iMyanmarHouse.com - Best Property Website for Myanmar
×

ဆာင္းပါးေတြမွာ အမ်ားအားျဖင့္ ေဖာ္ျပေပးေလ့ရွိတာက ဘယ္ရာသီဖြားေတြရဲ႕ အခ်စ္ေရးက ဘယ္လိုဆုိတာမ်ိဳးပါ။ ဒါေပမယ့္ ခုေျပာျပေပးမွာကေတာ့ သင္ဟာ တစ္ဦးတည္းေသာသား/သမီး ျဖစ္မယ္ဆုိရင္ သင့္အခ်စ္ေရးက ဘယ္လို၊ အႀကီးဆံုးဆုိရင္ ဘယ္လို၊ အလတ္ဆုိရင္ျဖင့္ ဘယ္လို စတာေတြကို သံုးသပ္ခန္႔မွန္းေပးသြားမွာပါ။ ေလ့လာခ်က္ေတြနဲ႕ စစ္တမ္းေကာက္ခ်က္တစ္ခ်ိဳ႕ကို အေျခခံျပီး ေျပာျပေပးသြားမွာ ျဖစ္တာေၾကာင့္ ျခံဳငံုသံုးသပ္ရတဲ့ သေဘာလည္း ပါေနပါတယ္။ ဒါ့ေၾကာင့္ သင့္တစ္ေယာက္တည္းအတြက္ သီးသန္႕ေျပာေဟာေပးထားတာ မဟုတ္ဘူးဆိုတာကိုေတာ့ တစ္ခ်က္သတိျပဳေပးဖုိ႕ ေတာင္းဆုိပါရေစ။ ကဲ စလိုက္ၾကစို႕၊

၁။သင္ဟာ ေမာင္ႏွမေတြထဲမွာ အႀကီးဆံုးျဖစ္မယ္ဆုိရင္

သင္ဟာ ေမြးခ်င္းေမာင္ႏွမေတြထဲမွာ အကိုႀကီး/အစ္မႀကီး တစ္ေယာက္ျဖစ္မယ္ဆုိရင္ သင္ဟာ ဘယ္အေျခအေနကိုမဆို ထိန္းခ်ဳပ္ႏိုင္တဲ့ သေဘာရွိေနပါတယ္။ ဦးေဆာင္ႏိုင္တဲ့သေဘာလည္း ရွိေနပါတယ္။ သားအႀကီးဆံုး၊ သမီးအႀကီးဆံုးေတြဟာ အခ်စ္ေရးမွာ စိတ္ခ်ရတဲ့ အေနအထားအျမဲရွိပါတယ္။ သူတုိ႕ဟာ ေမာင္ငယ္၊ ညီငယ္ ၊ညီမငယ္ေတြထက္ ပိုရည္မွန္းခ်က္ရွိတတ္တာေၾကာင့္ အခ်စ္ေရးမွာလည္း အနာဂတ္ကို ထည့္ျပီး အျမဲေတြးေနတတ္ပါတယ္။ ဒီအခ်က္ကပဲ ဘာကိုသြားသက္ေရာက္ေသးသလဲဆုိတာ သူတုိ႕ေတြဟာ အခ်စ္ေရးမွာ ယံုၾကည္ခ်က္ရွိရွိ ျဖတ္သန္းတတ္ျပီး ႏွစ္ဦးသားဒိတ္လုပ္ေနခ်ိန္ေတြမွာေတာင္ ဒီေန႕ဘာလုပ္မယ္၊ ေနာက္ေန႕ဘယ္သြားမယ္ဆုိတာကအစ ဦးေဆာင္ အစီအစဥ္ ဆြဲတတ္ၾကပါတယ္။

၂။သင္ဟာ ေမြးခ်င္းထဲမွာ အလတ္တစ္ေယာက္ ျဖစ္မယ္ဆုိရင္

သင္ဟာ အေျခအေနတစ္ခုေပၚ မူတည္ျပီး အလုိက္သင့္ေဆာင္ရြက္ဖုိ႕ ဘယ္ေတာ့မွ မေၾကာက္ပါဘူး။ ဒါေပမယ့္ ေခါင္းမာတတ္တာကေတာ့ အလတ္ေတြရဲ႕ သေဘာပါပဲ။ Match.com ကေျပာၾကားခ်က္အရဆုိရင္ အလတ္ေတြဟာ ေကာင္းမြန္သင့္ေတာ္တဲ့ လက္တြဲေဖာ္ေတြပါတဲ့။ ဘာလုိ႕လဲဆုိေတာ့ သူတုိ႕ဟာ အေျခအေနအရပ္ရပ္ကို သံုးသပ္တတ္ျပီး အရာရာကို ေအးေဆးအဆင္ေျပေအာင္ လုပ္ေဆာင္တတ္တဲ့အျပင္ အႀကီးနဲ႕ အငယ္ၾကား ဘယ္လိုေနရမလဲဆိုတာကို သိျမင္ကိုင္တြယ္သလို အခ်စ္ေရးမွာလည္း ကိုယ့္ခ်စ္သူအေပၚ အေကာင္းဆံုးဘယ္လုိနားလည္ေပးႏိုင္မလဲဆိုတာ သူတုိ႕သိၾကလို႕ပါ။

