iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္ အစိတ္အပုိင္းအားလုံးတို႔ဟာ မထင္မွတ္တဲ့ တျခားအစိတ္အပိုင္းမ်ားနဲ႔ အျပန္အလွန္ အက်ဳိးျပဳဆက္ႏြယ္မႈရိွေနၾကတာ တကယ္စိတ္ဝင္စားစရာ အခ်က္ျဖစ္ေၾကာင္း ကမာၻတစ္ဝွမ္းက ကြ်မ္းက်င္သူမ်ားစြာက ဆုိပါတယ္။ အမွန္ေတာ့ ေရွးတရုတ္ေဆးပညာဟာ သူ႔ေနရာနဲ႔သူ နာက်င္မႈ ဖယ္ရွားေပးႏုိင္စြမ္းတဲ့ ႏွိပ္နယ္ေပးရာအခ်က္ေကာင္း သိနားလည္ျခင္းအေပၚ အေျခခံပါတယ္။ ဆက္စပ္မႈရိွလိမ့္မယ္လုိ႔ သင္ လုံးဝစဥ္းစားမိမွာ မဟုတ္ပါဘူး။ စိတ္ဖိစီးမႈခံစားပါက သက္သာေအာင္ အသုံးျပဳႏုိင္တဲ့ အိမ္တြင္းေဆးနည္းမ်ားစြာ ရိွပါတယ္။ တရားထုိင္ျခင္း၊ ေယာဂက်င့္ျခင္း၊ အပ္စုိက္ကုထုံး၊ နားရြက္ႏွိပ္နယ္ျခင္း၊ ပုိအိပ္ေပးျခင္း၊ ဗီဒီယုိဂိမ္းကစားျခင္း စတာေတြ ရိွပါတယ္။ ဒါေပမယ့္ ဒီနည္းစနစ္ေတြဟာ အခ်ိန္အတုိင္းအတာတစ္ခုစီ လုိအပ္ၾကပါတယ္။ ဒီေတာ့ ခ်က္ခ်င္းသက္သာဖုိ႔ လုိအပ္တဲ့အခါမ်ဳိးမွာ ဘာလုိမလဲ။ လက္မမႈတ္နည္းကို ကြ်မ္းက်င္သူေတြ အၾကံျပဳထားပါတယ္။

လက္မမႈတ္ေပးျခင္းက စိတ္ဖိစီးမႈကို ဘယ္လုိ ေလွ်ာ့နည္းေစတာလဲ

ကြ်ႏု္ပ္တုိ႔ ခႏၶာကိုယ္မွာ vagus nerve လုိ႔ေခၚတဲ့ လ်ဳိ႕ဝွက္နာဗ္ေၾကာ တစ္စုံ ရိွပါတယ္။ ဒီနာဗ္ေၾကာေတြကို လႈံ႔ေဆာ္ေပးျခင္းျဖင့္ ႏွလုံးကို ဖင့္ေႏွးေစကာ စိတ္ဖိစီးမႈေလ်ာ့က်ျပီး စိတ္ကို တည္ျငိမ္ေစပါတယ္။ ဟုတ္ျပီ။ လက္မေတြက vagus nerve နီးနားတစ္ေနရာမွာ ရိွမေနၾကပါဘူး။ ဒီေတာ့ ဘယ္လုိအက်ဳိးသက္ေရာက္ေစတာလဲဆုိတာ ေမးေကာင္းေမးပါလိမ့္မယ္။ စနစ္တက်လုပ္ပါက လက္မမႈတ္ျခင္းက စိတ္ဖိစီးမႈကို အမွန္တကယ္ ေလွ်ာ့နည္းေစပါတယ္။

