iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္တဲ့သူကို မုန္းတဲ့သူအေနနဲ႕ နာနာက်ည္းက်ည္းေျပာင္းလဲရခဲ့တဲ့အေၾကာင္းအရင္း မိန္း က ေလးတိုင္းမွာ ရွိေနတတ္ပါတယ္။
၁။ နာက်ည္းဖြယ္ရာ အေၾကာင္းမ်ားက အဓိကပါ

ခ်စ္သူကေန မုန္းသူအျဖစ္ ေျပာင္းလဲသြားတဲ့ အဓိက အေၾကာင္းအရာကေတာ့ ကိုယ့္ခ်စ္သူအေပၚ နာက်ဥ္းမႈ အေၾကာင္းအရာေတြက အေျခခံပါတယ္။ အခ်စ္ဆိုတာကလည္း စိတ္ခံစားမႈကလာတာဆိုေတာ့ ကိုယ့္အခ်စ္ကို စိတ္ပ်က္သြားတဲ့ အခါေတြမွာ၊ ခ်စ္ရတာ ပ်င္းလာတဲ့အခါေတြမွာ အခ်စ္ေျပာင္းလဲမႈေတြ၊ မူလ ခ်စ္သူအေပၚ သစၥာေဖာက္မႈေတြ ျဖစ္ေပၚလာတတ္တာလည္း အေသအခ်ာႀကီးပါ။ မိန္းကေလးဆိုတာကလည္း မုန႔္သာေဝစားမယ္ အခ်စ္ကိုဘယ္ေတာ့မွ ခြဲေဝမေပးၾကဘူးေလ။ အဲဒီေတာ့ ကိုယ့္အေပၚ ခဏတာ သစၥာေဖာက္တာပဲျဖစ္ျဖစ္၊ တသက္တာ သစၥာေဖာက္တာပဲျဖစ္ျဖစ္ သစၥာေဖာက္တစ္ေယာက္ကို တသက္တာ ထာဝရ နာက်ည္းသြားတတ္ၾကတာကေတာ့ မိန္းကေလးေတြအားလုံးရဲ႕ သဘာဝပါပဲ။

၂။ တသက္တာ လက္တြဲရန္ စိတ္ကူးထားသူျဖစ္ေနျခင္း

မိန္းကေလးေတာ္တာ္မ်ားမ်ားက တကယ္ခ်စ္တဲ့ ခ်စ္သူကို တသက္တာလက္တြဲဖို႔အတြက္ စိတ္ကူးၿပီး လက္တြဲခ်င္ၾကတဲ့သူေတြပါ။ ဒါေၾကာင့္မို႔လို႔ သင့္အေနနဲ႕ သင့္ခ်စ္သူ ေကာင္ေလးနဲ႕ တူတူလက္တြဲေတာ့မယ္ဆိုရင္ေတာ့ တစ္ဦးနဲ႕တစ္ဦး တစ္ေယာက္အေၾကာင္း တစ္ေယာက္ေျပာၿပီး နားလည္မႈယူထားလိုက္ၾကပါေတာ့။ တကယ္လို႔ တစ္ေယာက္နဲ႕တစ္ေယာက္ နားလည္မႈ မရွိဘူးဆိုရင္ကေတာ့ အခ်စ္ကေန အမုန္းျဖစ္သြားမွာလည္း အေသအခ်ာပဲျဖစ္ပါတယ္။
၃။ အမွန္တကယ္မခ်စ္ျခင္း

ဒီေနရာမွာ ေျပာခ်င္တာကေတာ့ အခ်စ္ႀကီးတဲ့ မိန္းကေလးေတြအတြက္ ကိုယ္သာ အမွန္တကယ္ခ်စ္မိၿပီဆိုရင္ေတာ့ ကိုယ့္ခ်စ္သူ ဘယ္ေလာက္ပဲ ဆိုးသြမ္းေနပါေစမူ သည္းခံၿပီးခ်စ္တတ္ၾကမွာ အေသအခ်ာပဲျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ခ်စ္သူကေန မုန္းသူျဖစ္သြားတဲ့ ကိစၥေတြမွာ ကိုယ့္ခ်စ္သူကို အမွန္တကယ္မခ်စ္ခဲ့ျခင္းက အဓိက က်ပါတယ္။

