iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔နံဆိုတာ လူေတြရဲ့စိတ္ကိုေကာင္းေအာင္ဆိုးေအာင္ လုပ္လို႔မွမရတာ။
တစ္ေယာက္နဲ႔တစ္ေယာက္ တည့္တယ္ဆိုတာေရာမတည့္ဘူးဆိုတာေရာ ေန႔နံနဲ႔မဆိုင္ဘူးလို႔ ထင္ပါတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္

♦ခြင့္လြတ္ႏုိင္ရမယ္။
♦နားလည္ေပးႏုိင္ရမယ္။
♦သေဘာထားႀကီးရမယ္။

ဒါဆိုရင္အဆင္ေျပေအာင္ ေပါင္းလို႔ရပါတယ္။ေန႔ေတြနဲ႔မဆိုင္ပါဘူး။

ေန႔နံတည့္တယ္ဆိုျပီး တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ခင္မွဳလည္းမရွိ ၊ ျမတ္ႏုိးမွဳလည္းမရွိ
သည္းခံမွဳလည္း မရွိဘူး ဆိုရင္ ဘယ္လိုအတူေနၾကမလဲ။

●ေန႔နံတည့္တယ္ဆိုျပီး ကြဲၾကတာ အမ်ားႀကီး။
●ေန႔နံမတည့္ေပမယ့္ ေပါင္းေနၾကတာ အမ်ားႀကီး။

ေန႔နံနဲ႔မဆိုင္ပါဘူး။လူနဲ႔ပဲဆိုင္တယ္။ လူကအဓိကပါပဲ။အဆင္ေျပေအာင္ေနႏုိင္တာ ကိုယ္လုပ္တာပါပဲ။
အဆင္မေျပေအာင္ လုပ္တာလည္း ကိုယ္ပါပဲ။အဆင္ေျပေအာင္ေနႏုိင္တာလည္း၊
ခ်စ္သူႏွစ္ဦးရဲ႕ “စိတ္” ပါပဲ။အဆင္ေျပေအာင္ မေနႏုိင္တာလည္း၊
ခ်စ္သူႏွစ္ဦးရဲ့ “စိတ္” ပါပဲ။“အဆင္မေျပတဲ့စိတ္” ေတြကို ျပင္လို႔ရရဲ့သားနဲ႔၊
“ဘာမွေကာင္းက်ိဳး မေပးတဲ့ မာန” ေတြနဲ႔ တင္းခံေနတယ္။အေၾကာင္းဆက္လို႔ ေပါင္းဖက္ျပီးျပီပဲ။
ဒီမာနဘာလုပ္မွာလဲ။ဘယ္ေနရာမွာမွ အက်ိဳးမရွိပါဘူး။
“ေန႔ေတြ ၊ နံေတြ” ထက္ “စိတ္ေတြ”က ပိုျပီးအေရးၾကီးပါတယ္။ခ်စ္ၾကသူတိုင္း အဆင္ေျပၾကပါေစ။

Credit:-【အရွင္၀ိလာသဂၢ(ေဗာဓိၿမိဳင္္သစၥာေရႊျပည္ဓမၼရိပ္သာဆရာေတာ္)】

Dhamma Dãna Source ► www.facebook.com/youngbuddhistassociation.mm



ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နေ့နံဆိုတာ လူတွေရဲ့စိတ်ကိုကောင်းအောင်ဆိုးအောင် လုပ်လို့မှမရတာ။
တစ်ယောက်နဲ့တစ်ယောက် တည့်တယ်ဆိုတာရောမတည့်ဘူးဆိုတာရော နေ့နံနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်

♦ခွင့်လွတ်နိုင်ရမယ်။
♦နားလည်ပေးနိုင်ရမယ်။
♦သဘောထားကြီးရမယ်။

ဒါဆိုရင်အဆင်ပြေအောင် ပေါင်းလို့ရပါတယ်။နေ့တွေနဲ့မဆိုင်ပါဘူး။

နေ့နံတည့်တယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်မှုလည်းမရှိ ၊ မြတ်နိုးမှုလည်းမရှိ
သည်းခံမှုလည်း မရှိဘူး ဆိုရင် ဘယ်လိုအတူနေကြမလဲ။

●နေ့နံတည့်တယ်ဆိုပြီး ကွဲကြတာ အများကြီး။
●နေ့နံမတည့်ပေမယ့် ပေါင်းနေကြတာ အများကြီး။

နေ့နံနဲ့မဆိုင်ပါဘူး။လူနဲ့ပဲဆိုင်တယ်။ လူကအဓိကပါပဲ။အဆင်ပြေအောင်နေနိုင်တာ ကိုယ်လုပ်တာပါပဲ။
အဆင်မပြေအောင် လုပ်တာလည်း ကိုယ်ပါပဲ။အဆင်ပြေအောင်နေနိုင်တာလည်း၊
ချစ်သူနှစ်ဦးရဲ့ “စိတ်” ပါပဲ။အဆင်ပြေအောင် မနေနိုင်တာလည်း၊
ချစ်သူနှစ်ဦးရဲ့ “စိတ်” ပါပဲ။“အဆင်မပြေတဲ့စိတ်” တွေကို ပြင်လို့ရရဲ့သားနဲ့၊
“ဘာမှကောင်းကျိုး မပေးတဲ့ မာန” တွေနဲ့ တင်းခံနေတယ်။အကြောင်းဆက်လို့ ပေါင်းဖက်ပြီးပြီပဲ။
ဒီမာနဘာလုပ်မှာလဲ။ဘယ်နေရာမှာမှ အကျိုးမရှိပါဘူး။
“နေ့တွေ ၊ နံတွေ” ထက် “စိတ်တွေ”က ပိုပြီးအရေးကြီးပါတယ်။ချစ်ကြသူတိုင်း အဆင်ပြေကြပါစေ။

Credit:-【အရှင်ဝိလာသဂ္ဂ(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

Dhamma Dãna Source ► www.facebook.com/youngbuddhistassociation.mm



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top