iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ကိုယ္ေကာင္းဆန္တယ္၊ ကိုယ့္ကိုယ္က်ိဳးအတြက္ပဲ ကိုယ္ၾကည့္တယ္လုိ႕ အေျပာခံလိုက္ရရင္ ဘယ္သူမဆို စိတ္တုိသြားတတ္ၾကပါတယ္။ ဒါေပမယ့္ လူတိုင္းဟာ အနည္းနဲ႕အမ်ားေတာ့ ကိုယ့္ကိုယ္က်ိဳးအတြက္ ၾကည့္တတ္ၾကတာခ်ည္းပါပဲ။ နည္းတာနဲ႕ မ်ားတာပဲ ကြာသြားတတ္တာပါ။ ခုေျပာျပမယ့္ ရာသီဖြား (၅) ဦးကေတာ့ အျခားရာသီဖြားေတြထက္ ပိုတစ္ကိုယ္ေကာင္းဆန္ၾကပါတယ္။ အဲ့ဒီရာသီဖြား (၅) ဦးကေတာ့

Aries - မိႆရာသီဖြား (မတ္လ ၂၁ ရက္ - ဧၿပီလ ၁၉ ရက္)

မိႆရာသီဖြားေတြဟာ သူတုိ႕လိုခ်င္တာကို ရေအာင္ ယူတတ္ၾကပါတယ္။ ဒါဟာေကာင္းတဲ့အခ်က္မွန္း သင္လက္ခံၿပီးသားပါ။ ဒါေပမယ့္ တစ္ခုရွိတာက ဒီရာသီဖြားေတြဟာ ငါ့ကိုအရင္ဆံုးဆုိတဲ့ စိတ္ဓာတ္ရွိပါတယ္။ ဥပမာ သင္ဟာ ေစ်း၀ယ္စင္တာမွာ ကုန္ပစၥည္းတစ္ခုရွိလို႕ ဒီပစၥည္းကို လုိခ်င္တယ္ဆုိပါစို႕။ သင္နဲ႕အတူ မိႆ       ရာသီဖြားတစ္ဦးကလည္း ဒါကိုလိုခ်င္တယ္ဆုိရင္ ဒီပစၥည္းကို သင့္လက္ထဲေရာက္မသြားေအာင္ နည္းမ်ိဳးစံုနဲ႕ၾကိဳစားျပီး ယူပါလိမ့္မယ္။

Taurus - ၿပိႆရာသီဖြား ( ဧၿပီလ ၂၀ ရက္ - ေမလ ၂၀ ရက္ )

ဒီရာသီဖြားေတြက်ေတာ့ သူတုိ႕ေအးေဆးေနႏိုင္ဖုိ႕၊ တစ္ခုခုကို အေျခက်ျပီး တည္ျငိမ္စြာ ေနထုိင္ႏိုင္ဖုိ႕ ေတာ္ေတာ္ေလးၾကိဳးစားတတ္ၾကပါတယ္။ အဲ့ဒီမွာ ေလာဘက ကပ္ပါလာျပီး လိုခ်င္တာကို ရေအာင္လုပ္ေဆာင္ဖုိ႕ဆုိတဲ့ အခ်က္ကလည္း ကပ္ပါလာျပန္တာပါပဲ။ အထူးသျဖင့္ သူတုိ႕ဟာ တစ္ခုခုဆုိ စိတ္ထိခုိက္လြယ္လြန္းတာကလည္း တစ္ကိုယ္ေကာင္းဆန္တဲ့စိတ္ပိုမ်ားေစဖုိ႕ တြန္းအားေပးတဲ့ အခ်က္ျဖစ္သြားပါတယ္။ ဒါ့အျပင္ ျပိႆ     ရာသီဖြားေတြဟာ ကိုယ္လုိခ်င္တဲ့အရာတစ္ခုခုအတြက္ဆုိရင္ တျခားလူကို ထပ္ခါထပ္ခါ ေတာင္းဆိုတတ္ပါေသးတယ္။

Gemini - ေမထုန္ရာသီဖြား ( ေမလ ၂၁ ရက္ - ဇြန္လ ၂၀ ရက္ )

ဟန္ေဆာင္ေကာင္းတယ္လို႕ လူေတြေျပာတတ္ၾကတဲ့ ေမထုန္ရာသီဖြားေတြက်ေတာ့ အျခားလူေတြထက္ အေျခအေနတစ္ခုခုကို လ်င္ျမန္စြာကိုင္တြယ္တဲ့ ေနရာမွာ ေတာ္ၾကပါတယ္။ ဒါေပမယ့္ လူေတြအထင္ၾကီးေအာင္ ကိုယ့္မွာမရွိတဲ့ အရာေတြ လုပ္ျပတတ္တာကလည္း သူ႕ရဲ႕ကိုယ့္ကိုယ္က်ိဳးအတြက္သာ ၾကည့္တတ္တဲ့ စိတ္ေၾကာင့္ ျဖစ္လာတာလို႕ ေျပာရပါလိမ့္မယ္။ သူကက်ေတာ့ ငါလိုခ်င္တဲ့အရာ၊ ငါျဖစ္ခ်င္တဲ့အရာအတြက္ လူေတြ အာရံုမ်ားသြားေအာင္ လုပ္ျပမယ္ဆုိတဲ့ လူမ်ိဳးသာ ျဖစ္ပါတယ္။

