည်း မသုံးချင်တော့ဘူးပေါ့။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:duwun

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top