iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြမွာ အျဖဴဆင္းျခင္းဟာ အမ်ားအားျဖင့္ သာမန္ပါပဲ။ ဒါေပမယ့္ အျဖဴဆင္းတဲ့ ပမာဏက ေရာဂါပိုး ကူးစက္မႈ၊ ေဟာ္မုန္း ေျပာင္းလဲမႈ၊ နာမက်န္းမႈနဲ႔ စိတ္ဖိစီးမႈေတြေၾကာင့္ ေျပာင္းလဲႏိုင္ပါတယ္။ တခ်ိဳ႕ အမ်ိဳးသမီး ေတြဟာ သဘာဝအရကို အျဖဴမ်ားမ်ား ဆင္းတတ္ၿပီး ဓမၼတာ ရာသီစက္ဝန္းအတြင္း အေျပာင္းအလဲ ရွိတတ္ပါတယ္။

အဆင့္ (၁)
ေန႔စဥ္သံုး အပါး (Pantyliner) သံုးပါ။ အျဖဴဆင္းတာကို မရပ္ေစႏိုင္ေပမယ့္ သင့္ကို သန္႔ရွင္းလန္းဆန္းတဲ့ စိတ္ခံစားမႈ ျဖစ္ေစႏိုင္ပါတယ္။

အဆင့္ (၂)
ခ်ည္သားေအာက္ခံ ေဘာင္းဘီကိုသာ ဝတ္ပါ။ ေလဝင္ေလထြက္ ေကာင္းေစၿပီး ေျခာက္ေသြ႕ေအာင္ ကူညီႏိုင္ပါတယ္။

အဆင့္ (၃)
အိမ္သာသံုး တစ္သွ်ဳးစကၠဴကို အျဖဴေရာင္၊ အနံ႔မပါတာကိုသာ သံုးပါ။ ေမႊးရနံ႔ေတြနဲ႔ အေရာင္ဆိုးေဆးေတြဟာ ယားယံေစၿပီး အျဖဴ ပိုဆင္းေစႏိုင္ပါတယ္။

အဆင့္ (၄)
မိန္းမကိုယ္ အနံ႔ေပ်ာက္ စပေရး (Vaginal Deodorant Spary) ေတြကို မသံုးပါနဲ႔။ ယားယံေစႏိုင္ပါတယ္။

အဆင့္ (၅)
သင္ဟာ သေႏၶတားေသာက္ေဆးေတြ ေသာက္ေနရသူ ျဖစ္ရင္၊ ေဆးစေသာက္ၿပီးမွ အျဖဴဆင္းတဲ့ ျပႆနာ ျဖစ္လာရင္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး တျခားေဆး ဒါမွမဟုတ္ နည္းလမ္းေျပာင္းဖို႔ စဥ္းစားပါ။

အဆင့္ (၆)
အျဖဴဆင္းတာဟာ ဘယ္အခ်ိန္မွာ အမ်ားဆံုးဆင္းလဲနဲ႔ ဘယ္အခ်ိန္မွာ အနည္းဆံုး ဆင္းလဲဆိုတာ မွတ္ထားပါ။ ဒါမွသာ ဘယ္အခ်က္ေတြက အျဖဴဆင္းတဲ့ ျပႆနာကို ျဖစ္ေစတာလဲဆိုတာ ရွာႏိုင္မွာပါ။

အဆင့္ (၇)
အျဖဴဆင္းတဲ့ ပံုစံက ေျပာင္းလဲသြားရင္ ဆရာဝန္နဲ႔ ေတြ႕ဆံုစစ္ေဆးပါ။ အျဖဴဆင္းတာဟာ ေရာဂါ ပိုးကူးစက္မႈ၊ ေဟာ္မုန္းမညီမွ်မႈနဲ႔ တျခားေရာဂါေတြရဲ႕ လကၡဏာလည္း ျဖစ္ႏိုင္ပါတယ္။

သတိျပဳရန္
သင္ဟာ လိင္ဆက္ဆံမႈ ရွိရင္ အျဖဴဆင္းတဲ့ ပံုစံေျပာင္းလဲမႈဟာ လိင္ဆက္ဆံမႈမွ တစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါမွ မဟုတ္ ကိုယ္ဝန္ရွိတာလည္း ျဖစ္ႏိုင္ပါတယ္။ ဆရာဝန္နဲ႔ စစ္ေဆးပါ။ အျဖဴဆင္းတာက အလြန္မ်ားၿပီး အနံ႔နံမယ္၊ အေရာင္ရွိမယ္ ဆိုရင္လည္း ေရာဂါ တစ္ခုခုေၾကာင့္ ျဖစ္ႏိုင္တဲ့အတြက္ ဆရာဝန္ျပပါ

