iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္က လစဥ္ပ်မ္းမွ် ၁ စင္တီမီတာေလာက္ အျမစ္ကေန ရွည္ထြက္လာပါတယ္။  အကယ္၍ သင့္ဆံပင္ဟာ ပံုခံုးေက်ာ္ေက်ာ္ေလာက္ ရွိမယ္ဆိုရင္ သင့္ဆံေကသာေတြဟာ အရွည္အားျဖင့္ ၁၆ လက္မေလာက္ ရွည္ၿပီး ဆံပင္အဖ်ားေတြ ရဲ႕ သက္တမ္းကေတာ့ ၃ ႏွစ္ေလာက္ ရွိေနပါၿပီ။ သင့္ရဲ႕ ဆံေကသာေတြ က်န္းမာသန္စြမ္းၿပီး ပိုမို ရွည္လ်ားလာခ်င္တယ္ ဆိုရင္ေတာ့ ဒီ အၾကံျပဳခ်က္ေလးေတြကို လိုက္နာသင့္ပါတယ္။

ေန႕တိုင္းေခါင္းမေလွ်ာ္ပါနဲ႕။
ဦးေရၿပားေျခာက္ေသြ႕မႈ ျပသနာကို ေရွာင္ရွားခ်င္တယ္ဆိုရင္ေတာ့ ေန႕တိုင္းေခါင္းေလွ်ာ္တာကို ေရွာင္ၾကဥ္ပါ။ ေနာက္ၿပီး သင့္ဦးေရၿပား အဆီျပန္ေနၿပီဆိုရင္ေတာ့ Dry Shampoo ကို အသံုးျပဳပါ။ ေခါင္းေလွ်ာ္တဲ့အခါတိုင္း ဦးေရၿပားကို ႏွိပ္နယ္ေပးပါ။ ဒါဟာ သင့္ဆံပင္ အျမစ္ေတြကတဆင့္ ေသြးလည္ပတ္မႈ အားေကာင္းေစၿပီး ဆံပင္ကို လ်င္ျမန္စြာ ရွည္လ်ားေစပါတယ္။ ေနာက္ ဆပ္ျပာျမွဳပ္နဲ႕ အသာအယာပြတ္ၿပီး ခပ္ဖြဖြကုတ္ေပးပါ။ ဆံပင္ဟာ သူ႕အေလးခ်ိန္ရဲ႕ ၄၅ ရာခိုင္ႏႈန္းနဲ႕ ညီမွ်တဲ့ ေရကို စုပ္ယူႏိုင္ၿပီး ၂ ရာခုိင္ႏႈန္း ပိုရွည္ကာ၂၀ ရာခိုင္ႏႈန္း ပိုက်ယ္ေနတဲ့အတြက္ ေရစိုေနတဲ့အခ်ိန္မွာ ပိုၿပီး ကြ်တ္ဆတ္ပါတယ္။ ဆံပင္အဖ်ားႏွစ္ခြ ျဖစ္ေစၿပီး လိမ္ေကြးေစတဲ့အတြက္ အလြန္ေႏြးေသာ ေရႏွင့္ ေခါင္းေလွ်ာ္ျခင္းကို ေရွာင္ၾကဥ္ပါ။ ဆံသားေတြ ႏူးညံ့ ေပ်ာ့ေျပာင္းေစဖို႕ ရွန္ပူနဲ႕ ေပ်ာ့ေဆးကို အျမဲတမ္း တြဲဖက္အသံုးျပဳပါ။

ညင္သာစြာ သုတ္ေပးပါ။
ေရစုပ္အားေကာင္းၿပီး ႏူးညံ့တဲ့ တဘက္နဲ႕ သုတ္ေပးပါ။ ပံုမွန္ သုတ္ေနက် တဘက္နဲ႕ အေရွ႕အေနာက္ ပြတ္မသုတ္ပါနဲ႕။ ေရစိုေနတဲ့အခါ ဆံပင္က ပိုၿပီး ကြ်တ္ဆတ္တတ္တဲ့အတြက္ နားရြက္နားကေနၿပီး ဆံသားအဆံုးထိ ညင္သာစြာ သုတ္ေပးရပါမယ္။ ေနာက္ၿပီး ခပ္က်ဲက်ဲ ဘီးနဲ႔ ရွင္းေပးပါ။ ဒါမွမဟုတ္ ဆံပင္ျဖီးတဲ့ Brush နဲ႕ ျဖည္းညင္းစြာ ရွင္းေပးပါ။