၃။သင္ဟာေမြးခ်င္းထဲမွာ အငယ္ဆံုးတစ္ေယာက္ ျဖစ္မယ္ဆုိရင္

သင္ဟာ ေမာင္ႏွမသားခ်င္းေတြထဲ အငယ္ဆံုးတစ္ေယာက္ျဖစ္မယ္ဆုိရင္ အျခားသူေတြရဲ႕ အာရံုစူးစိုက္တာကို ခံခ်င္လိုခ်င္တတ္သူပါ။ ဒါ့အျပင္တစ္ခါတစ္ေလလည္း စိတ္အလိုမက်ရင္ ေသာင္းက်န္းတတ္ေသးတာပါ။ အခ်စ္ေရးမွာလည္း သင္ဟာ တစ္ခါတစ္ေလ သင့္စိတ္အလိုမက်ရင္ နည္းနည္းေသာင္းက်န္းခ်င္တဲ့ လူမ်ိဳးျဖစ္ေနပါတယ္။ ေခါင္းမာေပမယ့္ သင့္စိတ္ထဲရွိတဲ့အရာကိုေတာ့ ႀကိဳးစားျပီး အေကာင္အထည္ေဖာ္တတ္ပါတယ္။ တစ္ခုပါပဲ၊ တစ္ခါတစ္ေလ လြတ္ထြက္သြားတတ္တဲ့ စိတ္ကုိေတာ့ ထိန္းထိန္းသိမ္းသိမ္းေနသင့္ပါတယ္။

၄။သင္ဟာ တစ္ဦးတည္းေသာ သား/သမီး ျဖစ္မယ္ဆုိရင္

သင္ဟာ ေမြးခ်င္းမရွိတဲ့ တစ္ဦးတည္းေသာသား/သမီးျဖစ္မယ္ဆုိ၇င္ သင္ဟာ တာ၀န္ယူခ်င္စိတ္ ျပင္းထန္ျပီး ကိုယ့္ခ်စ္သူက စိတ္ခ်ရတဲ့သူတစ္ေယာက္ျဖစ္ေအာင္ ေနထိုင္တတ္ပါတယ္။ မ်ားေသာအားျဖင့္ သူတုိ႕ေတြဟာ ရင့္က်က္တဲ့အျပင္ အခ်စ္ေရးကိုလည္း ဘ၀တစ္ခုသဖြယ္ သတ္မွတ္ကာ ခ်စ္တတ္ၾကပါတယ္။

 Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version


ဆောင်းပါးတွေမှာ အများအားဖြင့် ဖော်ပြပေးလေ့ရှိတာက ဘယ်ရာသီဖွားတွေရဲ့ အချစ်ရေးက ဘယ်လိုဆိုတာမျိုးပါ။ ဒါပေမယ့် ခုပြောပြပေးမှာကတော့ သင်ဟာ တစ်ဦးတည်းသောသား/သမီး ဖြစ်မယ်ဆိုရင် သင့်အချစ်ရေးက ဘယ်လို၊ အကြီးဆုံးဆိုရင် ဘယ်လို၊ အလတ်ဆိုရင်ဖြင့် ဘယ်လို စတာတွေကို သုံးသပ်ခန့်မှန်းပေးသွားမှာပါ။ လေ့လာချက်တွေနဲ့ စစ်တမ်းကောက်ချက်တစ်ချို့ကို အခြေခံပြီး ပြောပြပေးသွားမှာ ဖြစ်တာကြောင့် ခြုံငုံသုံးသပ်ရတဲ့ သဘောလည်း ပါနေပါတယ်။ ဒါ့ကြောင့် သင့်တစ်ယောက်တည်းအတွက် သီးသန့်ပြောဟောပေးထားတာ မဟုတ်ဘူးဆိုတာကိုတော့ တစ်ချက်သတိပြုပေးဖို့ တောင်းဆိုပါရစေ။ ကဲ စလိုက်ကြစို့၊

