iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ႏိုးလာေတာ့ ေခါင္းက အရမ္းကိုက္ေနသည္။ ညက သူငယ္ခ်င္းေတြႏွင့္ အလြန္အကြ်ံ
 ေသာက္ထားသည္ကိုသာ သူမွတ္မိျပီး အိမ္ကိုမည္သို႔ မည္ပံု ျပန္ေရာက္လာခဲ့သည္ကို သူ မမွတ္မိေတာ့။ အိပ္ရာေပၚက အားယူျပီး သူထလိုက္သည္။ ကုတင္ေပၚမွ ဆင္းမည္အလုပ္ ေခါင္းရင္း ခုံေပၚတြင္ စာရြက္ တရြက္ကို ဖိထားေသာ ေရတခြက္ႏွင့္ အကိုက္အခဲ ေပ်ာက္ေဆး တခ်ဳိ႔ကို
 ေတြ႔လိုက္သည္။ ေဘးဘီကို သူ ၾကည့္လိုက္မိေတာ့ ကုတင္ေဘးတြင္ မီးပူတိုက္ျပီးသား အသင့္၀တ္ရန္ အ၀တ္အစားမ်ားကို ေတြ႔လိုက္ျပန္သည္။ ဒီေန႔ က ခါတိုင္းေန႔ေတြႏွင့္ မတူ.... သူ႔အတြက္ နည္းနည္းေတာ့ ထူးဆန္းေနမိသည္။ ေဆးကို ေသာက္လိုက္ျပီး ေရခြက္ေအာက္က စာရြက္ကို သူယူၾကည့္လိုက္သည္။ စာရြက္ေပၚတြင္. . .

ေမာင္...
ခင္ ေစ်းသြားလိုက္ျပီ
ေမာင့္ အတြက္ မနက္စာကို စားပဲြေပၚမွာ အဆင္သင့္ ျပင္ထားေပးခဲ့တယ္။
ေႏြးေနတုန္း စားလိုက္ပါေနာ္...
ေမာင့္ရဲ႔
ခင္

တခုခုေတာ့ တခုခုပဲ.. ညက မွုးမွုးႏွင့္ သူဘာေတြေျပာမိ လုပ္မိလိုက္ပါလိမ့္.. လူမွန္းမသိ မူးေနေတာ့ သူ ဘာကိုမွ စဥ္းစားလို႔ မရခဲ့။ ေမးခြန္းေပါင္းမ်ားစြာႏွင့္ စားပဲြေပၚက အုပ္ေဆာင္းကို မ ၾကည့္လိုက္သည္။ မနက္စာက အေငြ႔ တေထာင္းေထာင္းႏွင့္ တကယ့္ စားခ်င္စဖြယ္... ေဘးတြင္ မနက္ပိုင္း သတင္းစာကို တင္ထားေသးသည္။ မနက္စာကို စားရန္ သူထိုင္လိုက္စဥ္ အခန္းထဲမွ သား ထြက္လာသည္ကို သူျမင္လိုက္ေတာ့...

"သား...မေန႔ညက ဘာေတြ ျဖစ္ေသးလဲ"
"အင္း.....မေန႔ညက ညဥ့္နက္မွ ေဖေဖမွုးျပီး ျပန္လာတယ္ေလ.. အိမ္ေရာက္ ေတာ့ ေမေမကို ေအာ္ေငါက္တယ္... ေနာက္ျပီး ေတြ႔ရာပစၥည္းေတြကို ရိုက္ခဲြတယ္..."

သား၏ စကားကို သူေကာင္းေကာင္း သေဘာ မေပါက္ႏိုင္ေသးဘဲ ထပ္ေမးလိုက္မိသည္။

"ဒါဆို ေဖေဖထလာေတာ့ တအိမ္လံုး သန္႔ရွင္းေနတာပဲ။ ရိုက္ခဲြထားတဲ့ အရာ ေတြလဲ မေတြ႔ပါလား.. ဒါကို သား ေမေမက စိတ္မဆိုးတဲ့ အျပင္ ေဖေဖအတြက္ အကၤ်ီေတြ မနက္စာေတြ အဆင္သင့္ ျပင္ထားေသးတယ္"

"ေအာ္ အဲဒါလား...မေန႔ညက ေဖေဖမွုးျပီး ျပန္လာေတာ့.. ေမေမက စိတ္ဆိုး တာေပါ့။ ေဖေဖ ေအာ္ေငါက္ေနတဲ့ ၾကားထဲ ေမေမက ေဖေဖ့ကို အခန္းထဲ ဆဲြေခၚျပီး အ၀တ္လဲမလို႔ ေဖေဖ့ အကၤ်ီကို ခြ်တ္ေတာ့ ေဖေဖက ေမေမ့ကို
တြန္းထုတ္ျပီး ေအာ္လိုက္ေသးတယ္"