Credit:Mg Mandalay


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးတွေမှာ အဖြူဆင်းခြင်းဟာ အများအားဖြင့် သာမန်ပါပဲ။ ဒါပေမယ့် အဖြူဆင်းတဲ့ ပမာဏက ရောဂါပိုး ကူးစက်မှု၊ ဟော်မုန်း ပြောင်းလဲမှု၊ နာမကျန်းမှုနဲ့ စိတ်ဖိစီးမှုတွေကြောင့် ပြောင်းလဲနိုင်ပါတယ်။ တချို့ အမျိုးသမီး တွေဟာ သဘာဝအရကို အဖြူများများ ဆင်းတတ်ပြီး ဓမ္မတာ ရာသီစက်ဝန်းအတွင်း အပြောင်းအလဲ ရှိတတ်ပါတယ်။

အဆင့် (၁)
နေ့စဉ်သုံး အပါး (Pantyliner) သုံးပါ။ အဖြူဆင်းတာကို မရပ်စေနိုင်ပေမယ့် သင့်ကို သန့်ရှင်းလန်းဆန်းတဲ့ စိတ်ခံစားမှု ဖြစ်စေနိုင်ပါတယ်။

အဆင့် (၂)
ချည်သားအောက်ခံ ဘောင်းဘီကိုသာ ဝတ်ပါ။ လေဝင်လေထွက် ကောင်းစေပြီး ခြောက်သွေ့အောင် ကူညီနိုင်ပါတယ်။

အဆင့် (၃)
အိမ်သာသုံး တစ်သျှုးစက္ကူကို အဖြူရောင်၊ အနံ့မပါတာကိုသာ သုံးပါ။ မွှေးရနံ့တွေနဲ့ အရောင်ဆိုးဆေးတွေဟာ ယားယံစေပြီး အဖြူ ပိုဆင်းစေနိုင်ပါတယ်။

အဆင့် (၄)
မိန်းမကိုယ် အနံ့ပျောက် စပရေး (Vaginal Deodorant Spary) တွေကို မသုံးပါနဲ့။ ယားယံစေနိုင်ပါတယ်။

အဆင့် (၅)
သင်ဟာ သန္ဓေတားသောက်ဆေးတွေ သောက်နေရသူ ဖြစ်ရင်၊ ဆေးစသောက်ပြီးမှ အဖြူဆင်းတဲ့ ပြဿနာ ဖြစ်လာရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး တခြားဆေး ဒါမှမဟုတ် နည်းလမ်းပြောင်းဖို့ စဉ်းစားပါ။

အဆင့် (၆)
အဖြူဆင်းတာဟာ ဘယ်အချိန်မှာ အများဆုံးဆင်းလဲနဲ့ ဘယ်အချိန်မှာ အနည်းဆုံး ဆင်းလဲဆိုတာ မှတ်ထားပါ။ ဒါမှသာ ဘယ်အချက်တွေက အဖြူဆင်းတဲ့ ပြဿနာကို ဖြစ်စေတာလဲဆိုတာ ရှာနိုင်မှာပါ။

အဆင့် (၇)
အဖြူဆင်းတဲ့ ပုံစံက ပြောင်းလဲသွားရင် ဆရာဝန်နဲ့ တွေ့ဆုံစစ်ဆေးပါ။ အဖြူဆင်းတာဟာ ရောဂါ ပိုးကူးစက်မှု၊ ဟော်မုန်းမညီမျှမှုနဲ့ တခြားရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

သတိပြုရန်
သင်ဟာ လိင်ဆက်ဆံမှု ရှိရင် အဖြူဆင်းတဲ့ ပုံစံပြောင်းလဲမှုဟာ လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှ မဟုတ် ကိုယ်ဝန်ရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ စစ်ဆေးပါ။ အဖြူဆင်းတာက အလွန်များပြီး အနံ့နံမယ်၊ အရောင်ရှိမယ် ဆိုရင်လည်း ရောဂါ တစ်ခုခုကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ပြပါ

Credit:Mg Mandalay


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top