အပူေပး ကိရိယာေတြကို သတိနဲ႕ အသံုးျပဳပါ။
ဆံပင္အေျခာက္ခံစက္ ၊ ဆံပင္ေျဖာင့္စက္၊ ေကာက္စက္ အသံုးျပဳေတာ့မယ္ ဆိုရင္ အပူဒဏ္ကာကြယ္တဲ့ စပေရး အရင္ဆံုး ျဖန္းသင့္ပါတယ္။ ေနာက္ၿပီး ဆံပင္ ေလာင္ကြ်မ္းျခင္းမွ ကာကြယ္ဖုိ႕ အတြက္ အပူခ်ိန္ အနိမ့္ဆံုးနဲ႕ အသံုးျပဳပါ။ ဆံပင္ပံုသြင္းတဲ့အခါ သဘာ၀ဆီ၊ အေစ့အဆံ၊ နဲ႕ အမိုင္ႏိုအက္ဆစ္ တို႕ လို ဆံပင္ကို ေပ်ာ့ေျပာင္းၿပီး ေျဖာင့္စင္းေစတဲ့ ပါ၀င္ပစၥည္းေတြ ပါတဲ့ ထုတ္ကုန္မ်ား ကို အသံုးျပဳသင့္ပါတယ္။

တစ္ပတ္တစ္ၾကိမ္ ဆံပင္ ေပါင္းေပးပါ။
ေခါင္းေလွ်ာ္ၿပီးစမွာ ဆံပင္ေပါင္းေဆးသုတ္ၿပီး အစိုဓာတ္ထိန္းသိမ္းတဲ့ ပစၥည္းေတြ ဆံသားထဲ စိမ့္၀င္ေစဖို႕အတြက္ ပူေႏြးတဲ့ တဘတ္နဲ႕ ၁၀ မိနစ္ေလာက္ ပတ္ထားပါ။ ဆံပင္ေပၚမွာ လိမ္းထားတဲ့ ေပါင္းေဆးေတြ အားလံုးကို ေရနဲ႕ ေျပာင္ေအာင္ ေဆးခ်ပါ။

ဆံပင္ အဖ်ားေလးေတြ တိေပးပါ။
အဖ်ားႏွစ္ခြ စ ျဖစ္ၿပီဆိုတာနဲ႕ တေရြ႕ေရြ႕ နဲ႕ ဆံပင္အလယ္ပိုင္းအထိကို တက္လာပါေတာ့မယ္။ ေျခာက္ေသြ႕ၿပီး ကြ်တ္ဆတ္ေနတဲ့ ဆံပင္အဖ်ားမ်ားကို မၾကာမၾကာ တိေပးျခင္းအားျဖင့္ လအနည္းငယ္အတြင္ူ က်န္းမာသန္စြမ္းတဲ့ ဆံေကသာေတြ ျပန္လည္ ရရွိလာမွာ ျဖစ္ပါတယ္။


Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆံပင်က လစဉ်ပျမ်းမျှ ၁ စင်တီမီတာလောက် အမြစ်ကနေ ရှည်ထွက်လာပါတယ်။  အကယ်၍ သင့်ဆံပင်ဟာ ပုံခုံးကျော်ကျော်လောက် ရှိမယ်ဆိုရင် သင့်ဆံကေသာတွေဟာ အရှည်အားဖြင့် ၁၆ လက်မလောက် ရှည်ပြီး ဆံပင်အဖျားတွေ ရဲ့ သက်တမ်းကတော့ ၃ နှစ်လောက် ရှိနေပါပြီ။ သင့်ရဲ့ ဆံကေသာတွေ ကျန်းမာသန်စွမ်းပြီး ပိုမို ရှည်လျားလာချင်တယ် ဆိုရင်တော့ ဒီ အကြံပြုချက်လေးတွေကို လိုက်နာသင့်ပါတယ်။