၁။သင်ဟာ မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်မယ်ဆိုရင်

သင်ဟာ မွေးချင်းမောင်နှမတွေထဲမှာ အကိုကြီး/အစ်မကြီး တစ်ယောက်ဖြစ်မယ်ဆိုရင် သင်ဟာ ဘယ်အခြေအနေကိုမဆို ထိန်းချုပ်နိုင်တဲ့ သဘောရှိနေပါတယ်။ ဦးဆောင်နိုင်တဲ့သဘောလည်း ရှိနေပါတယ်။ သားအကြီးဆုံး၊ သမီးအကြီးဆုံးတွေဟာ အချစ်ရေးမှာ စိတ်ချရတဲ့ အနေအထားအမြဲရှိပါတယ်။ သူတို့ဟာ မောင်ငယ်၊ ညီငယ် ၊ညီမငယ်တွေထက် ပိုရည်မှန်းချက်ရှိတတ်တာကြောင့် အချစ်ရေးမှာလည်း အနာဂတ်ကို ထည့်ပြီး အမြဲတွေးနေတတ်ပါတယ်။ ဒီအချက်ကပဲ ဘာကိုသွားသက်ရောက်သေးသလဲဆိုတာ သူတို့တွေဟာ အချစ်ရေးမှာ ယုံကြည်ချက်ရှိရှိ ဖြတ်သန်းတတ်ပြီး နှစ်ဦးသားဒိတ်လုပ်နေချိန်တွေမှာတောင် ဒီနေ့ဘာလုပ်မယ်၊ နောက်နေ့ဘယ်သွားမယ်ဆိုတာကအစ ဦးဆောင် အစီအစဉ် ဆွဲတတ်ကြပါတယ်။

၂။သင်ဟာ မွေးချင်းထဲမှာ အလတ်တစ်ယောက် ဖြစ်မယ်ဆိုရင်

သင်ဟာ အခြေအနေတစ်ခုပေါ် မူတည်ပြီး အလိုက်သင့်ဆောင်ရွက်ဖို့ ဘယ်တော့မှ မကြောက်ပါဘူး။ ဒါပေမယ့် ခေါင်းမာတတ်တာကတော့ အလတ်တွေရဲ့ သဘောပါပဲ။ Match.com ကပြောကြားချက်အရဆိုရင် အလတ်တွေဟာ ကောင်းမွန်သင့်တော်တဲ့ လက်တွဲဖော်တွေပါတဲ့။ ဘာလို့လဲဆိုတော့ သူတို့ဟာ အခြေအနေအရပ်ရပ်ကို သုံးသပ်တတ်ပြီး အရာရာကို အေးဆေးအဆင်ပြေအောင် လုပ်ဆောင်တတ်တဲ့အပြင် အကြီးနဲ့ အငယ်ကြား ဘယ်လိုနေရမလဲဆိုတာကို သိမြင်ကိုင်တွယ်သလို အချစ်ရေးမှာလည်း ကိုယ့်ချစ်သူအပေါ် အကောင်းဆုံးဘယ်လိုနားလည်ပေးနိုင်မလဲဆိုတာ သူတို့သိကြလို့ပါ။

၃။သင်ဟာမွေးချင်းထဲမှာ အငယ်ဆုံးတစ်ယောက် ဖြစ်မယ်ဆိုရင်

သင်ဟာ မောင်နှမသားချင်းတွေထဲ အငယ်ဆုံးတစ်ယောက်ဖြစ်မယ်ဆိုရင် အခြားသူတွေရဲ့ အာရုံစူးစိုက်တာကို ခံချင်လိုချင်တတ်သူပါ။ ဒါ့အပြင်တစ်ခါတစ်လေလည်း စိတ်အလိုမကျရင် သောင်းကျန်းတတ်သေးတာပါ။ အချစ်ရေးမှာလည်း သင်ဟာ တစ်ခါတစ်လေ သင့်စိတ်အလိုမကျရင် နည်းနည်းသောင်းကျန်းချင်တဲ့ လူမျိုးဖြစ်နေပါတယ်။ ခေါင်းမာပေမယ့် သင့်စိတ်ထဲရှိတဲ့အရာကိုတော့ ကြိုးစားပြီး အကောင်အထည်ဖော်တတ်ပါတယ်။ တစ်ခုပါပဲ၊ တစ်ခါတစ်လေ လွတ်ထွက်သွားတတ်တဲ့ စိတ်ကိုတော့ ထိန်းထိန်းသိမ်းသိမ်းနေသင့်ပါတယ်။

၄။သင်ဟာ တစ်ဦးတည်းသော သား/သမီး ဖြစ်မယ်ဆိုရင်

သင်ဟာ မွေးချင်းမရှိတဲ့ တစ်ဦးတည်းသောသား/သမီးဖြစ်မယ်ဆို၇င် သင်ဟာ တာဝန်ယူချင်စိတ် ပြင်းထန်ပြီး ကိုယ့်ချစ်သူက စိတ်ချရတဲ့သူတစ်ယောက်ဖြစ်အောင် နေထိုင်တတ်ပါတယ်။ များသောအားဖြင့် သူတို့တွေဟာ ရင့်ကျက်တဲ့အပြင် အချစ်ရေးကိုလည်း ဘဝတစ်ခုသဖွယ် သတ်မှတ်ကာ ချစ်တတ်ကြပါတယ်။


 Credit : Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top