iMyanmarHouse.com - Best Property Website for Myanmar
×

လမ္းခြဲဖုိ႕ ဆံုးျဖတ္လိုက္ျပီးျဖစ္တဲ့ လူတစ္ေယာက္အတြက္ ေပ်ာ္ရႊင္မႈဆိုတာ ဘယ္လိုမွ ရွာေဖြဖုိ႕ မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ ခုလို ဘယ္လိုမွအဆင္မေျပေတာ့တဲ့ အခ်စ္ေရးကို အဆံုးသတ္ပစ္ႏုိင္တဲ့ သင့္ရဲ႕စိတ္ဓာတ္ခိုင္မာမႈကိုေတာ့ ခ်ီးက်ဴးစရာလုိ႕ ဆုိရမွာပါ။ စံုတြဲေတြဟာ တစ္ဦးေပၚတစ္ဦး ထားရွိထားတဲ့ ယံုၾကည္ခ်က္၊ ေမ်ွာ္လင့္ခ်က္ေတြ မရွိေတာ့သည့္တုိင္ေအာင္ ထားခဲ့ဖူးတဲ့ သံေယာဇဥ္ေၾကာင့္ ေရရွည္ဆက္သြားေနၾက ပါတယ္။ မ်က္စိစံုမွိတ္ တြဲေနရတဲ့ သူတုိ႕ရဲ႕ အခ်စ္ေရးဟာ အခ်ိန္ၾကာေလ စိတ္ပ်က္စရာေကာင္းေလ ျဖစ္လာပါလိမ့္မယ္။

ဒါကို တစ္ေယာက္က နားလည္ျပီး ေရွ႔ဆက္ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူးဆုိတာနဲ႕ အဆံုးသတ္ႏိုင္မယ္ ဆုိရင္ နာက်င္မႈေ၀ဒနာက အခ်ိန္အတိုင္းအတာတစ္ခုေလာက္သာ ခံစားရမွာပါ။ မဟုတ္ရင္တာ့ တစ္သက္လံုး ဒီဒုကၡႀကီးကို ထမ္းပိုးျပီး ဘ၀ခရီးလမ္းကို ေလ်ွာက္လွမ္းသြားရပါလိမ့္မယ္။ ဒီေတာ့ လူတစ္ေယာက္ကို လမ္းခြဲဖို႕ ဆံုးျဖတ္လိုက္တဲ့အခါ သင့္ ဆံုးျဖတ္ခ်က္ မွန္ကန္တယ္ဆုိတာ ေျပာျပေပးႏိုင္တဲ့ အရာေတြကေတာ့

၁။ သင္ဟာ သူ႕ကိုယ့္ကို ပစ္ထားခဲ့မလားဆုိျပီး အျမဲစိုးရိမ္ပူပန္ေနရတယ္။

၂။သင္နဲ႕ သင့္ခ်စ္သူထက္စာရင္ အျခားအတြဲေလးေတြက ေပ်ာ္စရာ၊ ၾကည္ႏူးစရာေကာင္းလို႕ အဲ့ဒီလိုဘ၀ေလးမ်ိဳးရေအာင္ အျမဲဆုေတာင္းေနရတယ္။

၃။သင့္အခ်စ္ေရးကို ျပန္ေတြးလိုက္ရင္ ဆိုးရြားတ့ဲအမွတ္တရေတြ အရင္ ေခါင္းထဲေပၚလာတာပဲ။

၄။ သ၀န္တုိရတ့ဲ ကိစၥက ႏွစ္ဦးသားၾကားထဲမွာ ႀကီးမားတဲ့ ျပသနာတစ္ခု။

၅။သင္စိတ္၀င္စားတဲ့ အရာေတြနဲ႕ပတ္သက္ျပီး သင့္ကို စိတ္ဒုကၡေရာက္ေအာင္ ေျပာဆုိျပဳမူတယ္။