၄။ အေနေဝးၿပီး ေသြးေအးသြားျခင္း

အေနေဝးၿပီး ေသြးေအးသြားတတ္တယ္ဆိုတာ ဟန္ေဆာင္ၿပဳံပင္ေျပာေနၾကတာ မဟုတ္ပါဘူး။ ခ်စ္သူရည္းစားေတြၾကားထဲမွာလည္း အၿမဲျဖစ္ေလ့ျဖစ္ထရွိခဲ့တဲ့ ျပႆနာတစ္ခုပါ။ အေနေဝးလို႔အခ်စ္စိတ္ေလ်ာ့နည္းသြားခ်ိန္မွာ ျပႆနာတစ္ခုခုျဖစ္လိုက္ၿပီဆိုတာနဲ႕ ျပတ္ဆဲသြားနိုင္ၾကတာ အေသအခ်ာပါပဲ။ ဒါေၾကာင့္ကိုယ့္ခ်စ္သူကို တကယ္ခ်စ္တယ္ဆိုရင္ေတာ့ မၾကာမၾကာေတြ႕ေပးဖို႔အတြက္ တိုက္တြန္းအႀကံေပးလိုက္ပါတယ္။
၅။ အခ်စ္ေရးကို ကြၽမ္းက်င္မႈ နည္းပါးျခင္း

အခ်စ္ေရးျပႆနာေတြျဖစ္ၾကတယ္ဆိုတာက အခ်စ္ေရးမွာ အေတြ႕အႀကဳံနည္းပါၿပီး ငယ္႐ြယ္ေသးတဲ့ စုံတြဲေလးေတြမွာ အျဖစ္အမ်ားဆုံးပါ။ ခ်စ္သူကေန မုန္းသူျဖစ္သြားတဲ့ ကိစၥေတြမွာလည္း စဥ္းစားဉာဏ္ ႏုနယ္ေသးတဲ့ လူငယ္စုံတြဲေတြမွာ အမ်ားဆုံးပါပဲ။ အဲဒီေတာ့ ကိုယ့္အေနနဲ႕ ခ်စ္သူကေန မုန္းသူအျဖစ္ကိုမေရာက္ေစခ်င္ဘူးဆိုရင္ေတာ့ အခ်စ္ေရးကြၽမ္းက်င္သူေတြနဲ႕တိုင္ပင္ေဆြးေႏြးၿပီး ညွိႏွိုင္းေဆာင္႐ြက္ဖို႔လိုအပ္ပါတယ္။

၆။ မာနထားရွိၾကျခင္း

မာနဆိုတာ လူတိုင္းမွာ ရွိတယ္ဆိုေပမယ့္ အခ်စ္ေရးကိစၥေတြမွာေတာ့ မာနနည္းေလးေကာင္းေလပါတယ္။ ခ်စ္သူနဲ႕ေကြကြင္းရတဲ့ ကိစၥေတြ၊ ခ်စ္သူနဲ႕ ျပတ္ဆဲရတာေတြ ေတာ္ေတာ္မ်ားမ်ားက တစ္ဦးနဲ႕တစ္ဦး မာနေတြ မေလွ်ာ့ၾကလို႔ပါ။ ဒါေၾကာင့္မို႔လို႔ အခ်စ္ေရးမွာ အလုံးစုံ အဆင္ေျပေစခ်င္တယ္ဆိုရင္ေတာ့ အတတ္နိုင္ဆုံး မာနေလွ်ာ့ခ်ၿပီး ညွိႏွိုင္းေဆာင္႐ြက္ဖို႔ပဲလိုအပ္ပါတယ္။
၇။ အခ်စ္ေထာက္လွမ္းေရးလုပ္ပါ

ဒီေခတ္အခ်ိန္အခါမွာ ရည္းစားထားတယ္ဆိုရင္ အရင္တုန္းကလိုမ်ိဳး သုံးႏွစ္သုံးမိုး ေစာင့္ၾကည့္စရာမလိုေပမယ့္ ကိုယ္ထားတဲ့ရည္းစားအေၾကာင္းကိုေတာ့ အရင္ဆုံးသိရွိေအာင္ေတာ့ စုံစမ္းလိုက္ပါဦး။ ကိုယ့္ရည္းစားက ရႈပ္တတ္လား၊ ေအးေအးေဆးေဆးေနတဲ့သူလား၊ ခ်စ္တတ္သူလား၊ မုန္းတတ္တဲ့သူလား ဆိုတာ ေသခ်ာသိမွ ကိုယ္နဲ႕သူနဲ႕ တြဲေနစဥ္မွာ ေရွာင္ရန္၊ေဆာင္ရန္ေတြက သိရမွာေလ။

