iMyanmarHouse.com - Best Property Website for Myanmar
×

သကြားဟာ လူ့ခန္ဓာကိုယ်အတွက် မကောင်းတဲ့အရာဆိုပေမယ့် ဆံပင်အ တွက်တော့ တကယ်ကောင်းတဲ့ ပစ္စည်းတစ်မျိုးပါ။သကြားကိုခေါင်းလျှော်ရာမှာ ထည့်သွင်းအသုံးပြုပေးခြင်းအားဖြင့် သန့်ရှင်း ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကိုပိုင် ဆိုင်နိုင်မယ်လို့ ယုံကြည်ကြောင်း Wexler အရေပြားရောဂါဗေဒဆိုင်ရာဒေါက်  တာ Francesca Fusco ကပြောပါတယ်။သကြားလက်ဖက်ရည် ဇွန်းတစ်ဇွန်း ကို ပုံမှန်အသုံးပြုနေကျရှန်ပူမှာထည့် ပြီးခေါင်းလျှော်ကာဦးရေပြားကို ညင်သာ စွာ နှိပ်နယ်ပေးခြင်းအားဖြင့် ဦးရေပြားကဆဲလ်သေတွေကို ဖယ်ရှားပေးနိုင် မှာဖြစ်ပါတယ်။

အရေပြားဆဲလ်သေတွေကို မရှိ ပါက ဆံပင်ပျော့ဆေး(Contidioners )ကို အ သုံးပြုမယ်ဆိုရင် ဆံပင်အထဲကို ပိုမိုစိမ့်ဝင်ရောက်နိုင်တာကြောင့် အကျိုးကျေးဇူး ကို ပိုမိုထိရောက်စွာ ခံစားရမှာပါ။ ဒါ့အပြင် တစ်ချိန်တည်းမှာပဲ ဆံပင်ကို အရင်း အထိ သန့်ရှင်းစေကာ ပိုကောင်းတဲ့ အစိုဓါတ်(Moisture)ကို ရရှိခံစားစေမှာဖြ စ်ပါတယ်။ကျွမ်းကျင်သူတွေကတော့ သကြားနဲ့(moisturising shampoo) တို့ကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် ဦးရေပြားက ဆဲလ်သေတွေကိုဖယ်ရှားေ ပးနိုင်တာကြောင့် ဆံပင်အတွက်ကောင်းတယ်လို့ ကျွမ်းကျင်သူတွေက ပြော ပါတယ်။

ဦးရေပြားမကျန်းမာရင် (ဦးရေပြားမှာ ပြသာနာရှိနေရင်) ဆံပင်ရဲ့ကြီး ထွားဖွံ့ဖြိုး မှုကိုပါ နှောင့်နှေးစေနိုင်တဲ့အတွက် ဦးရေပြားကိုလည်း ဆံပင်ကို ဂရုစိုက်ပေးသ လိုပဲ ဂရုစိုက်ပေးသင့်ကြောင်း Hiro Miyoshi Hair & Beauty salon ရဲ့ ဆံကေသာပညာရှင် Hiro Miyoshi ကပြောပါတယ်။ သကြားကို ခေါင်းလျှော် ရာတွင် ထည့်သွင်းအသုံးပြုခြင်းအားဖြင့် ဦးရေပြားကို ချေးချွတ်သလို ဖြစ်စေပြီး ဆဲလ်သေတွေကို ကွာကျ ဖယ်ရှားစေနိုင်ပါတယ်။ အဲ့ဒီလိုဆဲလ်သေတွေ ကွာ ကျသွားခြင်းအားဖြင့် ဦးရေပြားသန့်ရှင်း သွားခြင်းကြောင့် ဆံပင်အမြစ်တွေမှာ အဆီပိတ်နေတာတွေကို ကာကွယ်ပေးပြီးသားဖြစ် ကာ ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကို ပိုင်ဆိုင်ရစေနိုင်ပါတယ်။သကြားဟာ သကြား ပွင့်ပါမကျန်အောင်ေ ပျာ်ဝင်သွားဖို့တော့လိုပါတယ်။ဦးရေပြားဆိုတာလည်း မျက်နှာလိုအရေပြာြး ဖစ်တာကြောင့် မကြာခဏချေးချွတ်ပေးဖို့ မလိုဘူးလို့ သိရပါတယ်။

Credit : shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top