၆။သင့္ေအာင္ျမင္ေအာင္ႀကိဳးစားမယ့္ ပန္းတုိင္အတြက္ သင့္ကို ဘာမွအကူအညီေပးတာ၊ အားေပးတာမရွိဘူး။

၇။ ဒီအခ်စ္ေရးေၾကာင့္ သူငယ္ခ်င္းေတြ ဆံုးရႈံးလိုက္ရျပီ။

၈။သူက်ေတာ့ ဒါလုပ္ျပီး ကုိယ္က်ေတာ့ ဒါမလုပ္ဘူးဆုိတဲ့ စကားနာထိုးတာမ်ိဳးေတြ ေန႕တုိင္းႀကံဳရတယ္။

၉။သူ႕မိသားစု နဲ႕ဆံုတဲ့အခါ ကုိယ့္အတြက္ ဘယ္ေတာ့မွ သက္ေတာင့္သက္သာ မျဖစ္ဘူး။ သူလည္း  ဒီလိုပဲ ခံစားရတယ္လုိ႕ ေျပာတယ္။

၁၀။တစ္ခုခုဆို ကိုယ့္ဘာသာကုိယ္ ဆံုးျဖတ္ခြင့္ မရွိဘူး။ သူ႔ကိုအရင္ဆံုး တင္ျပရတယ္။

၁၁။ဘာမဟုတ္တဲ့ ကိစၥေသးေသးေလးေတြက ျပသနာအႀကီးႀကီးေတြ ျဖစ္သြားတတ္တယ္။

၁၂။ႏွစ္ေယာက္မွာ တစ္ေယာက္က အျမဲတမ္း ဒီအခ်စ္ေရးကို အဆံုးသတ္မယ္ခ်ည္း ေျပာေနတတ္တယ္။

၁၃။သင့္မိသားစု၊ သူငယ္ခ်င္းေတြကပါ သင္တုိ႕ႏွစ္ဦး လမ္းခြဲလိုက္တာ ပိုေကာင္းတယ္လို႕ ေျပာဆုိလာၾကျပီ။

၁၄။သူနဲ႕ ဘယ္အရာမွ အႀကိဳက္မတူလုိ႕ ျငင္းခံုရတာလည္း အျမဲ၊ အေလ်ွာ့ေပးလုိက္ရတာလည္း အျမဲပဲ။

၁၅။ သူမ်ားေတြလို ငါတုိ႕ႏွစ္ေယာက္ အသက္ႀကီးလာရင္ ဆုိတာႀကီး ေတြးရတာနဲ႕တင္ ေပ်ာ္ဖုိ႕ထက္ စိတ္ရႈပ္သြားရတယ္။

Credit  : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့ လူတစ်ယောက်အတွက် ပျော်ရွှင်မှုဆိုတာ ဘယ်လိုမှ ရှာဖွေဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ခုလို ဘယ်လိုမှအဆင်မပြေတော့တဲ့ အချစ်ရေးကို အဆုံးသတ်ပစ်နိုင်တဲ့ သင့်ရဲ့စိတ်ဓာတ်ခိုင်မာမှုကိုတော့ ချီးကျူးစရာလို့ ဆိုရမှာပါ။ စုံတွဲတွေဟာ တစ်ဦးပေါ်တစ်ဦး ထားရှိထားတဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ မရှိတော့သည့်တိုင်အောင် ထားခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့် ရေရှည်ဆက်သွားနေကြ ပါတယ်။ မျက်စိစုံမှိတ် တွဲနေရတဲ့ သူတို့ရဲ့ အချစ်ရေးဟာ အချိန်ကြာလေ စိတ်ပျက်စရာကောင်းလေ ဖြစ်လာပါလိမ့်မယ်။