"ေဖေဖ ဘယ္လို ေအာ္လိုက္ေသးတာလဲ...သား"

"ကေလးမ...သြား..ငါ့အနားမလာနဲ႔ .. ေ၀းေ၀းသြား.. ငါ့မွာ အိမ္ ေထာင္ရွိတယ္ တဲ့"

သူ ေက်ေက်နပ္နပ္ၾကီး ျပံဳးလိုက္မိသည္။ ေနာက္ အေငြ႔ တေထာင္းေထာင္း ထေနေသာ မနက္စာကို ျမိဳန္ရည္ယွက္ရည္ သူစားလိုက္သည္။


Credit:မနိုင္းနုိင္းရဲ့အိမ္ေထာင္ေရး ဗဟုသုတ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Verison

မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေနှင့် အလွန်အကျွံ
 သောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့ မည်ပုံ ပြန်ရောက်လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူထလိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက် တရွက်ကို ဖိထားသော ရေတခွက်နှင့် အကိုက်အခဲ ပျောက်ဆေး တချို့ကို
 တွေ့လိုက်သည်။ ဘေးဘီကို သူ ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူတိုက်ပြီးသား အသင့်ဝတ်ရန် အဝတ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့ က ခါတိုင်းနေ့တွေနှင့် မတူ.... သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေမိသည်။ ဆေးကို သောက်လိုက်ပြီး ရေခွက်အောက်က စာရွက်ကို သူယူကြည့်လိုက်သည်။ စာရွက်ပေါ်တွင်. . .

မောင်...
ခင် ဈေးသွားလိုက်ပြီ
မောင့် အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်...
မောင့်ရဲ့
ခင်

တခုခုတော့ တခုခုပဲ.. ညက မှုးမှုးနှင့် သူဘာတွေပြောမိ လုပ်မိလိုက်ပါလိမ့်.. လူမှန်းမသိ မူးနေတော့ သူ ဘာကိုမှ စဉ်းစားလို့ မရခဲ့။ မေးခွန်းပေါင်းများစွာနှင့် စားပွဲပေါ်က အုပ်ဆောင်းကို မ ကြည့်လိုက်သည်။ မနက်စာက အငွေ့ တထောင်းထောင်းနှင့် တကယ့် စားချင်စဖွယ်... ဘေးတွင် မနက်ပိုင်း သတင်းစာကို တင်ထားသေးသည်။ မနက်စာကို စားရန် သူထိုင်လိုက်စဉ် အခန်းထဲမှ သား ထွက်လာသည်ကို သူမြင်လိုက်တော့...

"သား...မနေ့ညက ဘာတွေ ဖြစ်သေးလဲ"
"အင်း.....မနေ့ညက ညဥ့်နက်မှ ဖေဖေမှုးပြီး ပြန်လာတယ်လေ.. အိမ်ရောက် တော့ မေမေကို အော်ငေါက်တယ်... နောက်ပြီး တွေ့ရာပစ္စည်းတွေကို ရိုက်ခွဲတယ်..."

သား၏ စကားကို သူကောင်းကောင်း သဘော မပေါက်နိုင်သေးဘဲ ထပ်မေးလိုက်မိသည်။

"ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ။ ရိုက်ခွဲထားတဲ့ အရာ တွေလဲ မတွေ့ပါလား.. ဒါကို သား မေမေက စိတ်မဆိုးတဲ့ အပြင် ဖေဖေအတွက် အင်္ကျီတွေ မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်"

"အော် အဲဒါလား...မနေ့ညက ဖေဖေမှုးပြီး ပြန်လာတော့.. မေမေက စိတ်ဆိုး တာပေါ့။ ဖေဖေ အော်ငေါက်နေတဲ့ ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲ ဆွဲခေါ်ပြီး အဝတ်လဲမလို့ ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကို
တွန်းထုတ်ပြီး အော်လိုက်သေးတယ်"

"ဖေဖေ ဘယ်လို အော်လိုက်သေးတာလဲ...သား"

"ကလေးမ...သွား..ငါ့အနားမလာနဲ့ .. ဝေးဝေးသွား.. ငါ့မှာ အိမ် ထောင်ရှိတယ် တဲ့"

သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။ နောက် အငွေ့ တထောင်းထောင်း ထနေသော မနက်စာကို မြိုန်ရည်ယှက်ရည် သူစားလိုက်သည်။


Credit:မနိုင်းနိုင်းရဲ့အိမ်ထောင်ရေး ဗဟုသုတ


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top