၈။ အေျပလည္ဆုံး နည္းလမ္းျဖင့္ေျဖရွင္းပါ

ျပႆနာေပါင္းစုံတက္ေနတဲ့ ေလာကႀကီးမွာ အခ်စ္ေရးကိစၥေတြမွာလည္း ျပႆနာ အမ်ားအျပားေတြ႕ေနရဆဲပါပဲ။ လူသားေတြဆိုတာလည္း ပုထုဇဥ္ျဖစ္တဲ့အတြက္ အေျပာင္းအလဲေတြအမ်ားအျပားျဖစ္တတ္တာကလည္း သဘာဝပါ။ ဒါေၾကာင့္မို႔လို႔အခ်စ္ေရးကိစၥေတြမွာ ေနာင္ေရး စိတ္ေအးရေစဖို႔ အထူးရည္႐ြယ္ၿပီး မခ်စ္ခင္ႀကိဳတင္စဥ္းစားပါ။ ေခါင္းေအးေအးနဲ႕အေျဖရွာပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: Myanmar Load

#Unicode Version

ချစ်တဲ့သူကို မုန်းတဲ့သူအနေနဲ့ နာနာကျည်းကျည်းပြောင်းလဲရခဲ့တဲ့အကြောင်းအရင်း မိန်း က လေးတိုင်းမှာ ရှိနေတတ်ပါတယ်။
၁။ နာကျည်းဖွယ်ရာ အကြောင်းများက အဓိကပါ

ချစ်သူကနေ မုန်းသူအဖြစ် ပြောင်းလဲသွားတဲ့ အဓိက အကြောင်းအရာကတော့ ကိုယ့်ချစ်သူအပေါ် နာကျဉ်းမှု အကြောင်းအရာတွေက အခြေခံပါတယ်။ အချစ်ဆိုတာကလည်း စိတ်ခံစားမှုကလာတာဆိုတော့ ကိုယ့်အချစ်ကို စိတ်ပျက်သွားတဲ့ အခါတွေမှာ၊ ချစ်ရတာ ပျင်းလာတဲ့အခါတွေမှာ အချစ်ပြောင်းလဲမှုတွေ၊ မူလ ချစ်သူအပေါ် သစ္စာဖောက်မှုတွေ ဖြစ်ပေါ်လာတတ်တာလည်း အသေအချာကြီးပါ။ မိန်းကလေးဆိုတာကလည်း မုန့်သာဝေစားမယ် အချစ်ကိုဘယ်တော့မှ ခွဲဝေမပေးကြဘူးလေ။ အဲဒီတော့ ကိုယ့်အပေါ် ခဏတာ သစ္စာဖောက်တာပဲဖြစ်ဖြစ်၊ တသက်တာ သစ္စာဖောက်တာပဲဖြစ်ဖြစ် သစ္စာဖောက်တစ်ယောက်ကို တသက်တာ ထာဝရ နာကျည်းသွားတတ်ကြတာကတော့ မိန်းကလေးတွေအားလုံးရဲ့ သဘာဝပါပဲ။

၂။ တသက်တာ လက်တွဲရန် စိတ်ကူးထားသူဖြစ်နေခြင်း

မိန်းကလေးတော်တာ်များများက တကယ်ချစ်တဲ့ ချစ်သူကို တသက်တာလက်တွဲဖို့အတွက် စိတ်ကူးပြီး လက်တွဲချင်ကြတဲ့သူတွေပါ။ ဒါကြောင့်မို့လို့ သင့်အနေနဲ့ သင့်ချစ်သူ ကောင်လေးနဲ့ တူတူလက်တွဲတော့မယ်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး တစ်ယောက်အကြောင်း တစ်ယောက်ပြောပြီး နားလည်မှုယူထားလိုက်ကြပါတော့။ တကယ်လို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု မရှိဘူးဆိုရင်ကတော့ အချစ်ကနေ အမုန်းဖြစ်သွားမှာလည်း အသေအချာပဲဖြစ်ပါတယ်။
၃။ အမှန်တကယ်မချစ်ခြင်း

ဒီနေရာမှာ ပြောချင်တာကတော့ အချစ်ကြီးတဲ့ မိန်းကလေးတွေအတွက် ကိုယ်သာ အမှန်တကယ်ချစ်မိပြီဆိုရင်တော့ ကိုယ့်ချစ်သူ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေမူ သည်းခံပြီးချစ်တတ်ကြမှာ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ချစ်သူကနေ မုန်းသူဖြစ်သွားတဲ့ ကိစ္စတွေမှာ ကိုယ့်ချစ်သူကို အမှန်တကယ်မချစ်ခဲ့ခြင်းက အဓိက ကျပါတယ်။