နေ့တိုင်းခေါင်းမလျှော်ပါနဲ့။
ဦးရေပြားခြောက်သွေ့မှု ပြသနာကို ရှောင်ရှားချင်တယ်ဆိုရင်တော့ နေ့တိုင်းခေါင်းလျှော်တာကို ရှောင်ကြဉ်ပါ။ နောက်ပြီး သင့်ဦးရေပြား အဆီပြန်နေပြီဆိုရင်တော့ Dry Shampoo ကို အသုံးပြုပါ။ ခေါင်းလျှော်တဲ့အခါတိုင်း ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဒါဟာ သင့်ဆံပင် အမြစ်တွေကတဆင့် သွေးလည်ပတ်မှု အားကောင်းစေပြီး ဆံပင်ကို လျင်မြန်စွာ ရှည်လျားစေပါတယ်။ နောက် ဆပ်ပြာမြှုပ်နဲ့ အသာအယာပွတ်ပြီး ခပ်ဖွဖွကုတ်ပေးပါ။ ဆံပင်ဟာ သူ့အလေးချိန်ရဲ့ ၄၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ရေကို စုပ်ယူနိုင်ပြီး ၂ ရာခိုင်နှုန်း ပိုရှည်ကာ၂၀ ရာခိုင်နှုန်း ပိုကျယ်နေတဲ့အတွက် ရေစိုနေတဲ့အချိန်မှာ ပိုပြီး ကျွတ်ဆတ်ပါတယ်။ ဆံပင်အဖျားနှစ်ခွ ဖြစ်စေပြီး လိမ်ကွေးစေတဲ့အတွက် အလွန်နွေးသော ရေနှင့် ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်ပါ။ ဆံသားတွေ နူးညံ့ ပျော့ပြောင်းစေဖို့ ရှန်ပူနဲ့ ပျော့ဆေးကို အမြဲတမ်း တွဲဖက်အသုံးပြုပါ။

ညင်သာစွာ သုတ်ပေးပါ။
ရေစုပ်အားကောင်းပြီး နူးညံ့တဲ့ တဘက်နဲ့ သုတ်ပေးပါ။ ပုံမှန် သုတ်နေကျ တဘက်နဲ့ အရှေ့အနောက် ပွတ်မသုတ်ပါနဲ့။ ရေစိုနေတဲ့အခါ ဆံပင်က ပိုပြီး ကျွတ်ဆတ်တတ်တဲ့အတွက် နားရွက်နားကနေပြီး ဆံသားအဆုံးထိ ညင်သာစွာ သုတ်ပေးရပါမယ်။ နောက်ပြီး ခပ်ကျဲကျဲ ဘီးနဲ့ ရှင်းပေးပါ။ ဒါမှမဟုတ် ဆံပင်ဖြီးတဲ့ Brush နဲ့ ဖြည်းညင်းစွာ ရှင်းပေးပါ။

အပူပေး ကိရိယာတွေကို သတိနဲ့ အသုံးပြုပါ။
ဆံပင်အခြောက်ခံစက် ၊ ဆံပင်ဖြောင့်စက်၊ ကောက်စက် အသုံးပြုတော့မယ် ဆိုရင် အပူဒဏ်ကာကွယ်တဲ့ စပရေး အရင်ဆုံး ဖြန်းသင့်ပါတယ်။ နောက်ပြီး ဆံပင် လောင်ကျွမ်းခြင်းမှ ကာကွယ်ဖို့ အတွက် အပူချိန် အနိမ့်ဆုံးနဲ့ အသုံးပြုပါ။ ဆံပင်ပုံသွင်းတဲ့အခါ သဘာဝဆီ၊ အစေ့အဆံ၊ နဲ့ အမိုင်နိုအက်ဆစ် တို့ လို ဆံပင်ကို ပျော့ပြောင်းပြီး ဖြောင့်စင်းစေတဲ့ ပါဝင်ပစ္စည်းတွေ ပါတဲ့ ထုတ်ကုန်များ ကို အသုံးပြုသင့်ပါတယ်။

တစ်ပတ်တစ်ကြိမ် ဆံပင် ပေါင်းပေးပါ။
ခေါင်းလျှော်ပြီးစမှာ ဆံပင်ပေါင်းဆေးသုတ်ပြီး အစိုဓာတ်ထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဆံသားထဲ စိမ့်ဝင်စေဖို့အတွက် ပူနွေးတဲ့ တဘတ်နဲ့ ၁၀ မိနစ်လောက် ပတ်ထားပါ။ ဆံပင်ပေါ်မှာ လိမ်းထားတဲ့ ပေါင်းဆေးတွေ အားလုံးကို ရေနဲ့ ပြောင်အောင် ဆေးချပါ။

ဆံပင် အဖျားလေးတွေ တိပေးပါ။
အဖျားနှစ်ခွ စ ဖြစ်ပြီဆိုတာနဲ့ တရွေ့ရွေ့ နဲ့ ဆံပင်အလယ်ပိုင်းအထိကို တက်လာပါတော့မယ်။ ခြောက်သွေ့ပြီး ကျွတ်ဆတ်နေတဲ့ ဆံပင်အဖျားများကို မကြာမကြာ တိပေးခြင်းအားဖြင့် လအနည်းငယ်အတွင်ူ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာတွေ ပြန်လည် ရရှိလာမှာ ဖြစ်ပါတယ်။



Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top