iMyanmarHouse.com - Best Property Website for Myanmar
×




Health Guide



Unicode Version

ဒါကို ဖြေရမယ်ဆိုရင်တော့ ရနိုင်ပါတယ် ။ တစ်ခါတစ်ရံမှာ ရှေးဦးထွက်တဲ့ အရည်ကြည်တွေမှာ အဖိုသုတ်ကောင်လေးတွေ ပါနေနိုင်ပါတယ် ။ ဒါကြောင့် မိမိလက်တွဲဖော်နဲ့ ထိုးသွင်း ဆက်ဆံမှုမျိုး မဟုတ်ဘဲ ဆက်ဆံခဲ့ဖူးမယ် ၊ လက်တွဲဖော်ကလည်း အပြင်မှာဘဲ ဆက်ဆံတာကို ပြီးလိုက် တာမျိုးလုပ်ရင်လည်း ဂရုစိုက်သင့်ပါတယ် ။

အထူးသဖြင့် ရာသီမလာတဲ့ အခြေအနေမျိုး ရှိတယ် ၊ ရာသီပုံမှန်လာရမှာထက် ကျော်နေရင်တော့ ကိုယ်ဝန်ရှိနေနိုင်တဲ့အတွက် တတ်ကျွမ်းသူနဲ့ အမြန်ဆုံး ပြသင့်တယ်လို့ အကြံပြုချင်ပါတယ် ။
ဒီလို အပြုအမှုတွေ ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေဟာ ကိုယ်ဝန်သာမက လိင်မှ တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ရရှိနိုင်တဲ့အတွက် အကာအကွယ်မဲ့ လိင်ဆက်ဆံတာမျိုး မလုပ်စေချင်ပါဘူး ။ ဒါမှ မဟုတ်လဲ Condom ကို အသုံးပြုပါလို့ အကြံပြုချင်ပါတယ် ။ Condom အသုံးပြုခြင်းဟာ ကိုယ်ဝန်ကိုသာမက လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း အကာအကွယ်နိုင်တဲ့အတွက် မိမိကျန်းမာရေးအတွက် အသုံးပြုဖို့ တိုက်တွန်းပါရစေ ။


Credit:ဒေါက်တာထက်အောင်
အထွေထွေရောဂါကု ဆရာဝန်
Health Guide



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top