iMyanmarHouse.com - Best Property Website for Myanmar
×

Sexy ကျတဲ့မိတ်ကပ်ပြင်ဆင်တဲ့ပုံမျိုးကို နှစ်သက်သဘောကျတဲ့သူရှိသလို ကိုရီး ယားမင်းသမီးတွေကို လိမ်းထားလို့ ထားမှန်းသိပ်မသိသာတဲ့ ချစ်စရာကောင်း အပြစ်ကင်းစင်တဲ့ မိတ်ကပ်ပြင်ဆင်မှုကိုလည်း နှစ်သက်သဘောကျ တဲ့သူတွေ ရှိပါ တယ်။ယခုပြောပြပေးချင်တာကတော့ သဘာဝကျကျနဲ့လှနေမယ့် ချစ်စရာေ ကာင်းနေမယ့် မိတ်ကပ်ပြင်ဆင်မှုအကြောင်းဖြစ်ပါတယ်။

(၁)မိတ်ကပ်အောက်ခံ

လုံးဝပြီးပြည့်စုံတဲ့ မိတ်ကပ်အလှကို ပိုင်ဆိုင်ဖို့အတွက် အောက်ခံမိတ် ကပ်ကော င်းကောင်းလိုပါတယ်။လန်းဆန်းနေတဲ့ မျက်နှာအသွင်အပြင်မျိုးဖြစ်နေဖို့ လိုပါ တယ်။ဂျဲလ်လိုဆိုတာမျိုးထက် အရည်လိုမိတ်ကပ်ပုံစံမျိုးက ပိုသင့်တော်ပါတယ်။ ဥပမာ-Bourjois  တံဆိပ် Healthy Mix Serum Foundation လိုအ ရာမျိုးကို သုံးပေးသင့်ပါတယ်။

(၂)မျက်လုံးအောက်နား

မျက်လုံးအောက်နားကို ချယ်သရာမှာတော့ အရောင်အဖျော့ concealer ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။မျက်လုံးအောက်ကနေ နှာခေါင်းဘက်အောက်ခြမ်း မျက်လုံးအစွန်းပိုင်းအထိ ချယ်ပေးရမှာဖြစ်ပါတယ်။

(၃)နဖူး
နဖူးမှာ မိတ်ကပ်တွေအရမ်းစုပုံနေတာမျိုး မဖြစ်ပါစေနဲ့။night out ထွက်တဲ့ပုံမျိုး မပေါက်စေအောင် (Brow powder) ကိုအသုံးပြုပေးပါ။နဖူးကိုနဲနဲ အရောင် အမှိုင်းဖြစ်အောင် ချယ်ပေးပါ။

(၄)ပန်းရောင်၊ကြေးညိုရောင်ဖြစ်အောင်ချယ်

ပန်းရောင်သန်းနေတဲ့ပါးလေးဖြစ်ဖို့ မျက်နှာကို ပါးနီချယ်သပေးပါ။ပန်းရောင်ကို အရမ်းများမသွားအောင်တော့ ဂရုစိုက်ပါ။Pink Rose ၊ကြေးညိုရောင်မျိုးကို လည်း ချယ်သပေးလို့ရပါတယ်။ပန်းနုရောင်လေးက ရှက်နေတဲ့မျက်နှာလေးလို အသွင်အပြင်မျိုးဖြစ်အောင် ကူညီပေးမှာဖြစ်ပါတယ်။အပြစ်ကင်းစင်တဲ့ မျက်နှာ မျိုးလေးဖြစ်ဖို့ ဒီအဆင့်ဟာ အဓိကကျတဲ့အချက်ဖြစ်ပါတယ်။

(၅)နှုတ်ခမ်းစူစူလေးဖြစ်အောင်ပြင်ပါ

နှုတ်ခမ်းသားကို စူစူလေးဖြစ်အောင် ပြင်ပါ။ကိုယ်က နှုတ်ခမ်းပါး တယ်ဆို ရင်ေ တာ့ မျက်နှာ အသား အရေနဲ့ဆင်တူတဲ့ ခပ်မှိုင်းမှိုင်း အသားအရောင်လို lip liner မျိုးကို အသုံးပြုပေးပါက နှုတ်ခမ်းကို ရှိရင်းဆွဲထက် ပိုထူတယ်လို့ ထင် ရစေနိုင်မှာဖြစ်ပါတယ်။အောက်နှုတ်ခမ်းရဲ့အောက်ခြေမှာ bronzer  လေး နည်းနည်း ပါထည့်လိုက်မယ်ဆိုရင်တော့ လုံးဝပြီးပြည့်စုံတဲ့ နှုတ်ခမ်းဖူးဖူးလေးကို ပိုင်ဆိုင်မှာအသေအချာပါ။

(၆)မျက်လုံးနဲ့ပြုံးပါ

အပြစ် ကင်းစင်တဲ့ မျက်နှာလေးဖြစ်နေဖို့ဆိုတာဟာ မိတ်ကပ်တစ်ခုတည်းကို ချည်း အားကိုးလို့တော့မရပါဘူး။ ပြုံးတဲ့ ရယ်တဲ့အခါမျိုးမှာ နှုတ်ခမ်းလှုပ်ရုံ တွန့် ရုံလောက်သာ မပြုံးမရယ်ပဲ မျက်လုံးနဲ့ပါ ပြုံးတတ် ရယ်တတ်အောင် ကြိုးစားပါ။ အမျိုးသားတွေအပေါ်၊မိဘနဲ့ မိသားစု အပေါ်မှာ ကိုယ်ကတစ်ခုခုအပြစ်ကျူး လွန် မိခဲ့တယ်ဆိုရင်တောင်မှ အပြစ် ကင်း စင်တဲ့ မျက်လုံးအကြည့်လေးတွေနဲ့ကြည့် မယ်၊ပြုံးပြမယ်ဆိုရင်တော့ အပြစ်တင် မယ်၊ဆူပူမယ့်ရန်ကနေ ကာကွယ်ပြီး သားဖြစ်သွားမှာပါ။

Credit : Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top