နည္းစနစ္က အင္မတန္ရုိးရွင္းပါတယ္။ လက္မကို ေမြးကင္းစကေလးေလးတစ္ေယာက္လုိ ပါးစပ္ထဲထိုးထည့္ျပီး ေလလုံေအာင္ ေစ့ထားရပါမယ္။ ေလေတြအျပင္မထြက္ေစဘဲ ခပ္နာနာ မႈတ္ေပးရပါမယ္။ ဒီနည္းျဖင့္ ဝမ္းဗုိက္နဲ႔ ရင္အုပ္အတြင္းပုိင္း ႏွိပ္နယ္မႈ ဖန္တီးျဖစ္္ေပၚေစျပီး vagus nerve ကို လႈံ႔ေဆာ္ေပးပါတယ္။ ေနာက္ အဲဒီ vagus nerve က ႏွလုံးခုန္ႏႈန္း ေႏွးေကြးသြားေစပါတယ္။ ဒီအခ်က္ေတြက ေလဝင္ေလထြက္လမ္းေၾကာင္း ပိတ္ဆုိ႔ကာ ဒီလုိ ခက္ခက္ခဲခဲၾကိဳးစား အသက္ရွဴရျခင္းအေၾကာင္းအရင္းပဲ ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version
ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးတို့ဟာ မထင်မှတ်တဲ့ တခြားအစိတ်အပိုင်းများနဲ့ အပြန်အလှန် အကျိုးပြုဆက်နွယ်မှုရှိနေကြတာ တကယ်စိတ်ဝင်စားစရာ အချက်ဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်းက ကျွမ်းကျင်သူများစွာက ဆိုပါတယ်။ အမှန်တော့ ရှေးတရုတ်ဆေးပညာဟာ သူ့နေရာနဲ့သူ နာကျင်မှု ဖယ်ရှားပေးနိုင်စွမ်းတဲ့ နှိပ်နယ်ပေးရာအချက်ကောင်း သိနားလည်ခြင်းအပေါ် အခြေခံပါတယ်။ ဆက်စပ်မှုရှိလိမ့်မယ်လို့ သင် လုံးဝစဉ်းစားမိမှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုခံစားပါက သက်သာအောင် အသုံးပြုနိုင်တဲ့ အိမ်တွင်းဆေးနည်းများစွာ ရှိပါတယ်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အပ်စိုက်ကုထုံး၊ နားရွက်နှိပ်နယ်ခြင်း၊ ပိုအိပ်ပေးခြင်း၊ ဗီဒီယိုဂိမ်းကစားခြင်း စတာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီနည်းစနစ်တွေဟာ အချိန်အတိုင်းအတာတစ်ခုစီ လိုအပ်ကြပါတယ်။ ဒီတော့ ချက်ချင်းသက်သာဖို့ လိုအပ်တဲ့အခါမျိုးမှာ ဘာလိုမလဲ။ လက်မမှုတ်နည်းကို ကျွမ်းကျင်သူတွေ အကြံပြုထားပါတယ်။

လက်မမှုတ်ပေးခြင်းက စိတ်ဖိစီးမှုကို ဘယ်လို လျှော့နည်းစေတာလဲ

ကျွနု်ပ်တို့ ခန္ဓာကိုယ်မှာ vagus nerve လို့ခေါ်တဲ့ လျို့ဝှက်နာဗ်ကြော တစ်စုံ ရှိပါတယ်။ ဒီနာဗ်ကြောတွေကို လှုံ့ဆော်ပေးခြင်းဖြင့် နှလုံးကို ဖင့်နှေးစေကာ စိတ်ဖိစီးမှုလျော့ကျပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ ဟုတ်ပြီ။ လက်မတွေက vagus nerve နီးနားတစ်နေရာမှာ ရှိမနေကြပါဘူး။ ဒီတော့ ဘယ်လိုအကျိုးသက်ရောက်စေတာလဲဆိုတာ မေးကောင်းမေးပါလိမ့်မယ်။ စနစ်တကျလုပ်ပါက လက်မမှုတ်ခြင်းက စိတ်ဖိစီးမှုကို အမှန်တကယ် လျှော့နည်းစေပါတယ်။

နည်းစနစ်က အင်မတန်ရိုးရှင်းပါတယ်။ လက်မကို မွေးကင်းစကလေးလေးတစ်ယောက်လို ပါးစပ်ထဲထိုးထည့်ပြီး လေလုံအောင် စေ့ထားရပါမယ်။ လေတွေအပြင်မထွက်စေဘဲ ခပ်နာနာ မှုတ်ပေးရပါမယ်။ ဒီနည်းဖြင့် ဝမ်းဗိုက်နဲ့ ရင်အုပ်အတွင်းပိုင်း နှိပ်နယ်မှု ဖန်တီးဖြစ်ပေါ်စေပြီး vagus nerve ကို လှုံ့ဆော်ပေးပါတယ်။ နောက် အဲဒီ vagus nerve က နှလုံးခုန်နှုန်း နှေးကွေးသွားစေပါတယ်။ ဒီအချက်တွေက လေဝင်လေထွက်လမ်းကြောင်း ပိတ်ဆို့ကာ ဒီလို ခက်ခက်ခဲခဲကြိုးစား အသက်ရှူရခြင်းအကြောင်းအရင်းပဲ ဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top