ဒါကို တစ်ယောက်က နားလည်ပြီး ရှေ့ဆက်ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာနဲ့ အဆုံးသတ်နိုင်မယ် ဆိုရင် နာကျင်မှုဝေဒနာက အချိန်အတိုင်းအတာတစ်ခုလောက်သာ ခံစားရမှာပါ။ မဟုတ်ရင်တာ့ တစ်သက်လုံး ဒီဒုက္ခကြီးကို ထမ်းပိုးပြီး ဘဝခရီးလမ်းကို လျှောက်လှမ်းသွားရပါလိမ့်မယ်။ ဒီတော့ လူတစ်ယောက်ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သင့် ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ ပြောပြပေးနိုင်တဲ့ အရာတွေကတော့

၁။ သင်ဟာ သူ့ကိုယ့်ကို ပစ်ထားခဲ့မလားဆိုပြီး အမြဲစိုးရိမ်ပူပန်နေရတယ်။

၂။သင်နဲ့ သင့်ချစ်သူထက်စာရင် အခြားအတွဲလေးတွေက ပျော်စရာ၊ ကြည်နူးစရာကောင်းလို့ အဲ့ဒီလိုဘဝလေးမျိုးရအောင် အမြဲဆုတောင်းနေရတယ်။

၃။သင့်အချစ်ရေးကို ပြန်တွေးလိုက်ရင် ဆိုးရွားတဲ့အမှတ်တရတွေ အရင် ခေါင်းထဲပေါ်လာတာပဲ။

၄။ သဝန်တိုရတဲ့ ကိစ္စက နှစ်ဦးသားကြားထဲမှာ ကြီးမားတဲ့ ပြသနာတစ်ခု။

၅။သင်စိတ်ဝင်စားတဲ့ အရာတွေနဲ့ပတ်သက်ပြီး သင့်ကို စိတ်ဒုက္ခရောက်အောင် ပြောဆိုပြုမူတယ်။

၆။သင့်အောင်မြင်အောင်ကြိုးစားမယ့် ပန်းတိုင်အတွက် သင့်ကို ဘာမှအကူအညီပေးတာ၊ အားပေးတာမရှိဘူး။

၇။ ဒီအချစ်ရေးကြောင့် သူငယ်ချင်းတွေ ဆုံးရှုံးလိုက်ရပြီ။

၈။သူကျတော့ ဒါလုပ်ပြီး ကိုယ်ကျတော့ ဒါမလုပ်ဘူးဆိုတဲ့ စကားနာထိုးတာမျိုးတွေ နေ့တိုင်းကြုံရတယ်။

၉။သူ့မိသားစု နဲ့ဆုံတဲ့အခါ ကိုယ့်အတွက် ဘယ်တော့မှ သက်တောင့်သက်သာ မဖြစ်ဘူး။ သူလည်း  ဒီလိုပဲ ခံစားရတယ်လို့ ပြောတယ်။

၁၀။တစ်ခုခုဆို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခွင့် မရှိဘူး။ သူ့ကိုအရင်ဆုံး တင်ပြရတယ်။

၁၁။ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေက ပြသနာအကြီးကြီးတွေ ဖြစ်သွားတတ်တယ်။

၁၂။နှစ်ယောက်မှာ တစ်ယောက်က အမြဲတမ်း ဒီအချစ်ရေးကို အဆုံးသတ်မယ်ချည်း ပြောနေတတ်တယ်။

၁၃။သင့်မိသားစု၊ သူငယ်ချင်းတွေကပါ သင်တို့နှစ်ဦး လမ်းခွဲလိုက်တာ ပိုကောင်းတယ်လို့ ပြောဆိုလာကြပြီ။

၁၄။သူနဲ့ ဘယ်အရာမှ အကြိုက်မတူလို့ ငြင်းခုံရတာလည်း အမြဲ၊ အလျှော့ပေးလိုက်ရတာလည်း အမြဲပဲ။

၁၅။ သူများတွေလို ငါတို့နှစ်ယောက် အသက်ကြီးလာရင် ဆိုတာကြီး တွေးရတာနဲ့တင် ပျော်ဖို့ထက် စိတ်ရှုပ်သွားရတယ်။


Credit  : Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top