 Leo - သိဟ္ရာသီဖြား (ဇူလိုင္လ ၂၃ ရက္ - ၾသဂုတ္လ ၂၂ ရက္ )

သိဟ္ရာသီဖြားက်ေတာ့ ခုငါျမင္ေနတဲ့အရာကို ငါပိုင္ဆုိင္ရမယ္ဆုိတဲ့ လူမ်ိဳးပါ။ သူက အေၾကာက္တရားသိပ္မထားပဲ သူလုိခ်င္တာကို ရေအာင္ယူတတ္ပါတယ္။ အဲ့ဒီယူတဲ့အခါမွာလည္း သူလုပ္ေဆာင္လုိုက္တဲ့အရာက တစ္ကိုယ္ေကာင္းဆန္သြားမယ္ဆုိရင္ေတာင္ သူက ဆက္လုပ္တတ္တဲ့လူပါ။ ဒီရာသီဖြားေတြ သတိထားရမွာက တကယ္လုိ႕ ကိုယ့္ေဘးမွာ အေပါင္းအသင္း အေျခြအရံေတြရွိခ်င္တယ္ ဆုိရင္ ေတာ့ ကိုယ္က်ိဳးစြန္႕တဲ့ အလုပ္ေလး နည္းနည္းလုပ္ျပဖုိ႕ပါ။

Virgo - ကန္ရာသီဖြား ( ၾသဂုတ္လ ၂၃ ရက္ - စက္တင္ဘာလ ၂၂ ရက္ )

ကန္ရာသီဖြားက်ေတာ့ သူ႕အတြက္ တိုးတက္မယ္၊ အဆင္ေျပမယ္လုိ႕ ယံုၾကည္ထားရင္ မွားတဲ့လမ္းကိုလိုက္ဖုိ႕ ၀န္မေလးတတ္ပါဘူး။ ဒါလုပ္လိုက္လို႕ တစ္ကိုယ္ေကာင္းဆန္သြားမယ္ဆုိရင္လည္း ဂရုမစိုက္ပါဘူး။ ဒါ့အျပင္ တစ္ပါးသူကို ေ၀ဖန္တတ္တဲ့ေနရာမွာလည္း ကန္ရာသီဖြားေတြက ပထမပါပဲ။ သူတုိ႕ဟာ ကိုယ္မလုပ္ႏိုင္တဲ့အရာကို အျခားသူေတြလုပ္မယ္ဆုိတာနဲ႕ အဲ့ဒီလူကို စတင္ေ၀ဖန္ေတာ့တာပါပဲ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

တစ်ကိုယ်ကောင်းဆန်တယ်၊ ကိုယ့်ကိုယ်ကျိုးအတွက်ပဲ ကိုယ်ကြည့်တယ်လို့ အပြောခံလိုက်ရရင် ဘယ်သူမဆို စိတ်တိုသွားတတ်ကြပါတယ်။ ဒါပေမယ့် လူတိုင်းဟာ အနည်းနဲ့အများတော့ ကိုယ့်ကိုယ်ကျိုးအတွက် ကြည့်တတ်ကြတာချည်းပါပဲ။ နည်းတာနဲ့ များတာပဲ ကွာသွားတတ်တာပါ။ ခုပြောပြမယ့် ရာသီဖွား (၅) ဦးကတော့ အခြားရာသီဖွားတွေထက် ပိုတစ်ကိုယ်ကောင်းဆန်ကြပါတယ်။ အဲ့ဒီရာသီဖွား (၅) ဦးကတော့

Aries - မိဿရာသီဖွား (မတ်လ ၂၁ ရက် - ဧပြီလ ၁၉ ရက်)

မိဿရာသီဖွားတွေဟာ သူတို့လိုချင်တာကို ရအောင် ယူတတ်ကြပါတယ်။ ဒါဟာကောင်းတဲ့အချက်မှန်း သင်လက်ခံပြီးသားပါ။ ဒါပေမယ့် တစ်ခုရှိတာက ဒီရာသီဖွားတွေဟာ ငါ့ကိုအရင်ဆုံးဆိုတဲ့ စိတ်ဓာတ်ရှိပါတယ်။ ဥပမာ သင်ဟာ ဈေးဝယ်စင်တာမှာ ကုန်ပစ္စည်းတစ်ခုရှိလို့ ဒီပစ္စည်းကို လိုချင်တယ်ဆိုပါစို့။ သင်နဲ့အတူ မိဿ       ရာသီဖွားတစ်ဦးကလည်း ဒါကိုလိုချင်တယ်ဆိုရင် ဒီပစ္စည်းကို သင့်လက်ထဲရောက်မသွားအောင် နည်းမျိုးစုံနဲ့ကြိုစားပြီး ယူပါလိမ့်မယ်။