၄။ အနေဝေးပြီး သွေးအေးသွားခြင်း

အနေဝေးပြီး သွေးအေးသွားတတ်တယ်ဆိုတာ ဟန်ဆောင်ပြုံပင်ပြောနေကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာလည်း အမြဲဖြစ်လေ့ဖြစ်ထရှိခဲ့တဲ့ ပြဿနာတစ်ခုပါ။ အနေဝေးလို့အချစ်စိတ်လျော့နည်းသွားချိန်မှာ ပြဿနာတစ်ခုခုဖြစ်လိုက်ပြီဆိုတာနဲ့ ပြတ်ဆဲသွားနိုင်ကြတာ အသေအချာပါပဲ။ ဒါကြောင့်ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင်တော့ မကြာမကြာတွေ့ပေးဖို့အတွက် တိုက်တွန်းအကြံပေးလိုက်ပါတယ်။
၅။ အချစ်ရေးကို ကျွမ်းကျင်မှု နည်းပါးခြင်း

အချစ်ရေးပြဿနာတွေဖြစ်ကြတယ်ဆိုတာက အချစ်ရေးမှာ အတွေ့အကြုံနည်းပါပြီး ငယ်ရွယ်သေးတဲ့ စုံတွဲလေးတွေမှာ အဖြစ်အများဆုံးပါ။ ချစ်သူကနေ မုန်းသူဖြစ်သွားတဲ့ ကိစ္စတွေမှာလည်း စဉ်းစားဉာဏ် နုနယ်သေးတဲ့ လူငယ်စုံတွဲတွေမှာ အများဆုံးပါပဲ။ အဲဒီတော့ ကိုယ့်အနေနဲ့ ချစ်သူကနေ မုန်းသူအဖြစ်ကိုမရောက်စေချင်ဘူးဆိုရင်တော့ အချစ်ရေးကျွမ်းကျင်သူတွေနဲ့တိုင်ပင်ဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။

၆။ မာနထားရှိကြခြင်း

မာနဆိုတာ လူတိုင်းမှာ ရှိတယ်ဆိုပေမယ့် အချစ်ရေးကိစ္စတွေမှာတော့ မာနနည်းလေးကောင်းလေပါတယ်။ ချစ်သူနဲ့ကွေကွင်းရတဲ့ ကိစ္စတွေ၊ ချစ်သူနဲ့ ပြတ်ဆဲရတာတွေ တော်တော်များများက တစ်ဦးနဲ့တစ်ဦး မာနတွေ မလျှော့ကြလို့ပါ။ ဒါကြောင့်မို့လို့ အချစ်ရေးမှာ အလုံးစုံ အဆင်ပြေစေချင်တယ်ဆိုရင်တော့ အတတ်နိုင်ဆုံး မာနလျှော့ချပြီး ညှိနှိုင်းဆောင်ရွက်ဖို့ပဲလိုအပ်ပါတယ်။
၇။ အချစ်ထောက်လှမ်းရေးလုပ်ပါ

ဒီခေတ်အချိန်အခါမှာ ရည်းစားထားတယ်ဆိုရင် အရင်တုန်းကလိုမျိုး သုံးနှစ်သုံးမိုး စောင့်ကြည့်စရာမလိုပေမယ့် ကိုယ်ထားတဲ့ရည်းစားအကြောင်းကိုတော့ အရင်ဆုံးသိရှိအောင်တော့ စုံစမ်းလိုက်ပါဦး။ ကိုယ့်ရည်းစားက ရှုပ်တတ်လား၊ အေးအေးဆေးဆေးနေတဲ့သူလား၊ ချစ်တတ်သူလား၊ မုန်းတတ်တဲ့သူလား ဆိုတာ သေချာသိမှ ကိုယ်နဲ့သူနဲ့ တွဲနေစဉ်မှာ ရှောင်ရန်၊ဆောင်ရန်တွေက သိရမှာလေ။

၈။ အပြေလည်ဆုံး နည်းလမ်းဖြင့်ဖြေရှင်းပါ

ပြဿနာပေါင်းစုံတက်နေတဲ့ လောကကြီးမှာ အချစ်ရေးကိစ္စတွေမှာလည်း ပြဿနာ အများအပြားတွေ့နေရဆဲပါပဲ။ လူသားတွေဆိုတာလည်း ပုထုဇဉ်ဖြစ်တဲ့အတွက် အပြောင်းအလဲတွေအများအပြားဖြစ်တတ်တာကလည်း သဘာဝပါ။ ဒါကြောင့်မို့လို့အချစ်ရေးကိစ္စတွေမှာ နောင်ရေး စိတ်အေးရစေဖို့ အထူးရည်ရွယ်ပြီး မချစ်ခင်ကြိုတင်စဉ်းစားပါ။ ခေါင်းအေးအေးနဲ့အဖြေရှာပါ။



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: Myanmar Load


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top