Taurus - ပြိဿရာသီဖွား ( ဧပြီလ ၂၀ ရက် - မေလ ၂၀ ရက် )

ဒီရာသီဖွားတွေကျတော့ သူတို့အေးဆေးနေနိုင်ဖို့၊ တစ်ခုခုကို အခြေကျပြီး တည်ငြိမ်စွာ နေထိုင်နိုင်ဖို့ တော်တော်လေးကြိုးစားတတ်ကြပါတယ်။ အဲ့ဒီမှာ လောဘက ကပ်ပါလာပြီး လိုချင်တာကို ရအောင်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်ကလည်း ကပ်ပါလာပြန်တာပါပဲ။ အထူးသဖြင့် သူတို့ဟာ တစ်ခုခုဆို စိတ်ထိခိုက်လွယ်လွန်းတာကလည်း တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ပိုများစေဖို့ တွန်းအားပေးတဲ့ အချက်ဖြစ်သွားပါတယ်။ ဒါ့အပြင် ပြိဿ     ရာသီဖွားတွေဟာ ကိုယ်လိုချင်တဲ့အရာတစ်ခုခုအတွက်ဆိုရင် တခြားလူကို ထပ်ခါထပ်ခါ တောင်းဆိုတတ်ပါသေးတယ်။

Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )

ဟန်ဆောင်ကောင်းတယ်လို့ လူတွေပြောတတ်ကြတဲ့ မေထုန်ရာသီဖွားတွေကျတော့ အခြားလူတွေထက် အခြေအနေတစ်ခုခုကို လျင်မြန်စွာကိုင်တွယ်တဲ့ နေရာမှာ တော်ကြပါတယ်။ ဒါပေမယ့် လူတွေအထင်ကြီးအောင် ကိုယ့်မှာမရှိတဲ့ အရာတွေ လုပ်ပြတတ်တာကလည်း သူ့ရဲ့ကိုယ့်ကိုယ်ကျိုးအတွက်သာ ကြည့်တတ်တဲ့ စိတ်ကြောင့် ဖြစ်လာတာလို့ ပြောရပါလိမ့်မယ်။ သူကကျတော့ ငါလိုချင်တဲ့အရာ၊ ငါဖြစ်ချင်တဲ့အရာအတွက် လူတွေ အာရုံများသွားအောင် လုပ်ပြမယ်ဆိုတဲ့ လူမျိုးသာ ဖြစ်ပါတယ်။

 Leo - သိဟ်ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )

သိဟ်ရာသီဖွားကျတော့ ခုငါမြင်နေတဲ့အရာကို ငါပိုင်ဆိုင်ရမယ်ဆိုတဲ့ လူမျိုးပါ။ သူက အကြောက်တရားသိပ်မထားပဲ သူလိုချင်တာကို ရအောင်ယူတတ်ပါတယ်။ အဲ့ဒီယူတဲ့အခါမှာလည်း သူလုပ်ဆောင်လိုက်တဲ့အရာက တစ်ကိုယ်ကောင်းဆန်သွားမယ်ဆိုရင်တောင် သူက ဆက်လုပ်တတ်တဲ့လူပါ။ ဒီရာသီဖွားတွေ သတိထားရမှာက တကယ်လို့ ကိုယ့်ဘေးမှာ အပေါင်းအသင်း အခြွေအရံတွေရှိချင်တယ် ဆိုရင် တော့ ကိုယ်ကျိုးစွန့်တဲ့ အလုပ်လေး နည်းနည်းလုပ်ပြဖို့ပါ။

Virgo - ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် - စက်တင်ဘာလ ၂၂ ရက် )

ကန်ရာသီဖွားကျတော့ သူ့အတွက် တိုးတက်မယ်၊ အဆင်ပြေမယ်လို့ ယုံကြည်ထားရင် မှားတဲ့လမ်းကိုလိုက်ဖို့ ဝန်မလေးတတ်ပါဘူး။ ဒါလုပ်လိုက်လို့ တစ်ကိုယ်ကောင်းဆန်သွားမယ်ဆိုရင်လည်း ဂရုမစိုက်ပါဘူး။ ဒါ့အပြင် တစ်ပါးသူကို ဝေဖန်တတ်တဲ့နေရာမှာလည်း ကန်ရာသီဖွားတွေက ပထမပါပဲ။ သူတို့ဟာ ကိုယ်မလုပ်နိုင်တဲ့အရာကို အခြားသူတွေလုပ်မယ်ဆိုတာနဲ့ အဲ့ဒီလူကို စတင်ဝေဖန်တော့တာပါပဲ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top